100

3.7K 533 18
                                    

    ပင်လယ်ကမ်းစပ်နားရပ်နေပြီး အဝတ်အစားတွေ လုံလုံခြုံခြုံဝတ်ထားတာမို့ မျက်လုံးနှစ်လုံးသားပေါ်နေတဲ့ ကုပိကျုတယောက် စိတ်လူပ်ရှားစွာဖြင့် ပင်လယ်ဘက်ကို ကြည့်နေတယ် ။ ရွှီလီချန်းလန်း က ပင်လယ်လေအေးတွေက သူရဲ့ ဂွမ်းခြုံထည်ထဲဝင်မှာစိုး၍ သူ့ကို တင်းကြပ်စွာဖက်ထားလေတယ် ။ ခဏအကြာစောင့်အပြီးတွင် လှေသုံးစင်းက သူတို့ရှေ့ကို ဖြည်းဖြည်းစိုက်ရောက်လာပြီမို့ ကုပိကျုရဲ့ လက်ထဲက ပုတီးတောင် ကြမ်းပေါ်ပြုတ်ကျတော့မယ်။ သူပုတီးကို သေချာဆုပ်ကိုင်ပြီး အရှေ့ကို သွားလိုက်တာကို ရွှီလီချန်းလန်းက သူ့ကို ချီ‌ပြန်လာတယ် ။

   " ပိကျု, ယျိုးအော် ချက်ချင်း ဆင်းလာမှာပါ ၊ရေကအေးတယ် မင်း ဒီကပဲစောင့်ပါ ၊ မင်းစိတ်လူပ်ရှားလို့မရဘူး "
 
 ကိုယ့်ကျန်းမာရေးကိုယ်သိတာမို့ ကုပိကျု အဆက်မပြတ်လေကို သေချာရူနေပြီး လည်ပတ်ပုဝါကို နည်းနည်းဖြည်လိုက်တယ် ။ ဘယ်လက်နဲ့ ကလေးချီထားတဲ့ သူစိမ်းအမျိုးသား တစ်ဦး လှေပေါ်က ဆင်းလာတာ တွေ့ပြီး သူ့ကို မျက်လုံးထဲတွင် မျက်ရည်အပြည့်ဖြင့် ကြည့်နေချိန်တွင် ကုပိကျု ရဲ့ ကိုယ်တချက်တုန်သွားပြီး မျက်နှာက သွေးရောင်တွေ ဆုတ်သွားလေတယ် ။

 အဖေ! အဖေ ဟုတ်တယ် ! အဖေရဲ့ ပုံက နည်းနည်းမှ မပြောင်းသွားဘူးပဲ ! ရှောင်ယောင်းကို သေချာဖက်လိုက်ပြီး ယွဲ့ချုံ တွန့်ဆုတ်ရင်းခပ်ဖြည်းဖြည်းနဲ့ အဖေ့ဘက်ကို သွား‌ရင်း စိတ်ထဲကနေ အဖေလို့ခေါ်တော့လေ! အမြန်ခေါ်လေ ! ဒါပေမဲ့ သူခေါ်လို့မရဘူး လည်ချောင်းမှာ တခုခု ခံနေသလိုပဲ အသံမထွက်နေဘူး ။ အဖေ သူ့ကို မမှတ်မိလောက်တော့ဘူး ။ ဟုန်ရှီ , ဟုန်ထိုက်တို့ရဲ့ အကူအညီကို မယူပဲ ယွဲ့ချုံ လက်တဖက်တည်းနဲ့ စောင်ပုံနွေးနွေးထဲအိပ်နေရာကနေ အချီထုတ်ခံလာရလို့ အော်ငိုနေတဲ့ ရှောင်ယောင်းကို ချီထားပြီး အဖေနဲ့ ခြေငါးလှမ်းအကွာ မှာ ရပ်လိုက်တယ် ။

  ကုပိကျု က တော့ အရှေ့ကလူနဲ့ သူ့သားကို ဘယ်လိုမှ ဆက်စပ်လို့မရနေဘူး ဒီလို သာမန်နဲ့မျက်နှာက ဘယ်လိုလုပ်သူ့သားဖြစ်နိုင်မှာလဲ ? ! ဒါပေမဲ့ ဒီမျက်ဝန်းတစုံက , ဒီမျက်ဝန်းက သူ့အကြည့်မမှားနိုင်ဘူး ဟွမ်ယွိနဲ့ တူလွန်းတဲ့ မျက်ဝန်း က ယျိုးအော်ရဲ့ မျက်ဝန်းစစ်စစ်ဖြစ်တယ် ။ ချန်းလန်း ပြောတာကလဲ ယျိုးအော်က ရုပ်ပြောင်းပြီး နန်းတော်က ထွက်တယ်လို့ပြောထားတယ် ဒါပေမဲ့ ဘာလို့ ပြန်မပြောင်းတာလဲ ?!

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now