extra 1

5.2K 594 53
                                    


   ယန်းရှ အပိုင်းပို ၁

    ဘုရင်ဧကရာဇ်အဖြစ် နန်းတက်ပြီးပြီဖြစ်တဲ့ ယန်းရှ ဘုရင့်နေရာက ရလာတဲ့ စည်းစိမ်နဲ့ ပိုင်ဆိုင်မူတွေမှာ မစီးမျော မခံစားနိုင်နေရှာပါဘူး ။ အားလုံးရဲ့ မျက်စိထဲမှာ သူက လူကြမ်းကြီးပါ ဒီတချက်ကို ယန်းရှကိုယ်တိုင်လည်း လက်ခံပါတယ် သူလူသတ်တတ်တယ် စစ်တိုက်တတ်တယ် ဒါပေမဲ့ သူကတိုင်းပြည်တခုကို အုပ်ချုပ်ရမယ် ပြီးတော့ ကောင်းအောင် အုပ်ချုပ်ရမယ် ဆိုရင်တော့ သူအရင်က မသင်ယူဖူးတာတွေ အများကြီးအများကြီး သင်ယူရဦးမှာဖြစ်တယ် ။

    တိုင်းပြည်ကို တိုက်ခိုက်ယူရတာ ခက်ခဲတယ် တိုင်းပြည်ကို စောင့်ရှောက်ရတာ ပိုခက်ခဲတယ် တော်သေးတာက ယန်းရှမှာ လီရိူးနဲ့ ကျိုးကုန်းဆန်းအပါအဝင် ရှေ့မင်းဆက်က မူးမတ်အများအပြားက သစ္စာရှိစွာ ပံ့ပိုးပေးကြတယ် ပြီးတော့ ဆည်ဘောင်သင်းပေးတဲ့ အိမ်တွင်းဇနီးလေးရှိနေတော့ သူပြဿနာနဲ့ကြုံရင် သတိပေးရှာသေးတယ် ။ သူ ဘုရင်ဧကရာဇ်လုပ်တဲ့ တောက်လျှောက်အချိန်အတွင်းမှာ မကြုံဖူးတဲ့ ဖိအားများရှိပေမဲ့လည်း သူကြိုးစားခဲ့တာခြောက်နှစ်ကျော်ခဲ့ပြီ  လိဝေးဘုရင်ဧကရာဇ် နန်းတက်တာ ခုနှစ်နှစ်မြောက်မှာ ပြည်သူလူထုက ဒီဘုရင်မြတ်ကို နှစ်သက်နေကြသေးတယ်  ရုပ်ရည်လေးနည်းနည်းလန့်ဖို့ကောင်းတာရယ် ခန္ဓာကိုယ်သန်မာ လွန်းတာရယ်ကလွှဲလို့ပေါ့

 ယန်းရှက ကိုယ့်ကိုကိုယ် ကြတ်မတ်စွာနေတတ်သူပါ ၊ တိုင်းပြည်ကိုရပြီဆိုတော့လည်း သမိုင်းတွင်တဲ့ ဘုရင်ကို လုပ်ရမှာပေါ့။ လူအားလုံးက သူတို့တွေသခင်ကောင်းနဲ့ တွေ့ပြီဆိုပြီး မိုးနတ်မင်းကိုကျေးဇူးတင်နေကြချိန်တွင် ယန်းရှကတော့ အားလုံးထင်သလို ပြည်သူအတွက် သမိုင်းလှဖို့အတွက်မဟုတ်ပါ ။ ဒီလိုအားထုတ်ရတဲ့ တခုတည်းသော အကြောငါးအရင်းက သူက သခင်လေးတဦးနဲ့ မထိုက်တန်ဘူး.....(အခု သူ့ရဲ့ ' မိဖုရားခေါင် ')လို့ ပြောကြတဲ့ သူတွေကို ပါးစပ်ပိတ်ဖို့ဖြစ်တယ် ။

 ငယ်ကတည်းဖြတ်သန်းလာတဲ့ဘဝလမ်းကြောင်းကြောင့် ယန်းရှက တဖက်သူဘာစဉ်းစားနေလဲ အလွယ်တကူကြည့်တတ်တယ် ဒါပေမဲ့ သူက သိပ်မပြောလိုသူမို့ ခံစားချက်ကို အပြင်မထုတ်ဘူး ဒါကြောင့် ယန်းရှက သူတို့စိတ်အတွေးကို ရှင်းရှင်းလင်းလင်းနားလည်တာကို သူတို့မသိဘူး သူတို့တွေ ဘယ်လောက်ထိပဲ ဟန်ဆောင်ဖုံးကွယ်ထားတာဖြစ်ဖြစ် ယန်းရှ သူတို့ဘာစဉ်းစားနေလဲ ကြည့်တတ်တယ် ။ သခင်လေးတဦးရဲ့ နောက်ကြောင်း မပေါ်သေးခင်က အပြင်လူတွေက ယန်းရှက ဘာလို့ သာမန်ရုပ်ရည်နဲ့လူကို ဘာလို့ သဘောကျတာလဲလို့ မစဉ်းစားတတ်ကြဘူး အဲ့လူက မျက်လုံးလှရုံကလွှဲ၍ တခြားက သာမာန်‌ပဲလေ ယန်းရှရဲ့ လက်အောက်ငယ်သားတွေပင် အတော်ကြာနားမလည်ခဲ့ကြတာပဲလေ ။

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now