အပိုင်း ၈ : အံဆွဲ

347 88 5
                                    

[Unicode]

မင်းက ဘာလို့ ငါ့ရင်ခွင်ထဲရောက်နေတာလဲ

အရည်ရွှမ်းရွှမ်း အရောင်တောက်တောက်မျက်လုံးများနှင့် အရုပ်အပြင် မှန်ထဲတွင် ရှဲ့ဝမ်း၏ ပုံရိပ်လည်း ထင်ဟပ်နေခဲ့သည် ။

ရှဲ့ဝမ်း၏ ပုံပန်းသဏ္ဍာန်မှာ အလွန်ဝေဝါးနေကာ မျက်နှာအစိတ်အပိုင်းကို မဆိုထားနှင့် ၊ ဆံပင်အရှည်ကိုပင် ထင်ထင်ရှားရှား မြင်ရရန် ခဲယဉ်းနေလေ၏ ။ အရပ်မြင့်မြင့် ဖြူစုတ်စုတ်အမျိုးသားက လက်တစ်ကမ်းအကွာတွင် ရပ်နေသည့်တိုင် အလွန်တရာ ဝေးကွာနေသည့်အလား ။

ဝမ်းရှီသည် စက္ကန့်ပိုင်းမျှ ထိုပုံရိပ်အား ရင်းနှီးကျွမ်းဝင်နေသယောင် ခံစားလိုက်ရသည် ။

ကောင်းကင်ယံ၏ မှိုင်းညို့ရီဝေသော အလင်းရောင်အောက်၌ ခြေဗလာဖြင့်ရပ်နေရင်း နှင်းသဖွယ် ဖြူဖွေးဆွတ်နေသော သူ၏လျော့ရဲရဲ ဝတ်ရုံအနားစကို ပင့်မ,ထားလျက် သူ့ခြေဖဝါးအောက်ရှိ မြစ်ချောင်းအလား စီးဆင်းနေသည့် သွေးစီးကြောင်းအား ငုံ့ကြည့်နေသော သို့နှယ်လူတစ်ယောက်ကို အတိတ်တွင် မြင်ဖူးခဲ့သယောင် ခံစားလိုက်ရသည်......

သို့သော် ဝမ်းရှီသည် သည်မြင်ကွင်းအား ဟိုးအရင်တုန်းက လက်ရေးစာမူတစ်ခု သို့မဟုတ် ရှေးဟောင်းပန်းချီကားတစ်ခုခုတွင် မြင်ဖူးခဲ့ခြင်းဖြစ်လောက်ကြောင်း အမှတ်ရသွားသည် ။ အချိန်ကာလမှာ အလွန်ကြာညောင်းခဲ့ပြီဖြစ်သဖြင့် သူ့မှတ်ဉာဏ်များမှာလည်း ယောင်ဝါးဝါးဖြစ်နေခဲ့သည် ။

"တောက် တောက် တောက် "

မှန်ထဲမှ လက်ချောင်းဖြင့် ခပ်ဖွဖွတောက်လိုက်သည့် အသံသုံးချက်ထွက်ပေါ်လာ၏ ။

ဝမ်းရှီသည် မျက်တောင်ခတ်လိုက်ကာ အတွေးထဲမှ ချက်ချင်းရုန်းထွက်လိုက်သည် ။

မှန်ထဲရှိ ရှဲ့ဝမ်း၏မသဲမကွဲပုံရိပ်က ခါးကို ညွှတ်ကိုင်းလာပြီး သူနှင့်ယှဉ်လျှင် အင်မတိအင်မတန် သေးကွေးလှသည့်အရုပ်လေးကို ကြည့်ကာ မေးလာသည် ။ "ဘာမှမပြောတော့ဘူးလား ? တကယ်ကြီး ကြောင်အ,နေတာလား ? "

ဝမ်းရှီ : "မင်း မတ်မတ်ရပ်ပြီး ပြောစမ်း "

ရှဲ့ဝမ်း : "ငါမတ်မတ်ရပ်လိုက်ရင် အရပ်က အရမ်းကွာနေတာကို ။ မင်းလဲ ဇက်ညောင်းမယ် ၊ ငါလဲ မျက်စိညောင်းတယ် "

မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်း』〘မြန်မာဘာသာပြန်〙Donde viven las historias. Descúbrelo ahora