အပိုင်း ၅ : ပုံတူပန်းချီကား

483 100 13
                                    

[Unicode]

တစ်ယောက်ယောက်က လိမ်လိမ်မာမာနဲ့ သူ့ကို အမွှေးတိုင်ထွန်းပြီး ပူဇော်နေတာကို ပထမဆုံးမြင်ဖူးတာပဲ

ဝဋ်ကြွေးဟူသည် လူတစ်ယောက် သယ်ဆောင်ထားရသော အပြစ်ကြွေးများပင် ။ တချို့အပြစ်ကြွေးများမှာ မွေးရာပါဖြစ်ပြီး အချို့မှာ နောက်မှရရှိလာခြင်းဖြစ်သည် ။ သို့သော် မွေးရာပါဖြစ်ဖြစ် ၊ ထပ်တိုးရရှိလာသည်ပဲဖြစ်ဖြစ် ရှဲ့ဝမ်းခန္ဓာကိုယ်မှ ဝဋ်ကြွေးမျိုးသည်တော့ ဤကမ္ဘာပေါ်တွင် အလွန်အင်မတန် ရှားပါးလှသည်ပေ ။

သူ၏ မိခင် ၊ ဖခင်နှင့် အခြားသူများအပါအဝင် သူကိုယ်၌ပါ ထိခိုက်စေသည့်ကံကြမ္မာဆိုးဖြင့် မွေးဖွားလာသူဟု ပြောထိုက်ပါပေသည် .....

ဝမ်းရှီသည် မျက်လုံးများ ပိတ်လိုက်ကာ သူ၏လည်ဇလုပ်က ဖြည်းညင်းစွာ ရွေ့လျားသွားသည်ကို ရှချောင် မြင်လိုက်ရသည် ။ ခံစားချက်တစ်ခုက သူ့မျက်နှာထက် တဝဲလည်လည်တည်ရှိ‌နေပြီး ကြာရှည်မခံလိုက်ဘဲ ခေတ္တခဏသာ ဖြစ်ပေါ်လာသည်မှာ ဝမ်းရှီကိုယ်တိုင်ပင် သတိမထားမိလောက်ချေ ။

တစ်ခဏမျှ ကြောင်အမ်းနေပြီးနောက် ရှချောင်နားလည်သွားခဲ့သည် ။ ဝမ်းရှီ၏မျက်နှာထက် ဖျတ်ခနဲပေါ်ပေါက်လာသော ထိုစိတ်ခံစားချက်မှာ ဝမ်းနည်းမှုပါးပါးဖြစ်လောက်၏ ။ သို့မဟုတ် ယင်းခံစားချက်အား ခေါ်သင့်သည်က.....သနားကရုဏာစိတ်ပင် ။ သူ ယခင်က ရှန်ချောင်၏မျက်လုံးများထဲတွင်လည်း မြင်ဖူးခဲ့သည် ။

သည်ကမ္ဘာလောကြီးတွင် လူတချို့တလေအား မြင်သောအခါ ဖန့်ကွမ်းများက ဤသို့သော ခံစားချက်များကို အမြဲလိုလို ဖော်ပြလေ့ရှိလေသည် ။

ဝမ်းရှီ၏ နှုတ်ခမ်းများက တစ်ဖန်ပြန်လည် လှုပ်ရှားသွား၏ ။

ရှချောင်သည် မသိစိတ်အလျောက် မေးလိုက်မိသည် ။ "ဘာပြောလိုက်တာလဲ ? "

ဝမ်းရှီ မျက်လုံးပြန်ဖွင့်လာကာ သူ့အကြည့်များက ဥယျာဉ်ထဲ၌ မြဲမြံနေလျက် ။ စက္ကန့်ပိုင်းကုန်လွန်သွားသည့် နောက်ဆုံးတွင်တော့ သူစကားပြောလာခဲ့သည် ။ "ဗိုက်ဆာတယ် "

မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်း』〘မြန်မာဘာသာပြန်〙Hikayelerin yaşadığı yer. Şimdi keşfedin