မျက်ကွယ်ကရတနာအဆက် 96

11K 610 14
                                    


အစည်းအရုံးခန်းမထဲ၌ ခန်းမရဲ့ တံခါးတွေ လုံခြုံစွာ ပိတ်ထားကြပြီး ယန်းရှက ခက်ထန်စွာဖြင့် ထိုင်ခုံပေါ်မှာ ထိုင်နေပြီး ရူံကျိဝမ် , ယန်းသုံးယန်းနဲ့ ရွှီခိုင်းယွမ်တို့က ဦးရီးတော် အမိန့်ကို စောင့်နေကြတယ် ။ အစည်းအရုံးခန်းမအပြင်ဘက်တွင်တော့ တပ်သားအများအပြားက အစည်းအရုံးခန်းမကို တိုးမပေါက်အောင် ဝိုင်းထားကြတယ် ။ ကုနျန်က ယန်းရှကို သုံးရက် အချိန်ပေးလိုက်တယ် ဆိုပေမဲ့ သူလိုချင်တာ က အဖြေ တခုပဲလေ , ယန်းရှ သဘောမတူလည်း တူရမယ် သဘောတူလည်း တူရမယ် ။

" ဦးရီးတော် , သင် အမိန့်ချပါတော့ ၊ ကျနော်မျိုး ဒီအသက်ကိုရင်းပြီး အဲ့ဒီခွေးဘုရင်နဲ့ ယှဉ်ချပစ်မယ် "

ရူံကျိဝမ့်ကတော့ အသက်ပါရင်းပစ်ဖို့ ပြင်ဆင်ထားပြီးလေပြီ

" ဦးရီးတော် , သင် အမိန့်ချပါ"

ယန်းသုံးယန်း ကလည်း တလေသံတည်းပဲ ။
ရွှီခိုင်းယွမ်က ခေါင်းငုံ့ကာ စားပွဲပေါ်မှာ ‌ဟိုရေးဒီရေးလုပ်နေရင်း
ကျန်ဟွမ်ယွိ .... ယွဲ့ချုံ ....ကျန်ဟွမ်ယွိ .... ယွဲ့ချုံ ....ဟွမ်ယွိ .... ယွဲ့ချုံ .... ယွိဟွမ် .... ယွဲ့ချုံ ....လက်ချောင်း တချက်တွန့်သွားပြီး သူ့လက်မောင်းစဖြင့် စားပွဲပေါ်မှ အရာများကို ဖျက်လိုက်ကာ ခေါင်းမော့ပြီး ဦးရီးတော် အမိန့်ချတာ စောင့်နေတယ် ။

ဒေါက် ဒေါက် ဒေါက်
တံခါးခေါက်သူရှိတယ် ယန်းမော့ ချက်ချင်း ထရပ်လာချိန် အပြင်ကနေ ပြောတာကြားလိုက်တယ်

" ဦးရီးတော် , ကျွန်တော်မျိုး က ဦးရီးတော် အတွက် နေ့လည်စာပို့တာပါ "

အစည်းအရုံးခန်းမက အ‌စေခံပါ ။ ယန်းမော့ က ဦးရီးတော်ကို တချက်ကြည့်လိုက်ပြီး ချက်ချင်းတံခါးသွားဖွင့်တယ် တံခါးအပြင်ကနေ မျက်လွှာချကာ ခေါင်းငုံ့ထားတဲ့ အစေခံလေးယောက်ဝင်ရောက်လာပြီး အစားအစာများကို လူတိုင်းရဲ့ လက်ဘေးနားမှာရှိတဲ့ စားပွဲပေါ် တင်ပေးပြီး နောက်ဆုတ်ထွက်သွားတော့တယ် ။ ယန်းမော့ တံခါးပိတ်လိုက်ပြီး ယန်းမူန်နဲ့ ယန်းကျွမ်းတို့က စားပွဲပေါ်က ပန်းကန်ခွက်ယောက်တွေကို ချက်ချင်း စစ်ဆေးကြည့်ရာ ယန်းမူန်ရဲ့ ပန်းကန်လုံးအောက်ခြေမှာ အရာတခုကို စမ်းမိလိုက်တာမို့ သူချက်ချင်း ယူလိုက်တယ် အလွန်ပါးတဲ့ စာရွက်တရွက်ဖြစ်တယ် ။

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now