19

2K 204 38
                                    

ဒီနေ့က sunday ဖြစ်တာကြောင့် Taehyung ကအလုပ်နားသော်လည်း Jungkook ကတော့ အခြားကိစ္စတွေရှိတာကြောင့် အလုပ်သွားရသည်.

" Taehyung အစောကြီးနိုးနေတာလား "

"အင်း ဟုတ်တယ် ငါမနက်စာပြင်ထားတယ် စား
ကြည့်မလား သိပ်ပြီးတော့ကောင်းမယ်မထင်ဘူး "

" ဘာလုပ်ထားတာလည်း "

" omma လုပ်ပေးထားတဲ့ အစပ်လျော့ ကင်ချီနဲ့ထမင်းကြော်ထားတာ "

"Taehyung ဘာလို့တယောက်စာထဲလဲ မင်းအတွက်မရှိပဲနေအုံးမယ် ငါမစားတော့ပါဘူး "

" မကောင်းမှာဆိုးလို့အများကြီးမ​ကြော်တာ မင်းစားမယ်ဆို စားသွားလိုက်လေ ငါထပ်ကြော်လိုက်မယ်ရတယ် "

Taehyung လုပ်ပေးတာပထမဆုံးစားရမှာမို့ ရင်ခုန်နေတဲ့ Jungkook.အကယ်၍ မကောင်းရင်လည်းကြိတ်ပြီးသူကုန်အောင်စားသွားမှာပဲလေ.

ပန်ကန်လုံးလေးထဲထည့်ပေးထားတဲ့ ထမင်း ကြော်ကိုစားလို့နေတဲ့ Jungkook..သူရှေ့ကထိုင်ကာ မေးလေးထောက်လို့ သူတလုပ်စားပြီးတာနဲ့ အကဲခက်တဲ့ပုံစံလေးနဲ့ကြည့်လို့နေတဲ့ Taehyung

" Jungkook ကောင်းရဲ့လား "

" အင်း ကောင်းတယ် "

" တကယ်လား "

" အင်း တကယ်ကောင်းတာ "

သူကြော်ထားတဲ့ ထမင်းကြော်ကို ထမင်းတစိတောင်မကျန်အောင်စားသွားတဲ့ Jungkook ကို ပြုံးပြီးကြည့်လို့နေတဲ့ Taehyung..အလုပ်သွားခါနီး Jungkook ကိုအနောက်နေအိမ်ရှေ့ထိလိုက်ပို့ရင်း..

"jungkook ညနေစောစောပြန်လာလို့ရမလား "

" ကိစ္စရှိလို့လား Taehyung "

" အင်း "

" အင်း ငါစောစောပြန်ခဲ့မယ်လေ "

.....🐰🐯

အလုပ်ရောက်တော့ အလုပ်စားပွဲမှာတင်လို့ထားတဲ့ ရေခရားထဲကရေကိုယ်တခွက်ပြီးတခွက်သောက်လို့နေတဲ့ Jungkook ကိုကြည့်ပြီး Hobi တို့မေးပြီးလေ..

" ရားးး ညကဘယ်လောက်တောင်သောက်ထားလို့လည်း အဲ့လောက်တောင်ရင်ပူနေတာလား "

" မဟုတ်ဘူး.Taehyung ကြော်ကျွေးတဲ့
ကင်ချီလ် ထမင်းကြော် စားလာတာ "

Impersonator Lover (complete) Where stories live. Discover now