အပိုင်း ၁၉ : ကွယ်လွန်သူ၏ကားချပ်များ

317 80 6
                                    

[Unicode]

ရှဲ့ဝမ်းက အဓိပ္ပာယ်မရှိသည့် ပေါက်ကရများကို ကြားလိုက်ရသည့်အလား မျက်ခုံးတစ်ဖက်ကိုပင့်တင်လျက်  ။

"ခင်ဗျားတို့နှစ်ယောက် ပေါင်းလိုက်ရင် တစ်ယောက်အပြည့်ဖြစ်သွားပြီပဲ ။ အထဲဝင်လာတုန်းက လူရေတာ တစ်ယောက်လျော့သွားတာလား ? " ကွဲအက်နေသည့် ဩရှရှအသံတစ်သံက ရုတ်တရက် စကားဖြတ်ပြောလာသည် ။

ဝမ်းရှီ ကြည့်လိုက်သောအခါ ကျန်းပိလင်၏ သားဂျစ်တူးလေး ဖြစ်နေကြောင်း မြင်လိုက်ရသည် ။ သူ့နာမည်မှာ ရှန်ချောင်၏ ဈာပနဧည့်သည်စာရင်းထဲတွင် ပါ၏ : ကျိုးရွှိ ။

နာမည်သည် ကောင်းမွန်လှသော်လည်း နာမည်ပိုင်ရှင်ကတော့ အနည်းငယ် ခွတီးခွကျဘုကလန့်ပင် ။

"နင့်ကို ဘယ်သူက စကားဖြတ်ပြောခိုင်းလို့လဲ ? " ကျန်းပိလင်သည် သူမသားကို တွန်းထုတ်လိုက်ကာ ဝမ်းရှီနှင့် ပြေပြေလည်လည်ဖြစ်စေရန် အလျင်စလိုဖျန်ဖြေပြောဆိုလာ၏ ။ "ကိုယ်ဟန်ပြအရုပ်တွေကို ဝင်ပူးရင် ဒါမျိုးက တော်တော်များများဖြစ်တတ်တယ် ။ ပုံမှန်ဖြစ်နေကျပဲ ။ ဘာမှစိတ်ပူနေစရာမလိုဘူး "

ကျိုးရွှိက မကျေမလည်ဖြင့် နှာမှုတ်လိုက်ကာ "ဘယ်သူပြောတာလဲ ? ကျွန်တော့်တီလေးဆို တစ်ခါမှမဖြစ်ဖူးဘူး "

ကျန်းပိလင်သည် သူ့ကိုစိုက်ကြည့်လိုက်ပြီး "နင့်တီလေး နင့်တီလေး..တစ်နေ့တစ်နေ့ နင့်တီလေးအကြောင်း ကြွားဖို့ပဲသိတယ် ။ ကျန်းလန် လှောင်အိမ်တွေထဲ စဝင်တော့ ဘယ်နှနှစ်မို့လို့တုန်း ? သူနဲ့တော့ ယှဉ်လို့ရမလား ? "

ဝမ်းရှီသည် အခြားမိသားစုများကို အာရုံစိုက်ခဲသလို အမည်နာမစာရင်းထဲရှိ အသက်ရှင်နေသေးသောသူ အများစုကိုလည်း သူမမှတ်မိချေ ။ သူသည် ခဏတာ အသံတိတ် နားထောင်နေပြီးနောက် သူ့နောက်ကျောထက်ရှိသူကို လှမ်းမေးလိုက်သည် ။ "ကျန်းလန်က ဘယ်သူလဲ ? "

ရှဲ့ဝမ်း ဘာမျှမပြောနိုင်ခင် ကျိုးရွှိက ဦးစွာထိတ်လန့်သွားလေ၏ ။ မမျှော်လင်ထားစွာပဲ သူသည် နားပါးလှသည် ။ "ခင်ဗျား မသိဘူးလား ? "

ဝမ်းရှီ : "သိမှဖြစ်မှာလား ? "

ကျိုးရွှိ : "နာမည်စာရင်းရဲ့ ထိပ်ဆုံးက တစ်ယောက်လေ ! ခင်ဗျား ဒီအလုပ်မျိုးလုပ်နေပြီး သူ့ကိုတောင် မသိဘူးလား ? "

မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်း』〘မြန်မာဘာသာပြန်〙Where stories live. Discover now