101

3.6K 554 20
                                    

    မနက်အစောကြီး သခင်လေးရဲ့ မျက်ဝန်းနှစ်ခု မည်းနေတာ တွေ့ကတည်းက ဟုန်ရှီ ဟုန်ထိုက်တို့ကတော့ သခင်လေး အိပ်မရတာ သိနေပြီလေ ။ သခင်လေး မနက်စာစားဖို့ ပြုစုပြီးတော့ သူတို့နှစ်ယောက် ကြမ်းပေါ်မှာ ဒူးထောက်ကြလေပြီ ။ ယွဲ့ချုံ တော်တော်မကြိုက်တာမို့ သခင်လေးရဲ့ ဟိတ်ဟန်တွေ သုံးပြီး သူတို့နှစ်ယောက်ကို မတ်တပ်ရပ်ပြီး ပြောခိုင်းရတယ် ။

    " သခင်လေး , ကျနော် နဲ့ ဟုန်ရှီ က သင့်ကို ဖုံးကွယ်ခဲ့ပါတယ် သခင်လေးအပြစ်ပေးတော်မူပါ "
  ပြောရင်း ဟုန်ရှီ ၊ဟုန်ထိုက် ဒူးထပ်ထောက်ဦးမယ် ။

 " ကောင်းကောင်း ထိုင်နေ ! "

    ယွဲ့ချုံ ဘုရင်လုပ်တုန်းကတောင် ဒီလောက် ဟိတ်ဟန်မရှိဖူးဘူး ။ ဟုန်ရှီ ၊ဟုန်ထိုက်တို့ လိမ်လိမ်မာမာ ထိုင်လိုက်ပြီးနောက်မှ သူမေးတယ်
     "မင်းတို့နှစ်ယောက် ဘယ်တုန်းက သိုင်းတတ်တာလဲ ? "

 ဟုန်ရှီ ၊ ဟုန်ထိုက် နူတ်ခမ်းကိုက်နေပြီးမှ ဟုန်ထိုက်ကပြောတယ်
    "ကျနော်နဲ့ ဟုန်ရှီ ....ဆယ်နှစ်သားကတည်းက သိုင်းစကျင့်တာပါ ဦးရီးတော် က ကျနော်တို့ကို သခင်လေး ကို စောင့်ရှောက်ခိုင်းတာပါ သခင်လေးရဲ့ လုံခြုံရေးကိုပါ ကာကွယ်ခိုင်းဖို့ပါ "

 နှစ်ယောက်သားရဲ့မျက်နှာပေါ်မှာ ရှောင်ပုန်းလိုရိပ်တွေပေါ်လာပြီး ဟုန်ထိုက် ခေါင်းငုံ့ကာ ပြောတယ်
    " သခင်လေး , ဦးရီးတော်က သင့်ကို တမင်သက်သက် ဖုံးကွယ်ထားတာမဟုတ်ပါဘူး ဦးရီးတော် စိတ်ထဲမှာ သခင်လေးပဲ ရှိတာပါ "

    ဟုန်ရှီလည်း အမြန်လိုက်ပြောတယ်
  " သခင်လေး , ဦးရီးတော်က သင့်ကို တမင်သက်သက် ဖုံးကွယ်ထားတာမဟုတ်ပါဘူး ဦးရီးတော် စိတ်ထဲမှာ သခင်လေးပဲ ရှိတာပါ "

 ဟုန်ထိုက်ဆက်ပြောတယ်
   " ဦးရီးတော် ပထမဆုံးရက်မှာကတည်းက ကျနော်တို့ကို ပြောတာက သခင်လေးက အိမ်တော်ရဲ့ သခင်လို့ ပြောထားပါတယ် ၊ ကျနော်တို့က သခင်လေးကို ဦးရီးတော် လိုပဲ သဘောထားရမယ် သခင်လေးအပေါ် သစ္စာရှိရမယ်လို့ ပြောထားတယ် ။ အိမ်တော်ထဲမှာ လူများတာမို့ တယောက်ယောက်က တခုခုတွေ့သွားရင် သခင်လေးကို ထိခိုက်လာမှာစိုးတာမို့ ကာကွယ်ချင်တာ‌ကြောင့် ဒီလိုလုပ်ရတာပါ "

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now