37

2.1K 187 22
                                    

ဒုတိယအကြိမ် လူသိရှင်ကြားမဂ်လာဆောင်ခြင်းပထမတခါလိုပဲ Jungkook ကတော့ပျော်လို့ ဒီတခါကတော့ Taehgung ပါ ပါဝင်အားဖြည့်လာသည်..

စောင့်ဆိုင်းခန်းထဲ သူငယ်ချင်း Jimin နဲ့ အပီအပြင် ဓာတ်ပုံရိုက်နေကြသည်..model တွေတောင်အရှုံးပေးရလောက်အောင် ပို့စ်ပေါင်းသောင်းခြောက် ထောင်နဲ့ပေါ့.

" Taehyung ဒီတခါတော့အတည်ဖြစ်ပြီနော် ငါပြောသားပဲ မင်း Jeon Jungkook ကိုချစ်သွားမှာပါလို့ .ဘာတဲ့ လေကြီးလေကျယ်ပြောသေးတာက ရှိသေး Jeon Jungkook က ငါ့ Type မဟုတ်ဘူးတဲ့ ငါ့မရယ်တော့ဘူး အရမ်းပျော်နေလို့ "

" အစကတော့ ငါType မဟုတ်ဘူးကွ တဖြေးဖြေး ငါ Type ပြောင်းသွားတာတော့ ငါလည်းမသိလိုက်ဘူး "

" ဟားဟားဟား Jeon Jungkook ကြောင့် မင်း Type ပြောင်းသွားရတော့ပေါ့ "

" အေးပေါ့ "

" ဟားဟားဟား Kim Taehyung Kim Taehyung "

" ဘာ​တွေရယ်နေကြတာလည်း "

" မင်းကြောင့် "

နှစ်ယောက်ထဲရှိတဲ့ အခန်းထဲဝင်လို့လာတဲ့ Jungkook.. သူတိူ့နှစ်ယောက်ရယ်မောနေကြတော့သိချင်လို့မေးလိုက်တာကို နဂိုထဲက support man Jimin ပါးစပ်က လွှတ်ခနဲထွက်တော့မှာကို အချိန်မှီ ပါးစပ်ကိုလက်ဖြင့်အုပ်ကာပိတ်လိုက်တဲ့ Taehyung အပိတ်ခံထားရတာတောင် လက်အောက်ကနေ တဝူးဝူး တဝါးဝါးလုပ်နေသေးတာကြောင့် လက်မောင်းကနေဆွဲကာ အခန်းပြင်ကို တွန်းထုတ်လိုက်ပြီး တံခါးပိတ်လိုက်တာကြောင့်အပြင်ကနေ အော်သံကိုကြားလိုက်ရသည်.

" ရားး Kim Taehyung မင်းအကြောင်းကို မင်းဦးလေးရော မင်းယောက္ခမတွေရော မင်းအလုပ်ကလူတွေရော ငါ့ဘဲကြီးကိုရော လျှောက်ပြောပစ်မယ် ကြည့်နေ ဟွန့်"

" ကလေး ဘာဖြစ် "

" ကိုကို Taehyung ပေါ့ "

ဆိုတဲ့အစချီစကားနဲ့စလိုက်ကာ သူ့ရဲ့ လူကြီး Yoongi ကို Taehyung အကြောင်းစတင်ဖောက်သည်ချပါတော့သည်..သူပြောသမျှအားလုံးအမှန်ဆိုတဲ့ Yoongi ကတော့ ပြုံးပြုံးကြီးနဲ့နားထောင်လို့နေသည်..

Impersonator Lover

တဖတ်အခန်းထဲမှာလည်း Taehyung က Jungkook ပခုံးကို သိုင်းဖတ်ကာ Jungkook က Taehyung ရဲ့ခါးလေးနှစ်ဖတ်ကိုကိုင်လို့ထားသည်..

Impersonator Lover (complete) Where stories live. Discover now