17

2K 185 23
                                    

မနက်ခင်း အလုပ်သွားဖို့ပြင်ဆင်ကာ အိပ်ပေါ်ကဆင်းလာတဲ့ Taehyung.မနက်စာပြင်ဆင်ပြီးစောင့်လို့နေတဲ့ Jungkook..

Taeyung စားပွဲနားသို့ရောက်လာချိန် Jungkook မှာ ညကအခြေအနေကိုသာ ပြန်သတိရလို့ရင်တွေပြန်ခုန်လာပေမယ့် Taehyung ကတော့သူ့ကိုပြုံးပြကာ စားပွဲမှာထိုင်လို့ သူလုပ်ပေးတဲ့ ပေါင်မုန့်မီးကင်ရယ် နွားနို့ရယ်ကိုသောက်ဖို့ပြင်နေသည်..

" morning Jungkook ငါညက "

ည ကလို့ပြောလိုက်ချိန်မှာ ထိုင်ဖို့ပြင်နေတဲ့ Jungkook မှာ ကုန်းကုန်းကြီးရပ်လို့သွားကာ Taehyung ကိုလမ်းကြည့်လိုက်သည်..

" ငါညက Taxi နဲ့ အစောကြီးပြန်သွားတာ မင်းရောဘယ်ချိန်ရောက်လည်း "

Taehyung ပြောလိုက်တဲ့စကားကြားမှသာ Taehyung ကိုပြုံးပြလို့ ထိုင်ခုံဆွဲကာ ထိုင်လိုက်ပြီး မနက်စာစားဖို့လုပ်ရင်း Taehyung ကိုကြည့်နေမိသည်..

" အင်း ဟုတ်တယ် ငါက နည်းနည်းနောက်ကျမှပြန်ရောက်တာ "

သူ့ရှေ့မှာ နွားနို့သောက်ကာ နှုတ်ခမ်းပေါ်ပေနေတဲ့ နွားနို့စလေးကို လျှာဖြင့်သပ်လိုက်ချိန် Jungkook ရဲ့အကြည့်တို့က ထိုနှုတ်ခမ်းလေးစီရောက်မိပြန်တော့နေရင်းထိုင်ရင်း တံတွေးမြိုချနေမိသည်..

" Jungkook နေမကောင်းလို့လား "

နေမကောင်းလို့လားလို့ ပါးစပ်ကလည်းမေးသလို ထိုင်နေရာကနေထကာ Jungkook ရှေ့ကိုယ်တပိုင်းကုန်းကာ နဖူးကိုလက်ကလေးနဲ့ စမ်းကြည့်လိုက်တဲ့ Taehyung ​ကြောင့် မျက်နှာခြင်းဆိုင်အနေအထားမှာ ရည်းစားတခါမှ မထားဘူးတဲ့ jungkook တယောက်ရင်ခုန်ကာ တံတွေးတွေမြိုချမိနေပြန်တယ်..

" လည် လည်ပင်းနားနေတာ "

" ဟုတ်လား တော်တော်နာနေလား ရေနွေးသောက်လေ နွားနို့မသောက်နဲ့တော့ ခဏလေးငါလုပ်ပေးမယ် "

စားနေတာက်ိုရပ်လိုက်ပြီး ထိုင်ခုံကနေထကာ ရေနွေးလုပ်ပေးနေတဲ့ Taehyung..Taehyung လုပ်သမျှ ထိုင်နေရာကနေ လှည့်ကာလိုက်ကြည့်နေရင်း ထကာ Taehyung နားသွားလို့

"Taehyung ရတယ် ငါ့ဘာသာလုပ်လိုက်မယ် "

" ငါဒီလောက်တော့လုပ်ပေးလို့ရတယ်မဟုတ်ဘူးလား မင်းကို "

Impersonator Lover (complete) Where stories live. Discover now