Final

2.7K 192 26
                                    

အိမ်ပေါ်ထပ်သို့ပွေ့ချီခံရပြီပါသွားတာတောင်လူပေါ်ကနေအသံကောင်းဟစ်နေတဲ့ Taehyung ကို Jungkook မှာ ဖြစ်ညစ်ပြီးချုပ်ကာအနမ်းတွေပေးချင်နေတဲ့အထိ အသဲတွေယားလို့..

" ရားးး Jeon Jungkook မင်းကဘာကောင်လည်း ဟမ် ငါ့ကိုခုလိုချုပ်ထားလို့ရလား . ငါမေးနေတယ်လေ ဘာကောင်လည်းလို့!!!"

" မင်းယောကျားလေ "

" ဟ ဘာကိုငါ့ယောကျားလည်း ငါချစ်တာမယုံဘဲနဲ့ ငါ့ယောကျားလုပ်ချင်နေတာဟုတ်လား သွား ထွက်သွား "

အရစ်တော်သမက်လေးရဲ့အသံကပြန်ခါနီးအိမ်အောက်က ယောက္ခမကြီးတောင်ကြားနေရသေးကြောင့် ယောက္ခမကြီးမှာတော့ပြုံးပြုံး ပြုံးပြုံးနဲ့သူ၏သမက်လေးကိုချစ်မဝဖြစ်လို့နေကာ ခေါင်းတရမ်းရမ်းနဲ့အိမ်ပြန်သွားတော့သည်..

" မသွားပါဘူး မင်းကိုအများကြီးချစ်ရအုံးမှာမလို့ မင်းနားက တစ်စက္ကန့်လေးတောင်ထွက်မသွားဘူးစိတ်ချ "

" မင်းမသွားရင်ငါသွားမယ် ဖယ်ခုဖယ် "

ခန္တာကိုယ်ပေါ်ကနေအတင်းရုန်းကန်ကာဆင်းဖို့ကြိုးစားနေတဲ့ Taehyung ကို အခန်းထဲဝင်လာပြီး အခန်းတံခါးကို ခြေထောက်နဲ့နောက်ပြန်ကန်ကာပိတ်လိုက်ပြီး ကုတင်ပေါ်ပစ်ချလိုက်ကာ ကိုယ်ပေါ်ကနေခွလို့ လက်နှစ်ဖက်ကိုချုပ်ထားလိုက်သည်..ဒါတောင်အောက်ကနေလှုပ်ရွနေတဲ့ Taehyung..

အပေါ်ကနေအုပ်မိုးကာ နှုတ်ခမ်းလေးကိုစုပ်ယူကာ အနမ်းလေးပေးလိုက်တော့ ငြိမ်ကျသွားတဲ့ Taehyung..နှုတ်ခမ်းလေးကိုအနမ်းပေးပြီး အနည်းငယ်မျှသာ ခွာကာ နှစ်ခေါင်းထိပ်လေးနှစ်ခုကိုထိကပ်လို့ထားသည်..

" Tae~"

Jungkook ကသူရဲ့နာမည်လေးကို ဆွဲပြီးခေါ်လိုက်တဲ့ချိန်မှာ မျက်လွှာလေးချကာ ငြိမ်နေတဲ့Taehyung ရဲ့အကြည့်တို့က Jungkook မျက်ဝန်းတွေကိုကြည့်မိသွားကာ အကြည့်ခြင်းစုံလို့..

" အင်း~ "

မပီသလိုပီသလို တိုးညှင်းသောအသံလေးဖြင့်ပြန်ထူးလိုက်တဲ့ Taehyung ..

" ငါတို့ ~ "

Impersonator Lover

ပြတင်းပေါက်ကနေတဆင့် လေစိမ်းအေးအေးလေးတွေတိုက်ခက်နေတာကြောင့် လိုက်ကာစအဖြူလေးတွေလွင့်လို့နေသည်..ညချမ်းရဲ့လေအေးအေးလေးတွေကြောင့် အချစ်ခရီးကိုအတူတူဖြတ်သန်းခဲ့ကြလို့မောဟိုက်ကာစိုစွတ်နေတဲ့ ချွေးတို့ကြောင့်တိုက်လိုက်တဲ့လေတို့ဟာပို၍အေးနေသလို Taehyung ဟာ Jungkook ရဲ့ ရင်ခွင်ထဲသို့ ပိုတိုးကာဝင်ရောက်လို့နေသည်..

You've reached the end of published parts.

⏰ Last updated: Nov 22, 2023 ⏰

Add this story to your Library to get notified about new parts!

Impersonator Lover (complete) Where stories live. Discover now