13

2K 207 19
                                    

ပထမဆုံး နှစ်ယောက်တူတူ အလုပ်သွားတဲ့နေ့ပေါ့.. မနက်စာ စားသောက်ပြီးပြင်ဆင်စရာရှိတာပြင်ဆင်ကာ Jungkook က အရင်ရောက်လို့ နေပြီး Taehyung အလာကို ကားပေါ်ကစောင့်လို့နေသည်..

Taehyung ဟာ သူကျောပိုးအိတ်လေးကိုလွယ်လို့ ဖုန်းပြောရင်း ပြေးဆင်းလာပြီး ကားပေါ်သို့မြန်မြန်တက်လိုက်သည်..ကားပေါ်မှာ စောင့်နေတဲ့ Jungkook ကိုပြုံးပြကာ ဖုန်းကိုသာဆက်ပြောနေတဲ့ Taehyung..

Jungkook က စကားပြောနေတဲ့ Taehyung ကို
ကြည့်ပြီး ကားသာမောင်းတော့မယ် ခါးပတ်ပက်ဖို့က အစီအစဥ်မရှိတာလား.Bus ကားစီးနေကြမို့ အလေ့အကျင့်မရှိတာလားမသိ..

Jungkook က ကားမထွက်သေးတာ သူခါးပတ်မပက်လို့ဆိုတာမသိပဲ ဖုန်းပြောရင်း Jungkook ကိုကြည့် မျက်ခုံးလေးပင့်ပြီး ဘာလို့မမောင်းသေးတာလည်းဆိုတဲ့ အထာနဲ့မေးနေတာကြောင့် Jungkook လည်းမှမပြောတော့ပဲ ခါးပတ်ကြိုးကိုလှမ်းဆွဲကာ ပက်ပေးတော့မှပဲ သူရှေ့ရောက်လာတဲ့ နီးကပ်လှတဲ့ အနေအထားကြောင့် Taehyung မှာ ဖုန်းပြောနေတာတောင်ရပ်လို့သွားတော့သည်..

" မင်းမှ ခါးပတ်မပက်တာ "

" အင်းးး မေ့သွားလို့"

" ခုဘယ်လည်း စျေးလား စက်ရုံလား "

"ဟို "

" ဘယ်လည်း "

" ကားဂိတ်ပဲပို့ပေးတော့ Jungkook ငါ သွားစရာလေးရှိလို့ "

" အဲ့သွားစရာက ဘယ်နေရာမို့လို့လည်း ငါလိုက်ပို့ပေးမယ်လေ "

" ငါ့ အသိတယောက်နဲ့တွေ့စရာရှိလို့ အဲ့တာ DDAY Hotel ကိုသွားမလို့ ငါ့ဘာသာကားငှားသွားလိုက်မယ် "

" ငါလိုက်ပို့ပေးမယ် "

" အင်း ပြီးရောလေ "

နှစ်ယောက်သား အတူတူသာလာတာသူတို့နှစ်ယောက်ရဲ့လေထုလေးကတော့တိတ်ဆိတ်စွာ..
Radio ကလာနေတဲ့ အဆိုတော် RM ရဲ့ seoul သီချင်းလေး. မှန်တံခါးကိုဖွင့်ကာ လေညှင်းခံရင်း ထိုသီချင်းလေးကိုနားထောင်လို့နေတဲ့ Taehyung..DDay hotel ရှေ့ရောက်တော့ ကားပေါ်က ဆင်းတော့မယ့်Taehyung ကို လှမ်းခေါ်လိုက်တဲ့ Jungkook..

" Taehyung "

" အင်း "

" ညနေကျရင် omma က ခဏလောက်လာခဲ့ပါတဲ့ အဲ့တာ မင်းမအားလည်းရပါတယ် ငါomma ကို.."

Impersonator Lover (complete) Hikayelerin yaşadığı yer. Şimdi keşfedin