extra 3.2

4.7K 542 34
                                    

 ယန်းရှ အပိုင်း ၃/၂

       လှေပေါ်မှာ အတော်အတန်အန်နေတဲ့ ယွဲ့ချုံ, ယန်းရှ ဒေါသပေါက်မကွဲခင်မှာ ကျွန်းပေါ်ရောက်ခဲ့ပြီလေ ။ သူက ယန်းရှရဲ့ ချီခြင်းကို ခံရပြီး လှေပေါ်က ဆင်းချိန်တွင် သူ ယန်းရှ လည်ပင်းကို ဝိူက်ဖက်ထားကာ သူ့နားရွက်အနောက်ကို တို့ထိနေသေးတယ်။ ကျွန်းပေါ်မှာ လူတစုက စောင့်နှင့်နေပြီ ၊ သူတို့ လှေပေါ်က ဆင်းလာတာနဲ့ ဘေးကနေစုရုံးကာ ယန်းရှကို အခန်းထဲသို့ အမြန်ချီဝင်စေတယ် ။ ယွဲ့ချုံကို ကုတင်ပေါ်တင်လိုက်ပြီး ယန်းရှ မျက်နှာမှာ အတော်မကြည်နေဘူး ။ဘာကြောင့်လည်းဆိုတော့ ယွဲ့ချုံမျက်နှာက ဖြူဆွတ်နေပြီး အန်မလိုမအန်မလိုဖြစ်နေတာကြောင့်ဖြစ်တယ် ။ ယန်းရှ သူ့ကို ထူလိုက်ပြီး တင့်ကျို ပေးလာတဲ့ ရေကို ယူလိုက်ကာ ယွဲ့ချုံကို တိုက်လိုက်တယ် ။

    "အော့ ! "
    တငုံ့လောက်သောက်ပြီး , ယွဲ့ချုံ အန်လေပြီ ။
 
  "  သမားတော် ! သမားတော် အမြန်ခေါ် "
   ကုတင်ဘေးထိုင်နေတဲ့ ကျန်းဟွမ်ယွိ လန့်ကာ ထအော်တော့တယ် ။ သူမက ကလေးနှစ်ယောက် မွေးခဲ့တယ် ဆိုပေမဲ့ ဒီလိုခံရမခက်ခဲ့ဘူး ။
 
    ရွှီခိုင်းယွမ် ချက်ချင်းထွက်လာပြီး ယွဲ့ချုံ အကြောစမ်းပေးကာ ခဏအကြာမှာပြောတယ်
   " ယွဲ့သခင်က လှေတော်တော်မူးနေတာရယ် ၊ ကိုယ်ဝန်ရှိနေတာရယ်ကြောင့် ဒီလောက်နေရခက်နေတာပါ ၊ နှစ်ရက်လောက် အနားယူပြီးရင် ကောင်းပါပြီ "
 
    " ချုံချုံ , ဘာလေးစားချင်နေလဲ ? "
 
     " ဟုတ်တယ် , ယျိုးအော် , ဘာစားချင်လဲ ? အဖေ သွားလုပ်ခိုင်းလိုက်မယ် "
 
     ယွဲ့ချုံ အားနည်းစွာ ပါးစပ်ဟတယ်
    " ငါ စားချင်တာ , ဘဲခေါင်းစပ် .... "
 
    " မရဘူး ! "
    အော်သံက ခေါင်မိုးတောင် လှန်တော့မယ် ။
 
     ယွဲ့ချုံတကယ်ပဲ စားချင်စိတ်မရှိနေတာမို့ ဟင်းရည် အနည်းငယ်သောက်ပြီး အိပ်လေပြီ။ ပြီးနောက် ယန်းရှကလွဲပြီး လူအားလုံးက တခြားနေရာကို ရွှေ့ပြီး ယွဲ့ချုံ ကလေးမွေးမဲ့ကိစ္စကို တိုင်ပင်ကြတယ်။ သူသွားလည်း မထူးဘူးလေ ယွဲ့ချုံကိုပဲ အဖော်လုပ်ပေးနေတယ် ။ လက်ဖဝါးကြီးက ဗိုက်ကို အသာလေး တောက်လျှောက်ပွတ်ပေးနေတယ် ၊ ယန်းရှရဲ့ မျက်နှာထားကို ကုပိကျု ကြည့်တာနဲ့ သူ့ကို မနှောက်ယှက်ချင်တော့ဘူး။ သူတို့အားလုံးက ယန်းရှသည် ယျိုးအော် ကို မထိုက်တန်ဘူးလို့ ထင်ကြပေမဲ့လည်း နှစ်တွေဒီလောက်ကြာပြီ သူတို့နှစ်‌ယောက်အတူရှိနေခြင်းကို လက်ခံခဲ့ပါပြီလေ ယန်းရှကလည်း ယျိုးအော်ကို တကယ်စိတ်ရင်းမှန်နဲ့ ချစ်တာလေ ၊ ယျိုးအော် က လည်း ယန်းရှရဲ့ ကလေး ကို သူကိုယ်တိုင် ရွေးချယ်ပြီး ကိုယ်ဝန်လွယ်ပေးခဲ့တာလေ။
 
