အပိုင်း ၇ : ကြည့်မှန်

398 92 7
                                    

[Unicode]

ရှဲ့ဝမ်းက ပြုံးစစဖြင့် "အရမ်းအနားတိုးမလာနဲ့အုံး ။ မင်းရဲ့မျက်လုံးရွဲကြီးတွေက ကြောက်ဖို့ကောင်းတယ် "

"အရုပ်"တစ်ရုပ် လက်ရှိတွေ့ကြုံခံစားနေရသော စိတ်ဝိညာဉ်၏ ထိတ်လန့်တုန်လှုပ်မှုကြီးကို အခြားသူများကတော့ သေချာပေါက် သတိမထားမိကြချေ--။

အဘိုးအိုမှာ သူ၏ထူးဆန်းသည့် မြေးငယ်လေးအား ချော့မြူနေဆဲ ။

သူသည် စင်ရှိရာထံ ခပ်ဖြည်းဖြည်း လျှောက်လှမ်းလာကာ သူ၏မျက်နှာအစိတ်အပိုင်းများမရှိသောမျက်နှာက အရှေ့သို့ ချဉ်းကပ်လာ၏ ။ ဤသို့သော အရာမျိုးကို အနီးကပ် မြင်လိုက်ရသည့် မည်သူမဆို ကျောချမ်းသွားလောက်သည့်တိုင် ဝမ်းရှီကတော့ အသားကျနေလေပြီ ။

လှောင်အိမ်ပိုင်ရှင်အများစုမှာ အကုန်လုံးလိုလို လူမဟုတ် သရဲမဟုတ်သည့် သွင်ပြင်မျက်နှာမျိုး ရှိကြပြီး လူသားတို့၏ မှတ်ဉာဏ်များတွင် မှတ်မိနေကြသည့်အတိုင်း သူတို့ကိုယ်တိုင်က ပုံပန်းသွင်ပြင်မရှိကြပေ ။ ထို့အပြင် ဤသည်က အဘိုးအိုကြီး၏ နှလုံးသားထဲတွင် ရှိနေသော အစွဲအလမ်း ၊ ပူပင်မှုများပင် ။ လူသားတို့မှာ ထိုသို့သောအရာများဖြင့် ချုပ်နှောင်ခံလိုက်ရသောအခါ သူတို့အမှန်တကယ် မည်သူဖြစ်ကြောင်းနှင့် မည်သို့မည်ပုံရှိကြောင်းကို မေ့လျော့သွားတတ်ကြသည် ။

"အဘိုး ကြည့်‌ပေးလိုက်ပြီ" အဘိုးအိုသည်အိပ်ရာထံသို့ ပြန်လျှောက်သွားကာ ကလေးငယ်၏ ဦးခေါင်းအား ပွတ်သပ်ပေးလိုက်သည် ။ အဘိုးအို၏စကားသံမှာ အိုမင်းပြီး တိုးလျလျက်ရှိကာ စကားပြောလျှင်လည်း အလွန်လေးကွေးလှသည် ။ "ဘယ်သူမှမရှိဘူး ။ မကြောက်နဲ့နော် ။ ဟုတ်လား "

ကလေးငယ်မှာ ကြောက်နေလား ၊ မကြောက်နေလား မသိရချေ ။ သို့တိုင် ခုတင်ပေါ်ရှိ ရှချောင်၏စကတ်မှာတော့ ထပ်မံတုန်ရီသွားပြန်၏ ။

"လာ...အောက်မှာ အဘိုးနဲ့ သွားဆော့ရအောင် " အဘိုးအိုက ဆိုသည် ။

ကောင်လေး၏ မည်းနက်နက်မျက်လုံးများက ဝမ်းရှီကို တည့်တည့်မတ်မတ် စိုက်ကြည့်နေဆဲ ။ အချိန်‌ပေါင်းများစွာ ကုန်လွန်သွားမှသာ သူသည် တုံ့ဆိုင်းစွာ ခေါင်းညိတ်ပြလာသည် ။

မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်း』〘မြန်မာဘာသာပြန်〙Where stories live. Discover now