26

2K 198 27
                                    

Taehyung တယောက်အလုပ်ပြန်တော့လည်း နေ့လည်ထဲကထွက်သွားတဲ့ Jungkook ကပြန်မလာတာကြောင့်သူဘာသာပြန်ကာ စျေးပါဝင်ဝယ်ပြီး အိမ်ပြန်ကာ ဝက်သားကင်ရယ် ဆလပ်ရွက်ရယ် ကင်မ်ချီလေးရယ် တူတူသောက်ရအောင်ဆိုပြီး မက်ဂျူလေးပါ အဆင်သင့်ပြင်ဆင်လို့ထားသည်..

သူပြင်ဆင်ပြီးတာတောင်တော်တော်နဲ့ပြန်မလာတဲ့ Jungkook..Taehyung မှာ အိမ်ရှေ့တံခါးဝလေးနားမှာထိုင်စောင့်လို့နေသည်..ဖုန်းကနာရီကြည့်တော့ 8:00 နာရီတောင်ရှိပြီခုထိမလာသေး..သူ့ခမျာဗိုက်လည်းဆာနေပြီလေ..

8:30 လောက်မှသာ ရောက်လို့လာတဲ့ Jungkook..ကားပေါ်က ဆင်းလို့လာတဲ့ Jungkook ကို ပြေးကြိုကာ လက်ကိုင်အိတ်လေးကိုလှမ်းဆွဲပေးဖို့လုပ်လိုက်တော့ လက်ကိုရှောင်လိုက်တဲ့ Jungkook..

Taehyung မှာ ပြုံးပြကာ အနောက်ကနေလိုက်လို့ Jungkook ရဲ့ ဘေးနားကနေသွားကာ ကိုယ်လေးစောင်းလို့လက်ကလေးနောက်ပြစ်ကာ Jungkook ရဲ့မျက်နှာကိုကြည့်လို့

" ကိုကို စိတ်ဆိုးနေတာလား ဘာလို့လည်း Tae ကလေ sobin တို့နှစ်ယောက်က တူတူထမင်းစားမယ်ပြောတော့ မစားဘူးပြောရင်အမေးအမြန်းထူနေကြအုံးမှာမို့လို့ပါ "

" အဲ့တော့."

နှုတ်ခမ်းလေးတထော်ထော်နဲ့ရှင်းပြနေတဲ့ Taehyung..မလုပ်စဘူးတွေ လုပ်ကာ Jungkook ကိုချော့နေရတာ လက်နောက်ပြစ်ထားတဲ့ လက်အချင်း ချင်းညစ်လို့ သူ့ဘာသူလည်းအသဲတွေယား..

ဘယ်ဘက်ခြမ်းကနေ ညာဘက်သို့ရောက်သွားပြန်ကာ မျက်နှာလေးကိုမော့ကာကြည့်လို့.သွားလေးတွေစီတန်းတဲ့အထိ ပြုံးပြကာ..

" အဲ့တော့လေ ခု Tae က ကိုကိုကြိုက်တဲ့ ဝက်သားကင်ရယ် ဆလပ်ရွက်ရယ် လုပ်ထားတယ် စားမယ်မဟုတ်လားဟင် မက်ဂျူလည်း ပါတယ် စားမယ်မဟုတ်လားလို့"

လက်ချောင်းလေးတွေချိုးကာ တခုခြင်းရေတွက်ပြနေတဲ့ Taehyung ကို ဂရုမစိုက်ကာ အိမ်ပေါ်တက်တော့မယ့် Jungkook..သူ့ ရဲ့ အကျီစလေးကိုလှမ်းဆွဲကာမျက်လုံးအဝိုင်းသားလေးနဲ့ မော့ကာကြည့်လို့မေးနေပေမယ့် Jungkook ဟာ သူ့အကျီကိုဆွဲထားတဲ့ လက်ကလေးကို တွန်းဖယ်ကာ

" ငါစားပြီးပြီ "

Jungkook ပြောလိုက်တော့ ခုဏပြုံးနေတဲ့ မျက်နှာလေးဟာချက်ချင်းကိုစိတ်မကောင်းဖြစ်ကာ မျက်နှာလေးပျက်သွားပြီး ခေါင်းလေးငုံ့ကျသွားသည်..တဖန်မလျော့သေးတဲ့ Taehyung ဟာ..

Impersonator Lover (complete) Where stories live. Discover now