29

1.9K 163 12
                                    

ခန္တာကိုယ်နှစ်ခုအဝတ်အစားကင်းမဲ့နေကာပူးကပ်လို့ထားပြီးနိုးထလာတဲ့ မနက်ခင်းလေးဟာ အေးဆက်မနေပဲ နွေးထွေးမှုအပြည့်..

Taehyung ရဲ့ ခန္တာကိုယ်လေးကို အနောက်ကနေဖတ်လို့ထားတဲ့ Jungkook..စောင်ခြုံထားပေမယ့် ပေါ်နေတဲ့ ပခုံးဖွေးဖွေးလေးကို အနမ်းတချက်အရင်ပေးကာ အိပ်နေရာကနေခေါင်းလေးထောင်လိုက်ပြီး ပါးပြင်လေးကို အနမ်းတချက်ပေးပြန်သည်..

အစောကြီးနိုးနေပေမယ့် ခုအခြေအနေတိုင်း အိပ်ယာထရမှာရှက်လို့နေတဲ့ Taehyung မှာ အိပ်ချင်ယောင်ဆောင်ရုံမှအပ အခြားမရှိ..သို့သော် Jungkook ရဲ့အနမ်းမှာ ခန္တာကိုယ်လေးတွန့်သွားမိတာကြောင့် အိပ်ချင်ယောင်ဆောင်နေတာ လူမိလို့သွားသည်..

" Tae morning ပါ "

ခေါင်းလေးညိတ်ပြရုံသာညိတ်ပြလိုက်ပြီး စောင်ကိုခေါင်းထိဆွဲခြုံံလိုက်သည်..ဒါကိုအနောက်ကတယောက်ကပါ ထိုစောင်ခြုံထဲတူတူလိုက်ဝင်ပြီး အစကကျောပေးထားတာကို ခုတော့ခါးကနေဆွဲလှည့်ကာ မျက်နှာခြင်းဆိုင်စေသည်..

မျက်နှာခြင်းဆိုင်အခြေအနေမှာ Taehyung ဟာ မျက်လုံးကိုစုံမှိတ်ထားတော့ Jungkook မှာ Taehyung ရဲ့မျက်နှာလေးကို ပြုံးပြီးကြည့်ကာ နှုတ်ခမ်းလေးကို အနမ်းလေးတပွင့်ပေးလိုက်သည်.

" မင်းရှက်နေတာလား ငါ့အရင်ထပေးမယ် ပြီးမှလိုက်ခဲ့ "

Taehyung မှာ မျက်လုံးမှိတ်လျက် မျက်နှာလေးမဲ့ကာ ခေါင်းလေးညိတ်ပြလိုက်တော့ Jungkook မှာတဖန်ထပ်ပြုံးမိကာ နဖူးလေးကို အန​မ်းပေးပြီး တူတူခြုံလို့ထားတဲ့ စောင်ထဲကနေထသွားတော့သည်..

သူထသွားတာနဲ့ စောင်ပုံထဲက ကိုယ်လုံးလေးဟာ ကွေးကွေးလေးဖြစ်သွားတာကိုကြည့်ပြီး Jungkook မှာ ပြုံးလိုက်မိပြန်သည်..တမနက်ထဲကို Taehyung ကြောင့် သူပြုံးမိတာ ခဏခဏဖြစ်နေပြီ...

စောင်ထဲကနေ Jungkook ရဲ့အသံကိုနားထောင်ပြီး အသံမကြားရတော့မှ စောင်လေးကို ဖြေးဖြေးခြင်းဖယ်ကာခိုးပြီးကြည့်လိုက်တော့ မရှိတော့မှစောင်လေးဖယ်ကာ ထဖို့လုပ်တော့ ကုတင်ပေါ်တင်ပေးခဲ့တဲ့အဝတ်အစားတွေကြောင့် Taehyung မှာ အလိုလိုပြုံးမိသွားသည်...

Impersonator Lover (complete) Where stories live. Discover now