32

1.9K 191 8
                                    

သူရဲ့ ဒီဇိုင်းရွေးခံထားရတာကြောင့် ဒီနှစ်ဆောင်းတွင်းကတော့ Taehyung ရဲ့ဒီဇိုင်းနဲ့ အရင်စံချိန်တွေကို ချိုးနိုင်ပါ့မလားလို့အားလုံးကစိတ်ဝင်စားနေကြသလို Taehyung မှာလည်း ဒီဇိုင်းအတွက် စက်ရုံနဲ့ ကုမ္မဏီကိုချောင်းပေါက်လုမတက်သွားနေရသည်..

Jungkook ကလည်း လစ်ရင်လစ်သလိုခိုးပြီးလိုက်ပို့ပေးတက်ပေမယ့် Jungkook ကလည်း CEO ဖြစ်နေတာကြောင့် ဒီနှစ်ဒီဇိုင်းအတွက်သူ့မှာလည်း အလုပ်အားတယ်လို့ကိုမရှိ..

နှစ်ယောက်သား တွေ့ချ်ိန်ကလည်း အရင်လိုကုမ္မဏီရုံးခန်းမှာတောင်တွေ့ဖို့​မလွယ် အိမ်ပြန်ရောက်မှာသာအတိုးတွေရောအရင်းတွေရောပေါင်းပြီး တွေ့ကျမယ်ကြံသော်လည်း နှစ်ယောက်စလုံးအလုပ်ထဲခေါင်းစိုက်နေကြရင်း အိမ်ရှေ့ဆိုဖာမှာသာအိမ်ပျော်သွားတဲ့ရက်တွေမနည်း..

ဒီဇိုင်းထွက်မယ်ရက်ကနီးလာလေ ဒီဇိုင်းနာဖြစ်တဲ့ Taehyung မှာ ရင်တွေခုန်လာသလို မလိုတဲ့သူကလည်းရှိနေတာကြောင့်အမြဲသတိနဲ့သာနေနေရသိ..

ကမ်းခြေသွားတုန်းက တယောက်နဲ့တယောက်နားလည်မှုတွေယူထားခဲ့ကြသည်မို့ Taehyung က အရင်လောက်စိတ်မဆက်တော့သလို Jungkook က သူ့အပေါ်ဘယ်လောက်ချစ်လည်းဆိုတာကိုလည်းသူယုံကြည်တာကြောင့် wooyoung ဘယ်လောက် Jungkook နားကပ်ကပ် သူစိတ်ထဲဘယ်လိုမှမနေတော့..အဲ့လိုဘယ်လိုမှမနေအောင်လည်း တဖတ်က တုန်နေအောင်ချစ်ပေးသည်..

ဘယ်လောက်ပဲပင်ပန်းနေသည်ဖြစ်ဖြစ် Taehyung က သူထက်ပိုပင်ပန်းတယ်ဟုဆိုကာ အိမ်ပြန်ရောက်တိုင်း စားကောင်းသောက်ဖွယ်တွေချက်ကျွေးတက်သလို အနားယူချိန် အလုပ်လုပ်နေချ်ိန်မှာလည်း လက်ကလေးတွေ ခြေထောက်လေးတွေကိုနိုပ်ပေးတက်သေးသည်..အလိုလုပ်ပေးတိုင်း Taehyung ဘက်က မပျက်မကွက် အနမ်းလေးပေးကာ ကျေးဇူးတင်စကားပြောတက်သည်..

Impersonator Lover

ဒီနေ့တော့ နောက်နှစ်ရက်နေရင် ဒီဇိုင်းစတင်ဖြန့်ချီတော့မှာကြောင့် Taehyung မှာ တနေကုန်အလုပ်မအားကာ နေ့လည်စာတောင်အပြင်မထွက်စားနိုင် ဒါကိုအလိုက်သိတဲ့ Jungkook က Taehyung သူဘာသာ မှာတဲ့ပုံစံနေလည်စာကိုလှမ်းမှာပေးကာ Deli နဲ့ပို့ခိုင်းလိုက်သည်..

Impersonator Lover (complete) Where stories live. Discover now