28

2K 169 12
                                    

အလုပ်နားရက်ဖြစ်တာကြောင့် Taehyung ဟာ အိပ်ယာကိုနေဖင်ထိုးမှ ထလာခဲ့သည်..အရင်ဒီဇိုင်းကိစ္စကြောင့် နေ့နေ့ညညကြိုးစားထားတာကြောင့်ခုလိုနားရပ်မှာပိုးဆိုးပက်ဆက်အိပ်ပြစ်လိုက်သည်..

9 နာရီကျော်နေပြီ ထမလာတာကြောင့် Jungkook မှာနေမကောင်းလို့များလားစိတ်ပူကာအခန်းထဲကိုဝင်ကြည့်လိုက်တော့ အိပ်ယာပေါ်မှောက်လျက် ခြေကားယားလက်ကားယားအိပ်ပျော်နေတဲ့ Taehyung စောင်ကလည်းကြမ်းပြင်မှာပုံလျက်သားလေးရှိလို့နေသည်..
Jungkook ဟာ ကုတင်ဘေးလေးမှာသွားထိုင်ကာဆံပင်လေးတွေကို သက်တင်ပေးရင်း..

" Tae မထသေးဘူးလား "

" အင်းစောပါသေးတယ် ခဏလောက်အိပ်အုံးမယ် "

" Tae ဒီနေ့နားရက်စျေးဝယ်ထွက်ကြမလား ညနေဟင်းချက်စားကြရအောင်လေ "

" အင်း "

အိပ်ချင်မှုးတူးနဲ့ထတော့ထိုင်လိုက်တာပဲ သို့သော်မျက်လုံးကမပွင့်သေး..အိမ်ယာပေါ်ကနေထကာ ရေချိုးခန်းထဲထိသွားတဲ့လမ်းတလျှောက်မျက်လုံးမဖွင့်ပဲသွားနေတဲ့ Taehyung..

သူဟာသူတော့ဟုတ်နေတာပဲ ရေချိုးခန်းထဲကိုတန်းလို့..ရေချိုးခန်းထဲဝင်သွားတာကိုလှမ်းကြည့်လိုက်တော့ ရေချိုးခန်းတံခါးကိုပိတ်ပုံမပေါ် ဘာသံမှမကြားရ သူတို့ အမေလာတုန်းကတူတူအိပ်ခဲ့တုန်းကအတိုင်းတံခါးကဖွင့်လျက် Jungkook လည်း Taehyung ထွက်လာရင်ရှက်မှာဆိုးလို့မသိမသာလေးအခန်းထဲကထွက်လာခဲ့လိုက်သည်..

ပြီးလောက်ပြီဆိုတဲ့အချိန်လောက်မှ ဒုတိယအကြိမ်တံခါးခေါက်လိုက်တော့ အခန်းထဲဝင်ခဲ့ဖို့ပြောတဲ့ Taehyung..

" Tae ငါတို့စျေးဝယ်ထွက်ရအောင် ဟင်းချက်စားကြမလား "

တခုခုကိုစဥ်းစားလိုက်တဲ့ပုံ ပြီးမှအကြံရသွားတယ်ထင်တယ် မျက်လုံးလေးပြူးလို့လက်ညိုးလေးထောက်ကာ..

" Jungkook ငါတို့ ငါးစျေးသွားရအောင်ပင်လယ်စာလုပ်စားကြမယ်လေ "

အဝတ်ဗီဒိုထဲက အကျီထုတ်ရင်ကျောပေးကာပြောနေတဲ့ Taehyung.. အနောက်နေ ခါးကြီးထောက်လို့ကြည့်နေတဲ့ Jungkook ကိုသူမမြင်သေး shirt အကျီလေးထုတ်ကာ ဝတ်ထားတဲ့ အဖြူရောင် Tshirt လေးပေါ်ကနေထပ်ဝတ်ပြီး လှည့်ကြည့်လိုက်တော့သူနောက်တည့်တည့်ရောက်နေတဲ့ Jungkook ကြောင့် Taehyung မှာ လန့်သွားကာ အနောက်ကဗီဒိုမှာကပ်လို့သွားသည်.

Impersonator Lover (complete) Where stories live. Discover now