အပိုင်း ၁၀ : ခန္ဓာကိုယ်‌ပြောင်းလဲခြင်း

366 83 7
                                    

[Unicode]

တစ်စုံတစ်ယောက်က သူ့ထံလက်ကမ်းလာကာ သူ့မျက်လုံးများအား ညင်သာစွာ အုပ်ကာလိုက်သည်

ဝမ်းရှီသည် သဲသဲကွဲကွဲ ဖတ်လို့ရသေးသည့် စာလုံးများကို ရွေးချယ်ဖတ်ရှုလိုက်ပြီး အပြတ်ပြတ်ဖြစ်နေသော စာလုံးများကို အတူတကွ စုစည်းလိုက်သောအခါ  ဤပြုတ်နေသောစာရွက်ထဲမှ အကြောင်းအရာကို သူတို့အကြမ်းဖျင်း နားလည်သွားခဲ့သည် ။

"အဲ့-အဲ့တော့ ဟိုကလေးက ရုပ်သေးရုပ်လား ? " ရှချောင်က မေးသည် ။

"အင်း " ဝမ်းရှီသည် ဦးခေါင်းပင် မော့မကြည့်လာတော့ဘဲ နောက်ထပ် လျော့ရဲရဲ စာမျက်နှာအနည်းငယ်ကို ဆက်လက်လှန်လှောကြည့်လိုက်သည် ။

"သူက အရမ်းကြောက်စရာကောင်းနေတာ မဆန်းတော့ဘူး " ရှချောင်က သူ၏လက်တိုတိုလေးများကို ပိုက်လိုက်ပြီး မရှိသည့် ကြက်သီးမွေးညှင်းများအား ပွတ်သပ်လိုက်၏ ။ သူထိုအကြောင်းတွေးလေလေ ပိုမိုကြောက်ရွံ့ထိတ်လန့်လာလေလေပင် ။ "လူအိုကြီးတစ်ယောက်က အဲ့လိုကြောက်ဖို့ကောင်းတဲ့ကလေးကို ဘယ်လိုများ သည်းခံပြီးမွေးနိုင်ရတာလဲ ? "

"မသိဘူး " ဝမ်းရှီကဆို၏ ။

ခဏမျှကြာပြီးနောက် ပုံမှန်လူသားတစ်ယောက်သာဆို ဤမျှတည်ငြိမ်အေးစက်နေမည်မဟုတ်ကြောင်း သူသတိထားမိသွားသည် ။ အခြေအနေကို ဆန်းစစ်သုံးသပ်လိုက်ပြီးနောက် သူဖြည့်စွက်ပြောလိုက်သည် ။ "အချိန်အကြာကြီး စောင့်ရှောက်ပေးလာရင်းက‌နေ အဘိုးကြီးလဲ သံယောဇဉ်တွယ်သွားတာနေမယ် "

"အဲ့ဟာကြီးကိုတောင် သံယောဇဉ်တွယ်တယ် ? " ရှချောင်သည် ‌ခဏတာတွေးတောသွားရပြီး ။ "အဲ့အဘိုးက လူကောင်းပဲနော် "

"လှောင်အိမ်ထဲကအရာတွေက ပိုပိုသာသာချဲ့ကားထားတာ ။ လက်တွေ့မှာ အဲ့မိစ္ဆာလေးက ဘယ်လိုပုံစံရှိမှန်း ဘယ်သူသိမှာလဲ " ဝမ်းရှီ ပြောလာ၏ ။

ရှချောင်သည် တစ်နည်းနည်းဖြင့်တော့ နားလည်သွားပုံရသည် ။ "အဲ့လိုလား "

ဝမ်းရှီသည် စာမျက်နှာများကို လှန်နေရင်း တစ်စုံတစ်ယောက်က သူ့ကို ကြည့်နေသည်ကို ရုတ်တရက် ခံစားလိုက်ရသည် ။

မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်း』〘မြန်မာဘာသာပြန်〙Where stories live. Discover now