33

1.8K 175 21
                                    

အအေးမိထားတာကြောင့်အဖျားငွေ့ငွေ့လေးရှိနေတဲ့ Taehyung. ညထဲက တညလုံး ဖျားမှာစိုးလို့ အနားမှာ နေပေးကာဂရုစိုက်ခဲ့တာကြောင့် မနက်ခင်းမှာ အဖျားအရမ်းမကြီးနေ..

သူကအစောကြီးနိုးလာသလို သူ့လက်မောင်းပေါ်အိပ်နေတဲ့ Taehyung ကလည်း မနိုးအောင်ဖြေးဖြေးချင်းလက်ဖယ်တာတောင်မရဘူး နိုးလို့သွားသည်..

" ဟင်~မိုးလင်းပြီလား "

" အိပ်အုံး အစောကြီးရှိသေးတယ် "

" မင်းကရော "

ပြွတ်

" ဒီရက်ပိုင်းခွင့်လွှတ်ပေးထားတာ မရတော့ဘူး ခုတော့ အပြစ်ပြန်ပေးတော့မယ် ပြန်ပြင်ပြော ကိုကိုကရောလို့ "

" ခေါ်ဘူး အဲ့တာခေါ်ရတာအဆင်မပြေဘူး "

ရင်ခွင်ထဲကနေတဖတ်လှည့်ကာ ကျောပေးလိုက်တဲ့ ကိုယ်လုံးလေးကို ရင်ခွင်ထဲပြန်ဆွဲသွင်းကာ အနောက်ကနေ တင်းတင်းကြပ်ကြပ်လေးဖတ်လိုက်တဲ့ Jungkook..

" ခေါ်ပါကွာ Tae ကလည်း အဲ့လိုလေးအခေါ်ခံချင်လို့ပါ နော် ကိုကို လို့အခေါ်ခံချင်လို့ပါဆို "

ရင်ခွင်ထဲကနေခေါင်းခါပြနေတဲ့ Taehyung ကို အသနားခံနေတဲ့ Jungkook ရဲ့ အဖြစ်ကလည်းရယ်ချင်စရာ..

" ကိုကိုကွာ ကိုကို ကိုကို ကိုကို ကိုကို တော်တော်အခေါ်ခံချင်နေတယ် ဟွန့် "

" ချစ်တယ်ကွာ ချစ်တယ် ချစ်တယ် ချစ်တယ် ချစ်တယ် အရမ်းချစ်တယ် အိပ်အုံး မနက်စာပြင်လိုက်အုံးမှာနော် ပြွတ် "

" အင်း "

ခေါင်းလေးကို အနမ်းပေးလို့ အိပ်ယာထဲကထွက်လို့လာတဲ့ Jungkook..သူမျက်နှာသစ်ပြီးပြန်ထွက်လာတော့ ပြန်အိပ်ပျော်နေတဲ့ Taehyung ကိုလှမ်းကြည့်ကာ ပြုံးလို့အခန်းထဲကထွက်လာခဲ့သည်..

နောက်တနာရီလောက်အကြာမှာ မနက်စာပြင်ဆင်နေတဲ့ သူရဲ့နားရောက်လို့လာကာ ဘေးမှာရပ်လို့ လက်မောင်းလေးကိုမှီလိုက်တဲ့ Taehyung..

" ဘာချက်နေတာလည်း ငါဗိုက်ဆာလို့ "

" ငါးဆန်ပြုတ်လုပ်ထားတယ် သွားထိုင်နေ ငါယူခဲ့မယ် "

Impersonator Lover (complete) Where stories live. Discover now