98❤️‍🔥

4.9K 504 15
                                    


    
  " မြို့တံခါးဖွင့်ပါ ! ဦးရီးတော်ကို ကြိုပါ ! "

    တုန်အော် နဲ့ လန့်ဖျို ချက်ချင်း အောက်ဘက်ကို အသံကျယ်ဖြင့် အော်ပြီး အမြန်ဆုံး ခြေလှမ်းဖြင့် မြို့ရိုးထိပ်ကနေ ဆင်းတော့တယ် ။

     မြို့တံခါးဝမှာ စိုးရိမ်တကြီးနဲ့ ဆယ့်ငါးမိနစ်ခန့် စောင့်နေပြီးမှ အရှေ့လှမ်းလှမ်းက ထွက်လာတဲ့ အမည်းရိပ်ကို မြင်ရတာနဲ့ မြင်းကို ဒုန်းစိုင်းနှင်ကာ သွားကြိုတော့တယ် ။ တဝုန်းဝုန်းတောင်မြည်‌နေတဲ့ မြင်းခွာသံ နဲ့အတူ ဖုံးကွယ်လို့မရတဲ့ ကလေးငိုသံနဲ့ပါ လွှင့်လာတော့ လန့်ဖျိုနဲ့ တုံအော် စိတ်ထဲက လန့်သွားကြတယ် မင်းသားလေး‌ကို မတွေ့ဖူးသေးတဲ့ လန့်ဖျိုတို့က မြင်းတင်ပါးကို ခပ်ကြမ်းကြမ်းလေး ရိုက်လိုက်မိလေတယ် ။

 အရမ်းမြန်တယ် , နှစ်ဘက်လုံးဆုံကြလေပြီ ။ ယန်းရှက သူ့ရဲ့ လက်အောက်ငယ်သားနှစ်ဦးကို ပင်ပန်းသွားကြပြီ ဟု ပြောပြီး ချက်ချင်း ဆက်ပြောတယ်

   " မင်းသားလေးအတွက် နို့သွားရှာပါ ဘာနို့ဖြစ်ဖြစ်ရတယ် "

  လန့်ဖျိုက နှစ်ခါမပြောရဘူး မြင်းခေါင်းလှည့်ကာ မြို့ထဲ ‌ပြေးနှင်တော့တယ် ၊ တုံအော်ကတော့ နူတ်ခမ်း‌ခြောက်ဖတ်စကို လျှာနဲ့ လျှက်လိုက်ပြီး အောက်ကျို့ကာ ပြောတယ်

  "  ဦးရီးတော် , ကျွန်တော်မျိုး မင်းသားလေးကို မတွေ့ဖူးသေးဘူး "

 ယန်းရှ က ဝတ်ရုံကို ဆွဲခွာလိုက်တော့ အားရပါးရငိုနေတဲ့ မျက်နှာလေး ပေါ်လာကြတယ် ။ သူက အဖေဖြစ်နေပြီဖြစ်တဲ့ လူမို့လို့ ကလေးက ဒီလောက်ငိုနေတာတွေ့တော့  တုန်အော် စိတ်ထဲမှာ တချက်နာကျင်သွားလေတယ်။  သူမျက်နှာပြောင်စွာဖြင့် သူ့ကို ပြုံးပြနေတဲ့ သူနား ကပ်သွားပြီး

    " သခင်လေး , ကျွန်တော်မျိုးကို ပေးချီပါလား ? "

  ချီထားတာကြာလို့ လက်ညောင်းနေတဲ့ ယွဲ့ချုံက ချက်ချင်းခေါင်းလေး ငြိမ့်လိုက်ပြီး

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now