အပိုင်း ၂၄ : ကျန်းလန်

259 68 7
                                    

[Unicode]

သေဆုံးပြီးသား မျိုးဆက်တစ်ခုက အပေါ်သို့ ခုန်တက်သွားသည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရခြင်း

ဝမ်းရှီ ပြောလိုက်သော "အဲ့နေ့"မှာ လှောင်အိမ်ထဲရှိလူများ၏ အချိန်အယူအဆအရ ပြောလိုက်ခြင်းသာဖြစ်ပြီး တကယ့်လက်တွေ့၌ ထိုမျှအချိန်အကြာကြီး မကုန်လွန်သွားသေးပါချေ ။

သူတို့ လှောင်အိမ်ထဲမှ ပြန်ထွက်လာချိန် မိုးစဲသွားကာစဖြစ်ပြီး သူတို့၏ထီးအနားစပ်များမှ မိုးရေစက်များက တတောက်တောက်ကျနေ၏ ။ သူတို့သည် ရှီဖျင်းပြခန်းအပြင်ဘက်ရှိ လမ်းပေါ်တွင် ရှိနေသေးဆဲ ။ လမ်းတစ်ဖက်တစ်ချက်စီရှိ ဆိုင်ခန်းများအားလုံး ပိတ်ထားလျက်ရှိရာ သည်ပတ်ဝန်းကျင်တစ်ဝိုက်မှာ အင်မတန် လူသူမဲ့ခြောက်ကပ်နေသင့်သည်ပေ ။

သို့တိုင် ဝမ်းရှီ သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်သည့် တစ်ခဏ--

သူ့ကိုပတ်လည်ဝန်းရံထားသော လူတစ်အုပ်ရှိနေ၏ ။

အကုန်လုံးက ခပ်ထူထူ အနက်ရောင်ဆံပင်ရှည်များနှင့် ဖြူစုပ်ပြာနှမ်းနေသော မျက်နှာရှိပြီး နဖူးထက်တွင် အဝါရောင်အင်းစာရွက်များ ကပ်ထားသည့် အမျိုးသမီးများပင် ။

သူတို့၏မျက်လုံးများမှာ ပကတိဖြူဖွေးလုနီးနီးဖြစ်ပြီး မျက်စိအလယ်တွင် နည်းနည်းလေးမှ မရွေ့လျားသည့် အနက်ရောင် အစက်တစ်စက်ရှိနေသည် ။ နှုတ်ခမ်းများမှာ နီစွေးတောက်ပနေလျက် အပေါ်သို့ ကွေးညွှတ်တက်နေပြီး သူတို့၏ဆံပင်ထက်ပင်ပို၍ ရှည်လျားသော လျှာများက ပါးစပ်ထဲမှ တန်းလန်းထွက်ကျနေ၏ ။

ရှချောင်မှာ ကျိုးရွှိနှင့် အချင်းများနေရာမှ နောက်တစ်စက္ကန့်အတွင်း အနှီအရာများနှင့် မျက်နှာချင်းဆိုင်သွားတော့သည် ။ သူသည် "ဖာခ့်"ဟု အော်ရင်း နေရာတွင်ပင် ပျော့ခွေယိုင်လဲကျသွား၏ ။

ထိုအမျိုးသမီးများက မလှုပ်ရှားပေ ။ ရှချောင်သည်လည်း မလှုပ်ရှားရဲ ။

မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်း』〘မြန်မာဘာသာပြန်〙Wo Geschichten leben. Entdecke jetzt