12

2.2K 216 19
                                    

အမေဖြစ်သူတို့လာလည်ပြီးမှပဲ သူတို့နှစ်ယောက်ဆက်ဆံရေးက အရင်ကထက်ပိုတိုးတက်လာတယ်လို့ပဲပြောရတော့မယ်..

မဟုတ်ရင်တယောက်နဲ့တယောက်မပွင့်မလင်းဖြစ်နေသေးတယ်လေ..အဲ့တာက Taehyung ကပိုဆိုးသည်..

ခုဆို တော်ယုံအရေးမလုပ်တဲ့ Taehyung ဟာ ညဆို အတူတူထမင်းစားဖို့အမှီအိမ်သို့ပြန်လာတက်ပြီး Jungkook ကလည်း ပြန်ရောက်တာနဲ့ Taehyung ကြိုက်တက်တာလေးတွေကိုပဲ ရွေးကာ နေ့တိုင်းဖွယ်ဖွယ်ရာရာလေးတွေချက်ပြုတ်ထားတက်သည်..

ပုံမှန် ညနေ 6:30 လောက်ဆိုတာနဲ့ ခက်သုတ် သုတ်လေးပြန်ရောက်လာတက်သည်.ဒီနေ့မှနောက်ကျနေတဲ့ Taehyung ကြောင့် Jungkook အိမ်မှာစောင့်နေရင်းဖုန်းဆက်ကြည့်လိုက်တော့သည်..

" Hello Jungkook "

"Taehyung ခုထိအိမ်ပြန်မလာသေးဘူးလား "

" လာနေပြီ ငါခုကားပေါ်ကဆင်းပြီး လမ်းလျှောက်လာနေပြီ မင်းဗိုက်ဆာနေပြီလား ခဏလေးစောင့်နော် Jungkook ငါပြေးလာခဲ့မယ် "

"မဆာသေးပါဘူး မင်းနောက်ကျနေလို့ ခုဘယ်နားရောက်နေပြီလည်း မပြေးလာနဲ့ချော်လဲမယ် "

Jungkook ကသာ မေးနေပေမယ့် အစကတော့စကားပြန်ပြောနေသေးပေမယ့် နောက်တခွန်းမှာ Taehyung ဘက်ကအဖြေပြန်မရတော့ .

" Taehyung ခုဘယ်ရောက်နေပြီလည်းလို့ မေးနေတယ် လေ Taehyung Taehyung Taehyung "

Jk pov..ဘာလည်း ဖုန်းကလိုင်းမမိတာလား

" Jung Jungkook ငါ့ ငါနောက်ကိုတယောက်ယောက် လိုက်နေသလိုပဲ "

"ဖုန်းမချနဲ့ ဖုန်းမချလိုက်နဲ့ ငါလာခဲ့မယ် Taehyung ပုံမှန်လေးပဲ မသိချင်ယောင်ဆောင်ပြီးလျှောက်လာခဲ့ငါ ခုလာပြီ "

Jungkook ဟာ Taehyung ရဲ့စကားကြားရတာနဲ့တင် အိမ်ထဲကနေပြေးထွက်လာခဲ့တော့သည်..
သူတို့အိမ်ကနေ ကားဂိတ်လမ်းတလျှောက်ပြေးထွက်လာတော့သည် .

Impersonator Lover
...

" ခင် ခင်များက ဘယ် ဘယ်သူလည်း "

" ကောင်လေး မင်းကိုပြစရာရှိတယ် ကြည့်မလား "

ကုတ်အကျီကြယ်သီးတွေကိုဖြုတ်ကာ မေးနေတဲ့ အရှေ့က အရူးလို နှာဘူး ..ပုံစံကစုတ်ပျက်သက်နေကာ ပေပေစုတ်စုတ်ညစ်ညစ်ပက်ပက်နဲ့ ဆံပင်ကလည်းအရှည်ကြီး နှုတ်ခမ်းမွှေးကလည်းအရှည်ကြီးတွေနဲ့ မျက်လုံးပေါက်တောင်သေချာမမြင်ရ..

Impersonator Lover (complete) Where stories live. Discover now