8

2.5K 240 10
                                    

ညစာစားပွဲက ရင်နှီးတဲ့ သူငယ်ချင်း အနည်းစုနဲ့သာကျင်းပဖြစ်တာကြောင့် ပျော်​ပျော် ပေါးပါး စိတ်ကြိုက်ကဲနေကြသည့် အထဲ Taehyung တော့မပါ..

ဒါကိုလည်း ဟန်ဆောင်လက်ထပ်တာကို အရေးကြီးခွင့်ကျယ်လုပ်နေတဲ့ Jungkook ကိုလည်း သူစိတ်မရှည်..မသိရင် တသက်မှာတခါပဲဆောင်ရမှာမို့ အပီအပြင်ကျင်းပနေသလို..သူကတော့ Jimin နဲ့သာထိုင်ပြီး မဂ်လာဆောင်တဲ့နေ့မှာတင် နောက် 6 လပြည့်ဖို့ကို ရေတွက်လို့နေသည်..

" မင်းကလည်းကွာ မျက်နှာလေးပြုံးထားစမ်းပါ "

" ချီးကိုပြုံးထားရမှာလား မင်းကြောင့်နော် မင်းကြောင့် ရည်းစားလေးတောင်မထားဘူးပဲ
ယောကျားယူရတယ်လို့ "

" တကယ်လို့ 6 လအတွင်း မင်းတို့နှစ်ယောက် ချစ်သူဖြစ်သွားခဲ့ရင်ရော "

" သူက ငါကြိုက်တဲ့ Type မဟုတ်ဘူး "

Taehyung ရဲ့စကားကြောင့် Jimin မှာ ဘာစကားမှထပ်မပြောတော့ဘူး ပါးစပ်သာပိတ်နေလိုက်တော့သည်..

Impersonator Lover note

ညစာစားပွဲအပြီးမှာ အမှုးလွန်နေတဲ့ Jungkook ကို တွဲကာ ကားလည်းသူ့ဘာသာမောင်းလို့ပြန်လာခဲ့ရပြန်တာကြောင့် Taehyung ဟာ တော်တော်လေးကို စိတ်မရှည်တော့ပေ..

Tae pov.." ဟူးးးး Kim Taehyung Kim Taehyung သူငယ်ချင်းကောင်းမှုကြောင့် မင်းဘာတွေလုပ်နေတာပါလိမ့် "

အိမ်ရောက်တော့ ခန္တာကိုယ်ခြင်း မမျှကာ ဆွဲခေါ်လာရပြီး အိမ်ပေါ်ထပ် Jungkook အခန်းရှိရာစီသို့ ယိုင်နဲ့ယိုင်နဲ့ နဲ့တွဲခေါ်လာကာ အခန်းထဲရောက်တော့ ကုတင်ပေါ်သို့ ပက်လက်အနေအထားသူပါ အတူတူ ပက်လက်လှန်ချလိုက်သည်..

Tae pov..ငါစိတ်တွေတအားရှည်နေပါပြီနော် အလုပ်တွေပျက်လိုက်တာကွာ

ခဏမျှအမောဖြေပြီး ထမယ်အလုပ် Jungkook ဟာ သူ့ရဲ့ခါးကနေဆွဲကာ ဖတ်လိုက်တာကြောင့် Taehyung ဟာ Jungkook ရဲ့ ရင်ဘက်ပေါ်သို့မှောက်လျက်လေးဖြစ်လို့နေသည်..

အမှုးလွန်နေတဲ့ သူက ဘာမှမသိပေမယ့် Taehyung မှာတော့ လန့်ဖြန့်သွားကာ မျက်လုံးလေးကိုပြူးလို့ Jungkook ကိုကြည့်နေမိသည်..ခဏအကြာမှာ အတင်းကုန်းရုန်းထကာ ကုတင်အောက်မှာတန်းလန်းဖြစ်နေသေးတဲ့ ခြေထောက်ပိုင်းကို မကာတင်ပေးလိုက်ပြီး အခန်းထဲကနေမြန်မြန်ထွက်လာခဲ့လိုက်တာကြောင့် အခန်းထဲက တယောက် အိမ်နေရင်းပြုံးလိုက်တာကိုတော့ Taehyung မသိလိုက်..

Impersonator Lover (complete) Where stories live. Discover now