အပိုင်း ၂၇ : အတိတ်နေ့စွဲများ

327 56 8
                                    

[Unicode]

ခုတင်ပေါ်ရှိကလေးငယ်က အချိန်အတော်ကြာ အကြည့်ချင်းဆိုင်ပြီးနောက် ရိုသေစွာ ပြောလာသည်က : "ချန်ပူသောက် !"

‌စုန့်ယွင်ဟု ခေါ်သော တောင်တစ်တောင်ပင် ။

တောင်တစ်ခုလုံးကို ဖုံးအုပ်ထားသော အစိမ်းရောင်ထင်းရှူးပင်များ ၊ ‌ကောင်းကင်ယံမှ အုပ်မိုးကြည့်လိုက်ပါက အဆုံးမရှိ ကျယ်ပြန့်နေသော မြစိမ်းရောင်သစ်ပင်များကြောင့် ထိုအမည်တွင်လာခြင်းဖြစ်သည် ။ တောင်တန်းများအကြား လေအဝေ့က ဖြတ်သန်းတိုက်ခတ်သွားတိုင်း သစ်ပင်များ၏ ယိမ်းနွဲ့လှုပ်ရှားနေပုံက အထက်အောက်စုန်ဆန်နေသော တိမ်စိုင်တိမ်လိပ်များအလား ။
『စုန့်-ထင်းရှူးပင် ၊ ယွင်- တိမ် 』

ထိုတောင်ကို ယခင်က မည်သို့ခေါ်တွင်ခဲ့မှန်း ဘယ်သူမှမသိကြသလို နောက်ပိုင်းမည်သို့ ပြောင်းလဲခေါ်ကြသည်ကိုလည်း မသိရပေ ။ အကြောင်းမှာ ထိုနေ့ရက်များက အလွန်တရာ ကြာညောင်းကုန်လွန်သွားပြီ ဖြစ်သောကြောင့်ပင် ။ "စုန့်ယွင်"ဟူသော နာမည်ကိုပင် ချန်ပူသောက်က ထင်းရှူးဝိုင်အိုးတစ်အိုးချက်ရင်း တောင်ပေါ်မှ တစ်ချက်လှမ်းကြည့်ကာ သာမန်ကာလျှံကာ အမည်မှဲ့ခဲ့ခြင်းဖြစ်သည် ။

ဝမ်းရှီသည် ထိုအခြင်းအရာတို့ကို မမှတ်မိတော့သော်လည်း သူ့အိပ်မက်ထဲ၌ အနှီတောင်တန်းရှုမျှော်ခင်းကို မြင်လိုက်ရသောအခါ ထင်းရှူးဝိုင်၏မွှေးရနံ့နှင့်အတူ နှင်းရည်စက်များနှင့်လက်ဖက်ရွက်တို့‌ ရောယှက်‌နေသော သင်းရနံ့ကို ရ‌လိုက်သယောင် ။

စုန့်ယွင်တောင်၏ တောင်စောင်းတစ်ဖက်၌ သဘာဝအလျောက်ဖြစ်တည်နေ‌သော ချိုင့်ဝှမ်းတစ်ခုရှိပြီး မြေနေရာက ပြန့်ပြူးကာ ယန်စွမ်းအင်များဖြင့်ပြည့်နေသော နေရာတွင် ဖုံးကွယ်လျက်ရှိသည် ။ ထိုနေရာ၌ သန့်ရှင်းကြည်စင်ကာ ကျော့မော့သည့်အဆောင်တစ်ဆောင်ရှိပြီး အရွယ်မရောက်သေးသည့် ကလေးများစွာ နေထိုင်ကြသည် ။

အိပ်မက်ထဲ၌ ဆောင်းရာသီအလယ်ပိုင်း ဖြစ်လောက်ပြီး အင်မတန် အေးစက်နေ၏ ။

အခန်းထောင့်ရှိ မီးလင်းဖို၌ တစ်စုံတစ်ခုကို ပြုတ်ထားသည် ။ အသံကြားလိုက်ရသဖြင့် ဝမ်းရှီ မသိစိတ်အလျောက် လှမ်းကြည့်ချင်သည့်တိုင် အိပ်မက်ထဲ၌ သူ့ဦးခေါင်းကို မလှည့်နိုင်ခဲ့ချေ ။ ထိုအစား သူ့အကြည့်များက အောက်ငိုက်စိုက်ကျနေကာ ကြမ်းပြင်ပေါ်ရှိ ကျောက်စရစ်ခဲနှစ်လုံးနှင့်အတူ ညှိုးရော်နေသည့် သစ်ကိုင်းခြောက်နှင့် ငှက်အသေတစ်ကောင်ကို ခေါင်းမာစွာ စိုက်ကြည့်နေခဲ့သည် ။

မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်း』〘မြန်မာဘာသာပြန်〙Where stories live. Discover now