1

8.3K 347 46
                                    

"ဘေးကို ဘေးကို "

"ဟေး Taehyung ဒီနေ့အရမ်းတွေတက်ကြွနေပါလား "

" လော်ပန်ကလည်း တက်ကြွဆို ဒီနေ့ Kim Taehyung ဆိုင်က ဒီဇိုင်းအသစ် ထွက်မှာလေဗျာ သွားပြီလော်ပန်ရေ ဆိုင်မှာ ဖောက်သည်တွေစောင့်နေကြပြီ "

" အေးအေး "

ဒုံဒယ်မွန်းစျေးထဲ အထုတ်ကြီးတထုတ်ကိုထမ်းကာပြေးလို့လာတဲ့ Taehyung..ဆိုင်တဆိုင်ရဲ့ အပြင်ဘက်မှာ လူတစုအုံးအုံးကျတ်ကျတ်ဖြစ်လို့နေသည်..

ဒါကလည်းသူတို့ဆိုင်ရှေ့သာဖြစ်သည်..ဒီနေ့ ဒီဇိုင်းသစ်ထွက်မှာမို့ ဖောက်သယ်ပြန်ယူမည့် စျေးသယ်တွေနဲ့ပြည့်လို့နေတာဖြစ်သည်..

Taehyung ဟာ ငယ်ငယ်ထဲက ဒီဇိုင်းပညာကိုဝါသနာပါတဲ့သူဖြစ်တာကြောင့် ငယ်ငယ်ထဲက Fashion ပိုင်းကိုလေ့လာလိုက်စားခဲ့သူဖြစ်သည်..

မိဘတွေမရှိတော့တဲ့နောက်ပိုင်း အမေရဲ့မောင်ဖြစ်သူ ဦးလေးနဲ့ နှစ်ယောက်ပေါင်းကာ အကျီဆိုင်လေးစဖွင့်ရာကနေ ကိုယ်ပိုင်ဒီဇိုင်းဆွဲကာ ဦးလေးက ချုပ်လို့ ကိုယ်ပိုင် စက်ရုံငယ်လေးတခုဖြစ်တဲ့အထိ ကြိုးစားခဲ့ကြသည်..

ခုဆို သူတို့ရဲ့ NoCo ဆိုတဲ့ အကျီဆိုင်ဟာ ဒုံဒယ်မွန်းစျေးမှာနာမည်အတော်လေးရတဲ့ ဆိုင်ဖြစ်သလို ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ပါ ထုတ်လုပ်ရောင်းချနေတဲ့ ဆိုင်လေးလည်းဖြစ်သည်..

အကောင်းစား Brand တွေလိုတော့ အရေးအသွေးအရမ်းမကောင်းပေးမယ့် သာမာန်လူတန်းစားအတွက်ကတော့ Taehyung ရဲ့ NoCo က အတော်လေး ဝတ်ပျော်တဲ့ Brand အသေးစားလေးတခုဖြစ်သည်..

နှစ်တနှစ် မှာ 4 ကြိမ်သာ တဇိုင်းအသစ်ထွက်တဲ့ Taehyung NoCo လေးဟာ ဒီနေ့မှာ သူရဲ့ ဒီဇိုင်းအသစ်ထွက်ရမယ့်ရက်ရောက်လို့နေပြီလေ..

" Taehyung ရာ ကြာလိုက်တာ "

" ဦးလေးကလည်း ဒီလောက်အလေးကြီးကို ဒီ
ခန္တာကိုယ်သေးသေးလေးနဲ့သယ်လာရတာ နည်းနည်းပါးပါးအားနာပါအုံးဗျာ တခါလည်းမဟုတ်ဘူး အထုတ်ပေါင်းမနည်းကိုမနက်ထဲကသယ်နေရာတာ လူလည်းသေတော့မယ် ကားလေးဝယ်ပါဆိုတော့လည်းကပ်စေးနဲတယ် လူပိုခေါ်ပါကျတော့လည်း အရိုးများတယ်ချီးခါးတယ်နဲ့ အဲ့လိုဖြစ်နေလို့လည်း ခုထိမိန်းမမရတာ "

Impersonator Lover (complete) Where stories live. Discover now