အပိုင်း ၁၇ : အခက်ကြုံခြင်း

316 80 10
                                    

[Unicode ]

ငါ့ကို ဒီလိုဟာထဲ ထည့်လိုက်တော့ မင်းရင်ခွင်ထဲ ငါ့ကို‌ပွေ့သွားဖို့ စီစဉ်ထားတာလား ၊ မဟုတ်ရင် ငါ့ကို ကျောပိုးသွားမှာလား ?

ဝမ်းရှီ နောက်သို့လှည့်ကြည့်လိုက်သောအခါ လက်တစ်ဖက်က ထီးကိုကိုင်လျက် ကျန်လက်တစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားသော ရှဲ့ဝမ်းကို မြင်လိုက်ရသည် ။

စွေစောင်းစောင်းရွာနေသော မိုးရေစက်များကို ကာကွယ်ရန် ထီးအစွန်းများအား အင်မတန် နိမ့်နေအောင်ကိုင်ထားပြီး သူ၏သေသပ်ကြည့်ကောင်းသော မေးရိုးကိုသာ ဖော်ပြထားလျက် ။

"ခုနက မင်း ငါ့ပခုံးကိုပုတ်လိုက်တာလား ? " ဝမ်းရှီ မေးလိုက်သည် ။

"ငါလား ? " ရှဲ့ဝမ်းမှာ လမ်းလျှောက်မရပ်သွားသည့်တိုင် ခေတ္တ ကြောင်အမ်းသွားခဲ့သည် ။ "ဟင့်အင်း...မင်းကို တစ်ယောက်ယောက် ပုတ်လိုက်လို့လား ? "

"လူလား ဘာလားဆိုတာတော့ ဘယ်သိပါ့မလဲ " ဝမ်းရှီ ထေ့ငေါ့၍ ပြောလိုက်၏ ။

ထိုစကားလုံးများက ရှချောင်ကို ထိတ်လန့်သွားစေခဲ့သည် ။ သူသည် ဝမ်းရှီ၏ လက်မောင်းအား ကုပ်ကပ်ဖက်တွယ်လာပြီး ခြင်တစ်ကောင်ကဲ့သို့ အော်မြည်သံဖြင့် ။ "ဘာကိုဆိုလိုတာလဲ ? ကျွန်တော်တို့ နောက်ကနေ တစ်ခုခုလိုက်လာတာလား ? "

ဝမ်းရှီ : "မဟုတ်ဘူး "

သူသည် ရှည်လျားသော လမ်းသွယ်နှင့် ဝမ့်ချွမ်လမ်း၏ဆုံချက် လမ်းဆုံသို့ ရောက်လာခဲ့သည် ။ ဤနေရာ၌ လမ်းမီးတိုင်တစ်တိုင်တည်းသာ ထီးထီးရှိနေပြီး မီးသီးတွင် ဖုန်များတက်နေကာ ထုတ်လွှတ်ပေးလာသော မီးအလင်းရောင်ကပင် မှေးမှိန်ဖျော့တော့နေ၏ ။

ရှချောင်က တုန်ရီနေသေးဆဲ ။ သူသည် ဝမ်းရှီ၏ လက်မောင်းကို ချိတ်တွယ်လာပြီး ဆုပ်ကိုင်ထားသောအားမှာ တစ်စတစ်စပိုမိုတင်းကျပ်လာသည် ။ "မဟုတ်ဘူးလား ? ဘာလို့ မဟုတ်ဘူးလို့‌ ပြောရတာလဲ ? "

ရှဲ့ဝမ်းသည်လည်း သိလိုစိတ်ပြင်းပြစွာ လှမ်းကြည့်လာသည် ။

"ဘာလို့လဲဆို ငါတို့ကို လိုက်နေတာမဟုတ်လို့-" ဝမ်းရှီသည် အကြည့်များကို အောက်ချကာ မြေကြီးအား လှမ်းကြည့်လိုက်၏ ။ သူတို့သုံးယောက်သည် ဘေးချင်းယှဉ်လျက် လမ်းလျှောက်နေသော်ငြား သူတစ်ယောက်တည်းတွင်သာ အရိပ်ရှိနေသည် ။ "ငါ့နောက်ကို လိုက်နေတာ "

မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်း』〘မြန်မာဘာသာပြန်〙Donde viven las historias. Descúbrelo ahora