4

2.7K 253 14
                                    

shopping ထွက်လို့အပြီးမှာ အထုတ်ကိုယ်စီနဲ့ Jimin ရဲ့အိမ်ကိုသာ ပြန်လာခဲ့ကြသည်..

အသိုင်းအဝိုင်းကောင်း ထိပ်တန်းသူဌေးစာရင်းဝင်ပေမယ့် Jimin တို့မိသားစုလေးဟာ အလွန်ပင်အေးချမ်းသည်..

သားလေးတယောက်သာမွေးထားပြီး ငယ်ငယ်ထဲက ချူချာတဲ့ Jimin လေးဟာ မိဘတွေရဲ့ပိုးမွေးသလိုမွေးထားခြင်းခံထားရတာကြောင့် အပျော်အပါးအရမ်းမက်သလို အပေါင်းအသင်းလည်းမက်သည်..

သို့သော် ငယ်ငယ်က ကျန်းမာရေးကြောင့် ကျောင်းကောင်းကောင်းမတက်ပဲ အတန်းရတဲ့ ကျောင်းလေးမှာသာ အတန်းတက်တယ်ဆိုရုံပြကာ အတန်းအဆင့်တက်အောင်လုပ်ခဲ့ရသည်..

ငယ်ငယ်က ဝဝကစ်ကစ်လေးဖြစ်နေတဲ့ Jimin ဟာ.. ရောဂါကြောင့် အရမ်းဝနေခြင်းဖြစ်တာကိုအတန်းထဲရှိ အခြား ကလေးသူငယ်ချင်းတွေက မသိပဲ Jimin လေးကိုအမြဲဝိုင်းစတက်ကြပေမယ့် ..

တကျောင်းလုံးရဲ့ အသဲကြော်ပဲလှော် တက်ကြွတဲ့ကြက်ဖ Kim Taehyung လေးကတော့ Jimin ကို မြင်မြင်ထဲက ပေါင်းဖောင်းဖောင်းလေးနဲ့မို့ သူ့အရမ်းချစ်သွားပြီး Jimin နားသွားကာ ထိုပါးလေးတွေကို ဆွဲညစ်လို့ ..

Jimin ကိုဝိုင်းစကြရင်လည်း သူကအမြဲကာကွယ်ပေးတက်သည်..ငယ်စဥ်ကလေးဘဝထဲက ခင်ခဲ့တဲ့ သူတို့နှစ်ယောက်သံယောဇဥ်ကို မည်သူမျှမြင်နိုင်မယ်မထင်..

Taehyung မိဘတွေဆုံးသွားချိန်မှာလည်း Taehyung ငိုသလို Jimin ကပါလိုက်ငိုကာ Taehyung ကိုအများကြီးစိတ်သက်သာရာရစေခဲ့တာလည်း Jimin တယောက်ပဲရှိသည်..

ဆင်းရဲတဲ့ Taehyung ကို အမြဲလိုချင်တာမှန်သမျှသတိတရဝယ်ပေးတက်တာလည်း Jimin တယောက်သာရှိသည်.တယောက်ရဲ့စိတ်ကို တယောက်ကသိနေတာကြောင့် တယောက်နဲ့တယောက် ခံစားချက်တွေကို ရင်ဖွင့်ကာ နှစ်သိမ့်ပေးတက်ကြသေးသည်..

အိမ်ထဲသို့ အထုတ်ကိုယ်စီနဲ့ဝင်လို့လာတဲ့ ကလေးနှစ်ယောက်ကို ဧည့်ခန်းမှာထိုင်ကာ အလှပန်းအိုးထိုးနေတဲ့ အမေဖြစ်သူဟာ လှမ်းကြည့်ပြီး..

" ဒီကလေးနှစ်ယောက် shopping ထွက်လာကြပြန်ပြီလား "

" nae omma "

Impersonator Lover (complete) Where stories live. Discover now