အပိုင်း ၂၃ : အိမ်ပြန်ခြင်း

306 66 5
                                    

[Unicode]

အဲ့နေ့က မိုးအရမ်းသည်းနေတာ ။ မင်းရဲ့ထီးအတွက် ကျေးဇူးတင်ပါတယ်

ဆိုင်ထဲရှိ ဘေးလူနှစ်ယောက်မှာ ကြောက်လန့်လွန်းသဖြင့် မူးမေ့လဲသွားခဲ့ပြီး ကျန်လူများသည်တော့ သူတို့ဘာပဲလုပ်လုပ် မလွတ်မြောက်နိုင်တော့ကြောင်း သိသွားသောကြောင့် အော်ဟစ်ငိုယိုနေသည်ကို ရပ်တန့်လိုက်ကြတော့သည် ။

သူတို့သည် အခန်းထောင့်တွင် ပူးကပ်နေကြပြီး မလှုပ်ရှားရဲပါချေ ။ သို့သော် အမျိုးသမီး၏စကားများကို ကြားပြီးနောက် သူတို့၏ ကြောက်လန့်တကြား ထိန်းမနိုင်သိမ်းမရ မျက်နှာအမူအရာများက အနည်းငယ်ပြေလျော့သွားကာ ဗလာကျင်းနေသည့် မျက်နှာထားများ ဖြစ်ကုန်ကြသည် ။

ကျန်းပိလင်၏ အင်းစာရွက် ၄ရွက်မှာ သံပန်းတံခါးတွင် စွဲစွဲမြဲမြဲ ကပ်နေကြကာ "မြို့ဂိတ်တံခါးကို ခပ်ကျယ်ကျယ် ဖွင့်ထားသည်"ဟု အဓိပွာယ်ရသည့်တိုင် လူတိုင်း အတုန်တုန်အယင်ယင်နှင့် အချိန်အတော်ကြာ စောင့်ဆိုင်းသော်ငြား ဘာမျှမဖြစ်လာခဲ့ပေ ။

ရှချောင်က ခပ်တိုးတိုး မေးလာ၏ ။ "မြို့ဂိတ်တံခါးကို အကျယ်ကြီးဖွင့်တယ်"ဆိုတာ ဘယ်လိုဖွင့်တာမျိုးကိုပြောတာလဲ ? "

ကျိုးရွှိသည် တစ်လျှောက်လုံး အမျိုးသမီးကို ကြမ်းကြုတ်စွာ စိုက်ကြည့်နေခဲ့ပြီး တစ်ခဏမျှ အင်းစာရွက်ကို တစ်ချက်လှမ်းကြည့်လိုက်သည် ။ "သိမလား ၊ ကျွန်တော်ကဖြင့် တစ်ခါမှမှ မကျင့်ဖူးတာကို ! ဘာပဲဖြစ်ဖြစ် စာအုပ်ထဲက ဒီအင်းစာရွက်ရဲ့ ဖော်ပြချက်ကတော့ နည်းနည်း ကြောက်စရာကောင်းတယ် "

ရှချောင်သည် သူ၏သတ္တိကို အနည်းငယ် ချင့်ချိန်စဉ်းစားလိုက်ပြီးနောက် ထပ်မေးလိုက်သည် ။ "ဘယ်လိုရေးထားလို့လဲ ? "

ကျိုးရွှိ : "မြို့ကိုအစုလိုက်အပြုံလိုက်သတ်မဲ့ တစ္ဆေထောင်ချီ"

ရှချောင် : "....အဲ့တာက နည်းနည်းပဲကြောက်စရာကောင်းတာလား ??? "

ကျိုးရွှိ : "မင်းက စာမတတ်ပေမတတ်လား ? အဲ့လိုချဲ့ကားပြီးရေးတဲ့ အတိသယဝုတ္တိအလင်္ကာဆိုတဲ့ စာရေးပုံရှိတာ မသိဘူးလား ? "

မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်း』〘မြန်မာဘာသာပြန်〙Where stories live. Discover now