အပိုင်း ၂၂ : သုံးအုပ်စု ဝင်ရောက်လာခြင်း

323 72 12
                                    

[Unicode]

တဒင်္ဂတွင် တစ်‌စုံတစ်ယောက်က အင်မတန် နူးညံ့ညင်သာစွာ ထွေးဖက်ထားပေးသည့်နှယ်

ဝမ်းရှီသည် တစ်ခဏမျှ ကြောင်အမ်းနေပြီးနောက် အပြတ်ငြင်းလိုက်တော့သည် ။ "မဟုတ်ပါဘူး "

ရှဲ့ဝမ်းက သူ့ကိုမယုံကြည်ပေ ။ "ဟုတ်တာလား မဟုတ်တာလား ? "

ဝမ်းရှီ ဘာမျှပြောမလာခဲ့ ။

တကယ်တမ်း ဤသည်က သူတကယ်ပြောချင်သောအရာ မဟုတ်သော်ငြား တစ်ဖက်လူကိုလည်း မမေးနိုင်ခဲ့ပါချေ ။

လှေကားခွင်က မှောင်မည်းကာ တိတ်ဆိတ်နေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏ ၊ သို့မဟုတ် ရှဲ့ဝမ်းက အင်မတန် နီးကပ်လွန်းစွာ ရပ်နေပြီး သူ့အသံက နိမ့်နေလွန်းသောကြောင့်လည်း ဖြစ်နိုင်သည် ။ ယခု ရှဲ့ဝမ်း ပြောလာမည့်အရာများကို သူတကယ်သည်းခံနားထောင်နိုင်စွမ်း မရှိပေ ။

ရလဒ်အနေဖြင့် တစ်ဖက်လူက ထပ်မံပြောလာခဲ့သည် ။ "ဟုတ်ပါပြီ ။ ငါမင်းကို မစတော့ဘူး ။ မင်းဗိုက်မဆာရင် ပြီးတာပါပဲ ။ ငါ--"

ဝမ်းရှီ စကားဖြတ်ပြောလိုက်သည် ။ "စကားမပြောနဲ့ "

ရှဲ့ဝမ်းက ကြောင်အ,သွားပြီး "ဘာလို့လဲ ? "

ဝမ်းရှီသည် သူ့နားရွက်ဖျားကို ပွတ်သပ်လိုက်ကာ မျက်နှာကို ဘေးဘက်သို့ အနည်းငယ် စောင်းလိုက်သည် ။ အချိန်အတော်ကြာ အသံတိတ်နေပြီးနောက် သူသည် မျက်မှောင်ကြုတ်လျက် ဦးခေါင်းပြန်လှည့်လာတော့သည် ။ သူ့စကားသံထဲတွင် စိတ်ဆိုးနေသော အရိပ်အယောင် မသိမသာ ရှိနေခဲ့သည် ။ "ဘာလို့ဆို မင်းစကားပြောလေလေ ငါဗိုက်ဆာလာလေလေပဲ "

လှေကားခွင်မှာ ရုတ်ချည်း ငြိမ်သက်တိတ်ဆိတ်သွားတော့သည် ။

တတိယထပ်မှ လူများ၏ စကားသံများကို မသဲမကွဲကြားနေရပြီး တီးတိုးပြောဆိုသံများအလားပင် ။

ရှဲ့ဝမ်းက အပေါ်သို့ တစ်ချက် လှည့်ကြည့်လိုက်ပြီးနောက် သူ့အကြည့်များက အောက်ပြန်ရောက်လာသည် ။

မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်း』〘မြန်မာဘာသာပြန်〙Where stories live. Discover now