အပိုင်း ၄ : ရှဲ့ဝမ်း

482 103 9
                                    

[Unicode]

ဝမ်းရှီ ဤသို့သောမြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့

"ထားတော့ ထားတော့...ကျွန်တော် အဲ့ဒီရှဲ့ဘာဆိုလားဆီကို ဖုန်းပြန်ဆက်လိုက်မယ် " ရှချောင်သည် ခုနကလေးတင် တစ်ဖက်လူအား အသက်သခင်ကျေးဇူးရှင်ဟု ပြောခဲ့သော်လည်း ခဏအကြာတွင်တော့ ထိုလူ့နာမည်ကို မေ့ပျောက်သွားပြီဖြစ်သည် ။

သူသည် ဝမ်းရှီအား ခပ်တိုးတိုး ပွစိပွစိပြောလာ၏ ။ "မနက်အစောကြီးကို အိမ်လာကြည့်အုံးမတဲ့ ၊ စစ်ဆင်ရေးများ ဆင်းနေတာလားမသိ ။ ပြီးတော့ မနက် ၆ခွဲကျရင် ကျွန်တော်က အဘိုးရဲ့အရိုးပြာအိုးကို တောင်ပေါ်လိုက်ပို့ရအုံးမှာ ။ တကယ်လို့ သူရောက်လာရင် ကျွန်တော်က ပြာအိုးကြီးချပြီး သူ့ကို အိမ်လိုက်ပြရမှာလား ။ မဟုတ်ရင် သူ့ကို သင်္ချိုင်းထိ ဆွဲခေါ်လာပြီး အဲ့မှာ အိမ်အကြောင်းပြောပြရမှာလား ? မဟုတ်ဘူးလား ကော--"

"ကော? " သူသည် ခေါ်လိုက်ပြီး လမ်းတစ်ဝက်ရောက်မှ သည်ဘိုးဘေးက သူပြောသမျှအား တစ်ခွန်းတစ်လေမှ နားထောင်မနေဘဲ မျက်မှောင်ကြုတ်လျက် အတွေးလွန်နေသည်ကို မြင်လိုက်ရသည် ။

"ဝမ်းကော ? "

"ဝမ်းကောာာရေလို့ ? "

"....."

"အဖေ !  "

ဝမ်းရှီသည် နောက်ဆုံးတွင်တော့ 'အဖေ'ခေါ်သံကြောင့် ပြန်အသိစိတ်ဝင်သွားသည် ။ "ဘာလုပ်တာတုန်း ? "

ရှချောင် : "....."

ငါ့ရဲ့ ဒီသောက်ပါးစပ်နဲ့တော့ ။

"ဘာမှဟုတ်ပါဘူး ။ ကော ဘာတွေတွေးနေတာလဲ သိချင်လို့ " ရှချောင်က တည့်တိုး မေးလာခဲ့သည် ။ "အိမ်ငှားအကြောင်းလား ? "

ဝမ်းရှီ : "မဟုတ်ဘူး "

အနှီအိမ်ငှား၏ စဉ်းစားတွေးခေါ်ပုံမှာ အတော်လေး ထူးဆန်းနေသော်လည်း ဝမ်းရှီ၏ အာရုံများက တခြားကိစ္စတွင်‌ ရောက်နေသည်သာ--ခုနက မကောင်းဆိုးဝါး သုံးကောင်အား မီးအလင်းရောင် ဖြတ်သွားသည့် တစ်ချိန်တည်းမှာပင် သူတစ်ခုသောရနံ့ကို ဝေဝါးဝါး အနံ့ခံမိလိုက်သည် ။

မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်း』〘မြန်မာဘာသာပြန်〙Where stories live. Discover now