2

2.9K 250 22
                                    

"လက်ထပ်ရအောင် "

" ဟင် အဲ့တာလား ဟိုလေ အဲ့တာက "

Taehyung ရဲ့ အထစ်ထစ်အငေါ့ငေါ့နဲ့ မျက်လုံးက တောင်ရောက်မြောက်ရောက် လက်ညိုးလေးတထိုးထိုးနဲ့ပြောနေတဲ့ ပုံလေးကို ခုံကိုမှီကာ လက်ကိုပိုက်လို့ မျက်တောင်မခက်သေချာစိုက်ကြည့်နေတဲ့ Jungkook..

" အဆင်မပြေတာရှိလို့လား "

Jungkook ဘက်က အဆင်မပြေတာရှိလို့လားလို့မေးလိုက်တော့ ချောင်းတချက်ဟန့်ကာ ခုံကိုမှီကာ Jungkook အတိုင်း လက်ကိုပိုက်လို့ ခြေထောက်ကိုချိတ်ထိုက်လိုက်ကာ မျက်နှာကို ပြန်ချီလိုက်ပြီး..

"အဟင့် အင်း မပြေဘူး "

" ဘာလို့လည်း "

" ခုတွေ့ ခုလက်ထပ်ရအောင် ကျွန်တော်က အဲ့လောက်မပေါဘူးနော် "

Taehyung လည်းနည်းမျိုးစုံ စဥ်းစားကာ ဉာဏ်များပြီး ပြောနေပါသော်လည်း မျက်နှာခြင်းဆိုင်ကတယောက်ကတော့ အေးရာအေးကြောင်း သာ..

"ကျွန်တော်ဘက်ကတော့လူကြီးတွေစီစဥ်တဲ့အတိုင်း မြန်မြန်လက်ထပ်နိုင်ရင် ပိုကောင်းမယ်လို့ထင်ပါတယ် "

Jungkook ရဲ့ စကားကြောင့် ဟက် ဆိုပြီး ခနဲ့သလိုရီလိုက်ကာ မျက်နှာလေးမဲ့လို့ ခေါင်းလေးစောင်းကာ မျက်လုံးစောင်းပြီးပြန်ကြည့်ကာ စားပွဲခုံပေါ် လက်ကလေးဖြင့်ပုတ်လိုက်ပြီး..

"ဟက် လူကြီးတွေစီစဥ်တဲ့အတိုင်း ခင်များက ကျွန်တော်ကိုလက်ထပ်မှာပေါ့ အချစ်မပါပဲနဲ့ပေါ့ ဟုတ်လား"

လက်ဟန်ခြေဟန်နဲ့ မျက်လုံးလေးပြူးကာပြောနေတဲ့ Taehyung ရဲ့ ပါးစပ်လေးကို နောက်တခါ အသံမထွက်အောင် ထပ်မှန်ပြောလိုက်တဲ့ Jungkook ရဲ့ စကား..

"ဒါဆို တွဲရအောင် "

" ဟင် "

" လက်မထပ်ချင်သေးဘူးဆိုရင် လောလောဆယ် တယောက်အကြောင်းတယောက်သိရအောင် တွဲရ အောင်လေ "

ခုံပေါ်ကို လက်ကလေးတင် မျက်တောင်လေးပုတ်ခက်ပုတ်ခက်ဖြင့် ဘာမှပြန်မပြောနိုင် Jungkook ကိုသာကြည့်နေမိတော့တဲ့ Tae.သူ့အတွေးထဲမှာတော့

Tae pov..Jiminie ငါဘယ်လိုလုပ်ရတော့မလည်း 😭

" ဒါဆို ပြောစရာမရှိတော့ဘူးဆိုတော့ပြန်ကြတော့မလား "

Impersonator Lover (complete) Where stories live. Discover now