အပိုင်း ၆ : အရုပ်

434 95 16
                                    

[Unicode]

Arc 2 : သစ်သားကောင်လေး 》
သူ့အရုပ်ကစကတ်ဝတ်ထားလား

ဝမ်းရှီ အနောက်သို့ လှည့်ကြည့်လိုက်သောအခါ ကားထဲ၌ ဗလာကျင်းနေပြီး ခြောက်ခြားဖွယ် တိတ်ဆိတ်နေသည်ကို မြင်လိုက်ရလေ၏ ။

သူတို့နှစ်ယောက်တည်းသာ အရိုးပြာအိုးမြုပ်ရန် ရောက်လာခဲ့ပြီး ကျန်သည့်သူများအားလုံးက ပုံရိပ်ယောင်များအလား ထင်မှတ်ရစေသည် ။

ဘေးပတ်ပတ်လည်တွင် အိုဟောင်းသော ဖုန်အနံ့အသက်များရှိနေလျက် သားရေထိုင်ခုံများမှာ နှစ်ပေါင်းများစွာ ကြာမြင့်နေသည့်နှယ် အစက်အပျောက်များ စွန်းထင်လျက် တကျွိကျွိမြည်နေခဲ့သည် ။ ဝမ်းရှီသည် ထိုင်ခုံလက်ရန်းအား အားပြုကာ ထရပ်လိုက်သော်လည်း သူ့လက်ပေါ်၌ သံချေးများပါ ကပ်ပါလာ၏ ။

"ကျွန်တော် ခုနက တောင့်မထားနိုင်တော့လို့ တရေးအိပ်လိုက်တာ ။ ပြီးတော့ မျက်လုံးပြန်ဖွင့်‌လိုက်တော့ ဒီလိုဖြစ်နေတာပဲ " ရှချောင်မှာ ပိုလို့ပင် ငို‌ကြွေးလာတော့သည် ။ "ဝမ်းကော...ကျွန်တော်ကြောက်လာပြီ "

ဝမ်းရှီသည် ရှချောင်၏ "*မိုးရေစက်များလွှမ်းသော သစ်တော်ပွင့်"မျက်နှာအား လှမ်းကြည့်လိုက်ပြီးနောက် စကားတစ်ခွန်းမျှမဆိုဘဲ ထိုင်ခုံနောက်မှီကို ကိုင်ကာ ဘတ်စ်ကားအရှေ့တံခါးရှိရာ လျှောက်သွားလိုက်၏ ။

『*မျက်ရည်ဗလပွနဲ့ အလှပဂေးလေးဆိုတဲ့ အဓိပ္ပာယ်မျိုးပါ』

"မသွားနဲ့လေ ! ဝမ်းကော...မသွားပါနဲ့ ..ကျွန်တော့်ကို စောင့်အုံး ၊ စောင့်ပါအုံးလို့ ! " ရှချောင်သည် သူတစ်ယောက်တည်း ကျန်ရစ်ခဲ့မည်ကို အလွန်အမင်း ကြောက်ရွံ့နေပုံပေါ်ကာ ဝမ်းရှီနောက်မှ အလျင်စလိုပြေးလိုက်လာသည် ။

သို့်သော် ဝမ်းရှီသည်ကား သူ့ကိုစောင့်ဖို့ စိတ်ကူးမရှိဘဲ လှေကားမှတစ်ဆင့် ဘတ်စ်ကားပေါ်မှ ဆင်းလာခဲ့သည် ။

ကားအပြင်ဘက်၌ မိုးဖွဲဖွဲ ရွာနေသေးဆဲ ။ ဝမ်းရှီသည် သူ့ခေါင်းစွပ်အင်္ကျီမှ ခေါင်းစွပ်ကို စွပ်လိုက်ပြီး ရှေ့သို့လမ်းဆက်လျှောက်မည်အပြု ရှချောင်က သူ့ပခုံးကို အလောတကြီး လှမ်းဆွဲလာကာ အထိတ်ထိတ်အလန့်လန်ဖြင့် "ဝမ်းကော..ဘယ်သွားမလို့လဲ ? ကျွန်-ကျွန်တော် လျှောက်မသွားရဲဘူး "

မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်း』〘မြန်မာဘာသာပြန်〙Where stories live. Discover now