25

2.1K 189 10
                                    

တဖြေးဖြေး ဟင်းချက်တက်လာစပြုလာတဲ့ Taehyung ဟာ ခုဆိုမနက်စာကို သူက တာဝန်ယူပြင်ဆင်ပေးရသည်..ခုလည်း သူ့ရဲ့ပထမဆုံး လက်စွမ်းပြဘူးထားတဲ့ ကင်မ်ချီ ထမင်းကြော်နေသည်..

အနောက်ကနေ ရောက်လို့လာတဲ့ Jungkook ဟာ Taehyung ရဲ့ ကိုယ်လုံးလေးကို အနောက်ကနေသိုင်းဖတ်ထားရတာကိုသူသိပ်သဘောကြသည်..

ခုလည်း အနောက်နေသိုင်းဖတ်ကာ ပခုံးပေါ်မေးလေးတင်လို့ Taehyung ကြော်နေတာလေးအရင်လိုငံမှာဆိုးလို့ ဆားလျော့ထည့်ဖို့ မသိမသာလေးသတိပေးလိုက်သည်..

" Tae ဆားလျော့ထည့် ခဏလေး အရင်မြည်း
ကြည့်ပြီးမှ လိုမှဆားထည့် "

" အရင်တခါငါကြော်ကျွေးတုန်းက ဒီလောက်ငံတူးနေတာကိုဘာလို့ကုန်အောင်စားသွားတာလည်း "

" မင်းကိုချစ်လို့ပေါ့ မင်းစိတ်မကောင်းဖြစ်သွားတာမျိုးမလိုချင်လို့ "

" ဒါတောင်အိုးထဲကျန်တာငါမြည်းကြည့်လို့သိရတာ မဟုတ်ရင် သိမှာတောင်မဟုတ်ဘူး "

" ကဲပါထားတော့ စိတ်မကောင်းမဖြစ်နဲ့ ခုမြည်းကြည့် "

Taehyung ဟာ အိုးထဲက ထမင်းကြော်ကိုနည်းနည်းခက်ကာ သူအရင်မြည်းကြည့်ပြီးမှ အရသာကြိုက်မှ သူ့ကိုသိုင်းဖတ်ထားတဲ့ Jungkook ကိုခွံ့ကျွေးလိုက်သည်..

" ဝါး ဒီတခါတော့ရှယ်ပဲ "

" သွားထိုင်တော့ "

" ဟုတ် ပြွတ် "

သွားခါနီးတောင် ပါးပြင်​​လေးကို အနမ်းပေးသွားသေးတာကြောင့် Taehyung မှာ ခါးလေးထောက်ကာ မျက်စောင်းထိုးလိုက်တော့ စားပွဲခုံမှာ ထိုင်ကာသဘောကျလို့ရယ်နေတဲ့ Jungkook

....🐰🐯

" ရပါပြီ "

" ကောင်းကောင်းစားပါ့မယ် "

" ဟိုလေ Jungkook ငါတို့ အလုပ်ကိုတူတူသွားမှာလား "

ထမင်းစားနေရင်းမျက်မှောင်ကျုတ်ကာသူ့ကို
ကြည့်တဲ့ Jungkook ကို ဘာလို့လည်းဆိုပြီး မေးငေါ့ကာမေးနေတဲ့ Taehyung သူပြောတာဘာမှားလို့လည်းပေါ့..

ဒီလောက်ဆူပုတ်ပြနေတာတောင်မသိသေးတဲ့ Taehyung ကို ထိုင်နေရာကနေထကာ ကုန်းပြီးနှုတ်ခမ်းလေးကို အနမ်းတချက်ပေးလိုက်တော့ မျက်လုံးလေးပြူးကာ ဘာလို့လည်းဆိုတဲ့ပုံစံလုပ်ပြနေတဲ့ Taehyung..

Impersonator Lover (complete) Where stories live. Discover now