27

2K 195 5
                                    

ဒီဇိုင်းဒီနေ့တင်ပြရမှာကြောင့်အလုပ်စားပွဲမှာ ကိုယ်စီအလုပ်ရှုပ်နေကြသည်..Taehyung ရဲ့နားမှာလည်း sobin ကလာပြီး အနားနားကပ်ကာ ဒီဇိုင်းတွေလာကြည့်လိုက် ပေးရမယ့်စာရွက်တပေးလိုက် yeonjun ကရောက်လာလိုက် နဲ့ တပူးပူးဖြင့်နေကြသည်.

ဒါကို အလုပ်ကိုနောက်မှရောက်လာတဲ့ Jungkook.. Taehyung က အိမ်ကနေမပြောမဆိုနဲ့ အစောကြီးထွက်သွားတာကြောင့် စိတ်ကလည်းဆိုးနေသည်..

ဒီဇိုင်းဌာနရှေ့ကဖြတ်တော့ Taehyung ခုံကို ရောက်မရောက်လှမ်းကြည့်မိပြန်တော့ ခေါင်းနှစ်လုံးပူးနေတာလည်းမြင်ရော ဒီဇိုင်းဌာနရဲ့ မှန်တံခါးကို လက်ဝါးဖြင့်ရိုက်လိုက်တာကြောင့် အခန်းတခုလုံးကလူတွေဟာ ရိုက်လိုက်တဲ့အသံကြောင့် လန့်လို့သွားကြကာ အကုန်လုံးအကြည့်က CEO Jeon စီသို့..Taehyung ကတော့ ရဲရဲတောင်မကြည့်ရဲ..

မနက်က ဟိုနှစ်ကောင်က ပြရမယ် စတစ်အိမ်မှာကျန်ခဲ့တယ်ပြောလို့ သူစီမှာရှိတာကိုအချောသက်ဖို့ ရုံးကိုအစောကြီးထွက်လာခဲ့ရတာ Jungkook က နိုးတောင်မနိုးသေး..

လက်ကိုပက်တီီးသွားဖြည်မယ်လို့ပြောထားတာလည်း မသွားဖြစ်တော့ Jungkook စိတ်ဆိုးနေမယ်ဆိုတာသိနေတဲ့ Taehyung ခေါင်းလေးငုံ့ကာ ခိုးကြည့်လိုက်တော့ Jungkook ရဲ့ အကြည့်စူးစူးတွေက Taehyung စီသို့..Taehyung မှာ မသိမသာလေး တံတွေးမြိုချလို့နေသည်..

" အားလုံး Fighting "

ဒီစကားလေးပြောဖို့ကို မှန်တံခါးကိုရိုက်လိုက်တာ မှန်တံခါးမကွဲရုံတမယ်ပဲ..ဒီဇိုင်းအားလုံးလုပ်လို့ပြီး ချိန်မှာ Taehyung ဟာ Jungkook စီ message တစောင်လှမ်းပို့လိုက်သည်..

* Toilet ထဲခဏလာခဲ့ *

Jk pov..ဘာလို့လာရမှာလည်း မလာဘူး

Taehyung မှာ ဘေးကနှစ်ယောက်ကိုပြောကာ Toilet ဘက်ထွက်လာခဲ့သည်..Toilet ထဲ ရောက်တော့ အထဲမှာမည်သူမှ မရှိ.. ခဏအကြာမှ ရောက်လို့လာတဲ့ CEO Jeon..

" ဘာကိစ္စရှိလို့လည်း "

" မနက်ကလေ အရေးပေါ်ကိစ္စလေးဖြစ်လို့အဲ့တာ မပြောပဲထွက်လာမိလိုက်တာ စိတ်ဆိုးနေတာလား ဟင် "

" မသိဘူးလား "

" ကိုကို ကလည်း "

Taehyung ဟာ Jungkook ကိုမော့ကြည့်လို့ ခေါင်းလေးစောင်းကာ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ချွဲလိုက်ချိန်မှာတော့ Jungkook ဟာ နံရံဖတ်
လှည့်ကာ စိတ်တွေပြန်စုစည်းပြီး..

Impersonator Lover (complete) Where stories live. Discover now