20

2K 208 40
                                    

ထွက်သွားတဲ့သူက စိတ်ဆိုးပြီးထွက်သွားသည်..
ကျန်ခဲ့တဲ့သူကလည်းသူပြောတာမမှားဘုးဆိုတဲ့ ခံယူချက်နဲ့ အိမ်ပေါ်သိုဇောင့်ဇောင့်နဲ့တက်လာခဲ့သည်..

အချိန်တော်တော်ကြာထိ ဘာက ဘာကိုအဆင်မပြေတာလည်းမသိ ဖြစ်နေတဲ့ Taehyung အိပ်ယာပေါ်လူးလှိမ့်ကာ အိပ်လို့ကလည်းမပျော်ဖြစ်နေချိန် ည 12 ကျော်လောက်မှာ ဖုန်းဝင်လာလို့ကြည့်လိုက်တော့ Jungkook တဲ့..

" Hello "

" Tae... "

တဖက်က ဖုန်းခေါ်ပြီး နာမည်သာခေါ်ပြီးရပ်လို့နေသည်..အသံနားထောင်ယုံနဲ့တင်မှုးနေပြီဆိုတာသိတဲ့ Taehyung..

" ဘယ်လောက်တောက်သောက်နေတာလည်း မင်းခုထိအိမ်ပြန်မလာသေးဘူးလား "

" Tae... "

" Hello အကိုလေး ဒီဘက်က အကိုလေးက တော်တော်လေးမှုးနေပြီမို့ လာခေါ်ပေးလို့ရမလားခင်ဗျာ "

" ဟုတ်ကဲ့ ကျွန်တော်လာခဲ့ပါမယ် "

...🐰🐯

Taehyung လည်း ညကြီးမိုးချုပ် ကြောက်ကြောက်နဲ့ပဲ အိမ်ကနေထိ ကားဂိတ် တချိုးထဲပြေးထွက်လာခဲ့လိုက်သည်. သူတို့လမ်းဟာတိတ်ဆိတ်သလောက် ကားလမ်းမမှာတော့လူစည်ကားနေဆဲပင်..Taxi ကိုငှားက ပို့ပေးလာတဲ့ လိပ်စာအတိုင်းထွက်လာခဲ့လိုက်သည်.

Bar ထဲရောက်တော့ အရက်ကောင်တာမှာ ခေါင်းငိုက်ဆိုက်ကြကာ ထိုင်နေတဲ့ Jungkook..
Taehyung လည်း Jungkook နားသွားကာ ခေါ်လိုက်တော့ မျက်နှာတခုလုံး နီရဲနေကာ သူ့နာမည်ခေါ်လိုက်တာ ပါးစပ်ကထွက်လာတဲ့အရက်အနံ့ကမွှန်လို့

" Tae "

" ရား ဘယ်လောက်တောင်သောက်ထားတာလည်း မွှန်ထနေတာပဲ ထသွားမယ် "

သူဘယ်လောက်အော်အော် တယောက်သူသူကတော့ ဘာမှသိမည်မထင်..Taehyung လည်း Jungkook ကိုတွဲကာ ကားပါကင်မှာရပ်လို့ထားတဲ့ သူတို့ရဲ့ကားနောက်ခန်းထဲ Jungkook ကိုတွန်းတင်လိုက်သည်..

Tae pov..အားး လေးလိုက်တာ

ကားခေါင်းခန်းကို ပွစိပွစိပြောရင်းထွက်သွားတဲ့ Taehyung..အိမ်ရောက်ပြန်တော့လည်း Jungkook ကိုတွဲကာ အိမ်ပေါ်ထပ်အခနိးရှိရာစီသို့ယိုင်ထိုးပြီးတက်လို့လာရပြန်တယ်..အခန်းထဲရောက်တော့ ကုတင်ပေါ်ကိုပြစ်လှဲချလိုက်ပြီး သူပါအမောဖြေကာ..

Impersonator Lover (complete) Where stories live. Discover now