    နှစ်တိုင်း ယန်းရှက ယွဲ့ချုံကို အဖော်ပြုပြီး ရှောင်ယောင်းနဲ့အတူ မြူတိုက်ကျွန်းမှာ တလ လာ‌နေထိုင်လေ့ရှိတယ် ၊ ဒါပေမဲ့ ခေါ်ဆိုရလွယ်ကူစေရန် မြူတိုက်ကျွန်းတွင် ယန်းရှကို သခင် , ယွဲ့ချုံကို ယွဲ့သခင် လို့ ခေါ်ကြသည်။ ယွဲ့ချုံကသူ့ကို သခင်လေး လို့ခေါ်စေချင်ပေလည်း ယန်းရှ မပေးခေါ်ဘူး သူက သခင်လေး ဆိုတဲ့ အျခါ်အဝေါ်ကို အရိပ်မည်းရှိလေတယ် ။ ပထမတခေါက် မြူတိုက်ကျွန်း မှာ လူလာကြိုကတည်းက သတ္တိကောင်းတဲ့ ယွဲ့ချုံကို နည်းလမ်းပေါင်းတရာကျော်နဲ့ ဆုံးမဖို့ စဉ်းစားလာခဲ့တယ် ဒါပေမဲ့ ကျွန်းပေါ်တက်ပြီး နတ်သားလို အကကနေတဲ့ သူကို တွေ့ချိန်မှာ သူ့အတွေးတခုပဲ ကျန်တော့တယ် : သူ့ကို လိုးမယ် ! သူက အဲ့လောက်လူအများကြီးရှေ့မှာ အကကနေတယ် !
 
    ဒါပေမဲ့ သူ မစဉ်းစားမိတာက အကကနေတဲ့သူက ကျောမှာ မျက်လုံးတစုံရှိနေသလိုပဲ ရုတ်တရက် ကတာ ရပ်သွားပြီး သူ့ကို လှည့်ကြည့်လေတယ်။ ထိုလူက သူရောက်လာတာကို သိတဲ့အပြင် အဲ့လောက်ထိအလောတကြီးကို သူရင်ဘတ်ထဲ ပြေးဝင်လာလေတယ် ၊သူ့ကိုယ်ထဲ ဝင်ချင်တဲ့ အတွေးတွေ ပိုမြင့်သွားတယ် ။ နောက်ဆုံးသော ဆင်ခြင်တုံတရားနဲ့ ယွဲ့ချုံရဲ့ မိဘကို အရိုအသေပြုလိုက်ပေမဲ့ သူ့ကိုယ်ထဲက သွေးတွေကတော့ ဆူပွက်နေပြီ ။ ယွဲ့ချုံ , ယွဲ့ချုံ , သူ့အတွက် သူတိုင်းပြည်ကို ရပြီး သူလည်း ယွဲ့ချုံရဲ့နှစ်သက်ခြင်းကို ရပြီလေ ၊ ဒါက တိုင်းပြည်ကိုရတာထက်တောင် ပိုပျော်သေးတယ် !
 
 " မင်းသိပ်ထွားလွန်းတယ် , ယျိုးအော်နဲ့ မလိုက်ဘူး "
 " မင်းသိပ်ကြမ်းလွန်းတယ် , ယျိုးအော် မင်းကို မဖိနိုင်ဘူး "
 " မင်း အစတုန်းက ယျိုးအော်နဲ့ ဘယ်လို ဆုံတာလဲ ?"
 "မင်းက ယျိုးအော်ကို လုပြေးသွားတာ ? မင်းဒီအရိုင်းအစိုင်း ! "
  " မင်းက သူ့ကို ဖုံးကွယ်ပြီး ဇာမဏီသီး ကျွေးတယ် ၊ အမျိုးသားကိုယ်နဲ့ ကိုယ်ဝန်ဆောင်ခိုင်းတယ် ! ဒီတချက်နဲ့တင် ငါ သဘောမတူဘူး ! "
      " မင်းက ယျိုးအော်ကို လက်ထိခိုက်စေခဲ့တယ် ၊မင်းသူ့ကို မကာကွယ်နိုင်ဘူး "
 
    မျက်လုံးစိမ်းတွေ နက်ရိူင်းနေတယ် သူ မြူတိုက်ကျွန်းကို ရောက်တိုင်း အဲ့ဒီညကို စဉ်းစားမိတယ် ။ ယွဲ့ချုံရဲ့ မိဘတွေရဲ့မျက်နှာမှာ မထောက်ခံခြင်းတွေနဲ့ ယွဲ့ချုံကို သူ့နဲ့ သဘောမတူချင်ကြဘူး ။ သူတို့က ယွဲ့ချုံရဲ့ မိဘတွေလေ သူဘာမှ လုပ်လို့မရဘူး ။ သူတို့က ယွဲ့ချုံရဲ့ မိဘဆိုရင်တောင်‌မှ သူတို့လည်း ယွဲ့ချုံကို သူဘေးက ခေါ်သွားခွင့်မရှိဘူး !

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