အပိုင်း ၁၃ : အဆက်အသွယ် ပြတ်တောက်ခြင်း

422 94 6
                                    

『Unicode』

ဘာလဲ? အဲ့ကိုသွားပြီး သူ့ကိုသွားစားမလို့လား ?

ရှဲ့ဝမ်းသည် လက်ခုပ်ထဲတွင် ပန်းပွင့်ကို ဆုပ်ကိုင်လိုက်သော်လည်း ထိုပန်းပွင့်က သူနှင့်ထိတွေ့သွားသည်နှင့်တစ်ပြိုင်နက် တွန့်လိမ်ညှိုးနွမ်းသွားကာ မျက်စိတစ်မှိတ်အတွင်း ခပ်ညိုညိုပန်းခြောက်အဖြစ် ပြောင်းလဲသွားခဲ့သည် ။ သူ့လက်ချောင်းများဖြင့် ဖျတ်ခနဲ တွေ့ထိလိုက်သောအခါ ပွင့်ဖတ်များမှာ ကြွေလွင့်သွားတော့သည် ။

သူ့အကြည့်များက အောက်သို့နိမ့်ဆင်းသွားကာ လက်ထဲရှိ အသက်မဲ့နေသောအရာဝတ္ထုကို စိုက်ကြည့်နေပြီး သူမည်သည်ကို တွေးတောနေသည်မှန်း မသဲကွဲပေ ။

တစ်ခဏမျှကြာသော် သူသည် မော့ကြည့်လာပြီး ဝမ်းရှီက သူ့ကို မျက်ခုံးများတွန့်ကွေးလျက် ကြည့်နေသည်အား မြင်လိုက်ရလေ၏ ။

ရှဲ့ဝမ်းသည် လက်ကိုပြန်ချကာ သူ့နောက်ကျောဘက်တွင် ဝှက်ထားလိုက်သည် ။ နှစ်ယောက်ကြားတွင် ခြေလှမ်းအနည်းငယ် အကွာအဝေးခြားနေလျက် ပြန့်ကျဲနေသော ပန်းပင်သစ်ကိုင်းခတ်များအကြားမှ သူမေးလာခဲ့သည် ။ "မင်းက ငါ့ကို ဒီလိုကြီး စိုက်ကြည့်နေတော့ ငါဘာမကောင်းတဲ့အရာများ လုပ်ခဲ့မိလို့လဲ ? "

"....."

ဝမ်းရှီသည် သူ့နှုတ်ခမ်းများကို ခပ်တင်းတင်း ဖိကပ်လိုက်၏ ။

တကယ်တမ်း သူသည် အနောက်သို့ တစ်ချက်လှည့်ကြည့်မိရုံသာ ။ သို့သော် တစ်ဖက်လူက သူ့ကိုမေးလာသောအခါ သူသည် ရွေးချယ်စရာမရှိတော့ဘဲ မျက်နှာကိုသာ တည်တင်းလျက် "ငါမင်းကို မေးစရာရှိတယ် "

ရှဲ့ဝမ်း : "ဘာလဲ ? "

ဝမ်းရှီ : "....."

စဉ်းစားပါရစေအုံး ။

ကံကောင်းစွာဖြင့် သူသည် အလျင်အမြန် တုံ့ပြန်လိုက်ကာ တုန့်ဆိုင်းတွေဝေခြင်း မရှိဘဲ တစ်စုံတစ်ခုကို တွေးမိသွားသည် ။ "မင်းအင်္ကျီ ဘယ်ရောက်သွားလဲ ? "

ရှဲ့ဝမ်းသည် ခေါင်းငုံ့ကာ သူ့အင်္ကျီနှင့် ဘောင်းဘီများအား အလေးအနက် လှမ်းကြည့်လိုက်လေ၏--သူသည် အဝတ်အစား အပြည့်အစုံ ဝတ်ဆင်ထားဆဲပင် ။

မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်း』〘မြန်မာဘာသာပြန်〙Where stories live. Discover now