အပိုင်း ၂၆ : ရွှေ့ပြောင်းခြင်း

303 62 6
                                    

[Unicode]

အလှမ်းဝေးသော အတိတ်မှ ဖြစ်ရပ်တချို့ကို မြင်မက်ခဲ့ပြီး လူတစ်ယောက်ကို အိပ်မက်မက်ခြင်း

ဝမ်းရှီသည် အပြစ်ဖို့လိုက်ပြီးနောက် အလျင်အမြန် ဖုန်းချလိုက်တော့သည် ။

မြန်ဆန်လွန်းသည်ဖြစ်ရာ ရှချောင်သည်ပင် တုံ့ပြန်ရန် အချိန်မရလိုက်ပေ ။

အကယ်၍ ဝမ်းရှီသာ အရင်လို တုံဏှိဘာဝေ အေးစက်စက်မျက်နှာပေးအတိုင်း ရှိနေပြီး အခြားသူများကို သို့နှယ်မပြုမူတတ်သည့်အချက်ကြောင့်သာ မဟုတ်ပါက သူ့ကောက တကယ်တမ်း အတော်လေး ဆိုးသွမ်းသည်ဟု ရှချောင် သံသယဝင်မိတော့မည်ပင် ။

ရှချောင်သည် အိတ်ကပ်ထဲသို့ ဖုန်းကိုအသာလေး ပြန်ထိုးထည့်လိုက်ပြီး ချီးကျူးထောပနာပြုလာ၏ ။ "ကော အခု သူများကို ဘယ်လိုဖုန်းချပစ်ရမှန်း သိသွားပြီပေါ့ "

သူ၏ ကတုန်ကယင်ဖြစ်သွားသော လက်ကြောင့် အသက်ဝင်လာသောကြောင်ကို ကိုင်လျက် ဝမ်းရှီက ထေ့ငေါ့သည့်လေသံဖြင့် "ငါက အရူးလား ? "

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး...အဲ့လိုပြောတာ မဟုတ်ဘူးလေ " ရှချောင်က သူ့လက်များကို အလျင်စလို ဝေ့ယမ်းပြလာသည် ။ "ကော အရင်က ဖုန်းတစ်ခါမှ မသုံးဖူးတာတောင် ဒါမျိုးလုပ်တတ်သွားတာ ကော တော်တော်ဉာဏ်ကောင်းတာပဲလို့ ပြောချင်ရုံလေးပါဆို "

ဝမ်းရှီ သူ့ကိုအမူအရာကင်းမဲ့စွာ စိုက်ကြည့်လိုက်၏ ။

ရှချောင် : "....."

ရှချောင် : "ကျွန်တော် မှားသွားပါတယ် "

သူသည် သူ့အမှားကို အလွန်သတိကြီးစွာဖြင့် ဝန်ခံလိုက်ပြီးနောက် အလိုက်တသိမေးလာသည် ။ "အာ..ဒါနဲ့ ကော...နောက်မှ ကောအတွက် ဖုန်းဝယ်ကြရင်ရော ? "

ဝမ်းရှီသည် အထူးတလည် စိတ်ဝင်စားခြင်းမရှိပေ ။ "ငါက ဘယ်သူ့ကို ဆက်သွယ်ဖို့ သုံးရမှာတုန်း ? "

ရှချောင်သည် ပါးစပ်ဟလိုက်သော်လည်း တောင့်ခဲသွားသည် ။

ဤကမ္ဘာလောက၌ ဝမ်းရှီ ဆက်သွယ်နိုင်မည့်သူ အမှန်ပင် တစ်ဦးတစ်‌လေမျှမရှိကြောင်း သူရုတ်တရက် နားလည်သွားလေ၏ ။ သူတစ်ချိန်က ရင်းနှီးသိကျွမ်းခဲ့သောသူအားလုံးမှာ ကွယ်လွန်ဆုံးပါးသွားပြီဖြစ်ပြီး ရှချောင်ကသာ တစ်ဦးတည်းကျန်ရစ်သည့်မျိုးဆက်ပင် ။ သူသည် ဝမ်းရှီကို "ကော"ဟု ခေါ်နေသော်လည်း သူတို့နှစ်ယောက် အချင်းချင်း သိကြသည်မှာ သိပ်မကြာသေးချေ ။

မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်း』〘မြန်မာဘာသာပြန်〙Where stories live. Discover now