11

2.2K 224 53
                                    

မနက်ခင်းအိပ်ရာနိုးတော့ သူတို့နှစ်ယောက်ရဲ့ အလည်မှာခွခေါင်းအုံးမပြောနဲ့ လေတိုးပေါက် တောင်မရှိ..

Jungkook ရဲ့လက်မောင်းပေါ် Taehyung က ခေါင်းလေးအုံးလို့ လက်တဖက်က ဖက်လို့ထားသည်..

Jungkook ကလည်း သူ့ရင်ခွင်ထဲက Taehyung ရဲ့ ကိုယ်လုံးလေးကို ဖက်လို့ထားပြန်သည်.

Taehyung ထက် Jungkook က အစောကြီးနိုးလာကာ သူတို့နှစ်ယောက်ရဲ့ အခြေအနေကြောင့် Jungkook မှာ သဘောတွေကျနေပြီး မနက်ခင်း အနမ်းလေးကို Taehyung ရဲ့ ခေါင်းလေးသို့ ပေးလိုက်သေးသည်..

သူ့ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ Taehyung ရဲ့ မျက်နှာလေးကို အနီးကပ် တဝကြီး ကြည့်နေမိသည်..

ပြတင်းပေါက်က တိုးလို့လာတဲ့ လေညှင်းလေး
ကြောင့် လိုက်ကာစလေးလွှင့်သွားချိန်မှာ နံနက် ခင်းနေရောင်ခြည်ပြပြလေးက Taehyung ရဲ့ မျက်နှာပေါ်ကျရောက်လာတော့ Jungkook ဟာ လက်ကလေးနဲ့ ကာပေးလိုက်တော့ မျက်လုံးစူးသွားလို့ အိပ်ရင်းမျက်မှောင်ကျုတ်သွားတဲ့ Taehyung ရဲ့မျက်နှာလေးက ပြန်ပြေရော့လို့သွားပြီး ခဏအကြာမှာ လှုပ်လှုပ် လှုပ်လှုပ်နဲ့နိုးလာတာကြောင့် Jungkook ဟာ ကာထားတဲ့ လက်ကိုဖယ်လိုက်ပြီး အိပ်ချင်ယောင်ပြန်ဆောင်နေတော့သည်..

ခုမှနိုးလာတဲ့ Taehyung ဟာ သူက Jungkook ရဲ့ ရင်ခွင်ထဲ ရောက်နေတာမှန်းလည်းသိရော ခေါင်းလေးကိုဖြေးဖြေးရွေ့ကာ မော့ကြည့်လိုက်တော့ Jungkook က အိပ်နေသေးတာကြောင့် ကုတင်ပေါ်ကနေ နောက်ပြန်ဖြေးဖြေးခြင်း Jungkook မနိုးအောက်ဆင်းလို့ ရေချိုးခန်းထဲ ဝင်လာခဲ့သည်..

ကုတင်ပေါ်က Jungkook ကတော့ Taehyung ထွက်သွားတာနဲ့ ပြုံးစိပြုံးစိနဲ့ ထလာခဲ့သည်..

ရေချိုးခန်းထဲ အနောက်ကနေဝင်လာတဲ့ Jungkook ကြောင့် Taehyung မှာ သွားတိုက်နေရင်း လန့်လို့သွားသည်..

" လန့်လိုက်တာ "

" တံခါးဘာလို့မပိတ်ထားတာလည်း "

" မေ့သွားတာ"

" ဟိုဘက်လှည့်နေ သေးပေါက်ချင်လို့ ခိုးမကြည့်နဲ့နော် "

" ဘာ ဘာလို့ခိုးကြည့်ရမှာလည်း "

Jungkook ဟာ Taehyung ကို စချင်တာ
ကြောင့်တမင်ပြောလိုက်တာဖြစ်သည်. ရှက်လို့သွားတဲ့ ကောင်လေး ရဲ့ မျက်နှာလေးကတော့ မှန်ထဲကနေလှမ်းကြည့်တာတောင် ရှက်သွားမှန်းသိသာသည်..

Impersonator Lover (complete) Where stories live. Discover now