6

2.4K 245 29
                                    

ဓာတ်လှေကားထဲမှာလည်း လက်ကိုဆုတ်ကိုင်ထားတာ လွှတ်ထွက်သွားမည် ဆိုးသည့်အလား..
ကားပါကင်ရောက်တော့ ကားတံခါးအသင့်ဖွင့်ပေးရာကနေဝင်ထိုင်လိုက်တဲ့ Taehyung..ကားထဲရောက်တော့ ထက်မှန်ကိုင်လိုက်ပြန်တဲ့ လက်..

" ဟိုလေ ကားမောင်းတာ လက်က "

" ကိုင်ထားချင်လို့ "

Taehyung ပြောဘူးတဲ့ အကောင်းဆုံး stake ရှိရာ ကိုရီးယားနိုင်ငံရဲ့ Top 1 Hotel သို့ရောက်လို့လာကြသည်..Hotel ထဲသို့ အတူတူဝင်လာကြရင်း Hotal ဝန်ထမ်းတယောက်ရဲ့ ခရီးဆောင်အိတ်တင်ကာ တွန်းလာတဲ့ လှည်းက Taehyung ကိုဝင်တိုက်မိတော့မယ့်အချိန်မှာ ကိုင်ထားတဲ့လက်ကနေဆွဲကာ Tae ရဲ့ခါးလေးကို ဆွဲဖတ်လိုက်သည်..

Hotel ဧည့်ခန်းမကြီးထဲ Taehyung ဟာ Jungkook ရဲ့ ရင်ခွင်ထဲ မျက်လုံးလေးကလယ်ကလယ်ဖြင့် ထိုအချိန် ကျောင်းတုန်းက သူငယ်ချင်းဖြစ်သူက Taehyung ကိုမြင်သွားသောအခါ..

" Kim Taehyung ဟုတ်တယ်မဟုတ်လား Kim Taehyung မတွေ့တာကြာပြီဟာ ဒါနဲ့ Park jimin ရော နင်တို့နှစ်ယောက်က ကျောင်းသားဟောင်းတွေ့စုံပွဲတွေတောင်မလာဘူးနော် Park ကြီးကို ငါဟိုတလောက သူ့ ကိုကိုနဲ့တောင်တွေ့လိုက်သေးတယ်.. ငါလည်း အဝေးကနေဆိုတော့မခေါ်လိုက်မိဘူး. ဒါကရော နင့် ချစ်သူလား"

အရှေ့ကနေ အရိပ်အကဲမသိ အိတ်သွန်ဖာမှောက်ရိုက်စစ်စရာမလိုအောင် ပြောနေတဲ့ ငယ်သူငယ်ချင်းမကို ဆံပင်ကနေဆွဲကာ Hotel ထဲကနေဆွဲထုတ်သွားချင်စိတ်တွေတဖွားဖွားဖြစ်လို့နေပြီ..

" အင်းး yuri ငါတို့နောက်မှတွေ့ရအောင် သွားတော့မယ် "

" နင်ကလည်း မိတ်တောင်မဆက်ပေးဘူး "

" နောက်မှ နောက်မှ "

Taehyung လည်း Jungkook ရဲ့လက်ကို ဆွဲကာထွက်သွားဖို့လုပ်တော့ လက်ကို ခါချလိုက်တဲ့ Jungkook.. Taehyung ရဲ့မျက်နှာကို စေ့စေ့
ကြည့်ကာ.

" မင်းကဘယ်သူလည်း "

.......

ခုဆိုရင် ဆိုင်တဆိုင်ထဲ Jungkook ရဲ့ရှေ့ မျက်နှာ ငယ်လေးတွေနဲ့ထိုင်လို့နေတဲ့ သူငယ်ချင်းနှစ်ယောက်..

" ကဲပြောပါအုံး ဘယ်သူက Kim Taehyung ဘယ်သူက Park Jimin ဆိုတာ "

ji " ကျွန်တော်က park jimin သူက... "

Impersonator Lover (complete) Where stories live. Discover now