31

1.9K 169 19
                                    

နေ့ခင်းလောက်ကမ်းခြေရောက်တော့ ခဏလောက်အနားယူကြပြီး ညနေမှာ ရေထဲဆင်းဆော့ကြသည်.

Taehyung sobin yeonjun hobi တို့ ယောက်ကျားလေး 4 ယောက်က သဲသောင်ပြင်ပေါ် ဘောလုံးကစားနေကြပြီး တချို့မိန်းကလေးတွေနဲ့ wooyoung ကရေဆင်းကူးကာ တချို့တွေက ဓာတ်ပုံရိုက်နေကြသည်..

CEO omma နဲ့ အဖွားတို့ကတော့ ကမ်းခြေမှာ ထိုင်ခုံနဲ့ထိုင်ကာ လေညှင်းခံနေကြသည်...

အားလုံးအေးဆေးဖြစ်နေချိန်မှာ ရေကူးနေတဲ့မိန်းကလေးတွေစီက wooyoung ရေနစ်နေတယ်ဆိုပြီးအော်ခေါ်သံကြောင့် ကမ်းခြေမှာ ဘောလုံးဆော့နေတဲ့ Taehyung ကလည်းရေထဲပြေးဆင်းသွားသလို ထိုင်ခုံမှာထိုင်ကာလေညှင်းခံနေတဲ့ Jungkook ကလည်း ရေထဲပြေးဆင်းလာသည်..

Taehyung ကပင်လယ်ထဲအရင်ရောက်ပေမယ့် ရေကူးတာက Jungkook ကိုမမှီ.. Jungkook က ရေနစ်နေတဲ့ wooyoung ကို အရင်ကယ်လိုက်နိုင်ကာ ကမ်းစပ်ကိုပြန်ဆွဲခေါ်လာနိုင်သည်..

Taehyung ကတော့ လမ်းတဝက်ကပြန်ကွေ့လာကာ ဒူးလောက်ပဲရှိတဲ့ရေထဲကနေ ကမ်းစပ်သို့လမ်းလျှောက်လာရင်းကမ်းစပ်က ရေနစ်လို့သတိမေ့နေတဲ့ wooyoung ကို အသက်ကယ်ပြုစုနေတဲ့ Jungkook ကိုလှမ်းကြည့်ရင်းလျှောက်လာလိုက်တာ ရေထဲက ခရုခွံ့တခုက ရေနူးနေတဲ့ သူ့ရဲ့ခြေထောက်ကိုလှီးဖြတ်လိုက်သလိုခြေဖဝါးဘေးဘက်မှာ ရှလို့သွားသည်..

" အာ့ "

ကမ်းစပ်နားရောက်တော့ ကိုယ့်ခြေထောက်ကို ကိုယ်ပြန်မကြည့်လိုက်တော့ ရှရာကသွေးကတော်တော်လေးစီးကျလို့နေသည်..

အားလုံးရဲ့ အာရုံက wooyoung စီရောက်နေကြတာကြောင့် တိတ်တိတ်လေးပဲ ခြေထောက်အနာထဲသဲဝင်မှာဆိုးတာကြောင့် ခြေဖျားလေးထောက်ကာ အခန်းရှိရာစီသို့ ထော့နဲ့ထော့နဲ့ နဲ့ ဖြေးဖြေးခြင်းပြန်လာခဲ့သည်..

ဒါကို Taehyung ပျောက်သွားလို့ လိုက်ရှာနေတဲ့ omma ဖြစ်သူက အဝေးကနေလှမ်းတွေ့သွားကာ ခြေထောက်ကိုလဲမြင်သွားတော့သည်..

" မန်နေဂျာ Hobi ဒါမင်းဂရုစိုက်ရမယ့်အလုပ် CEO က အကုန်လိုက်လုပ်နေရတယ် ထ Jeon Jungkook အခန်းပြန်တော့ "

" ဗျာ omma "

သတိရမလာသေးတဲ့ wooyoung ကို ထားခဲ့ခိုင်းကာ အခန်းပြန်ခိုင်းနေတဲ့ omma ဖြစ်သူကြောင့် Jungkook ရော အခြားအလုပ်သမားတွေပါထူးဆန်းလို့နေသည်..

Impersonator Lover (complete) Where stories live. Discover now