5.2 Unicode

3.1K 404 11
                                    

လီဟွားကျန်း အန်းပေါင် အပိုင်း ၂ .၂

ရှန်ခြံကို ပြန်ရောက်ပြီဖြစ်တဲ့ လီဟွားကျန်း အလွန်တရာ ကြောက်လန့်နေတယ် ၊ အန်းပေါင်ကို မှောင်မဲနေတဲ့ အခန်းထဲမှာ ဖက်ထားပြီး အပြင်က လူပ်ရှားမူကို နားထောင်နေမိတယ် ။ ယွဲ့ချုံသခင်လေးကို သွားရှာတာ မှန်မမှန် သူမသိနေဘူး ၊ ဒါပေမဲ့ ကြောက်နေမိတယ် ၊ စိတ်ထားကောင်းတဲ့ ယွဲ့ချုံသခင်လေးကိုပါ ထိခိုက်မိမှာ စိုးရိမ်မိတယ်။ နာရီဝက်ကျော်ကြာပြီးတောင် အခန်းအပြင်မှာ တိတ်တိတ်ဆိတ်ဆိတ်ပဲမို့ လီဟွားကျန်း အနည်းငယ်စိတိအေးသွားတယ် ၊ ကိစ္စမရှိလောက်တော့ဘူးထင်တယ်။ 
     
     " လျန်ခြံရဲ့ ယွဲ့ချုံ ပြုစုဖို့ ဆင့်ခေါ်တယ် "
 
    ဒီအသံက လီဟွားကျန်းကို လေအေးတချက်စုပ်မိစေတယ် ၊ ကိုယ်ပေါ်က အားတွေကို စုပ်ယူလိုက်သလိုပဲ ၊ သူ ထိုလူကို ဒုက္ခရောက်စေပြီ !
 
    ဒီည ပြုစုဖို့ကို ယွဲ့ချုံ တည်တည်ငြိမ်ငြိမ်ပဲဖြစ်နေတယ် ၊ ခုနကပဲ ရေချိုးပြီးပြီမို့ သူအဝတ်လဲကာ ဆေးအူချောင်းကို ထုတ်ပြီး လုံခြုံနေအောင်ဝတ်ပြီးမှ သူ့ကို လာကြိုတဲ့ ဝေါယာဉ်ပေါ်ကို တက်လိုက်တယ် ။ ရှန်းခြံကို ဖြတ်ချိန်တွင် သူက မျက်နှာဖြူဆွတ်နေပြီး နောင်တတွေပြည့်နေတဲ့ လဲကျမလိုတောင်ဖြစ်နေသော လီဟွားကျန်းကိုတွေ့သည်နှင့် သူ လည်ပတ်ပုဝါကို အနည်းငယ် ဖြည်ပြီး ပြုံးပြကာ ပြောပြတယ်

   " ဘာမှမဖြစ်လောက်ဘူး "
 
    မျက်ရည်ကျလာခဲ့တယ် ၊ လီဟွားကျန်း ပါးစပ်ကို အတင်းပိတ်ထားပြီး ငိုသံမထွက်စေဘူး သူ့ကြောင့်မို့ သူကြောင့်မို့ သူ ပြုစုဖို့ ဆင့်ခေါ်ခံရတာ ! ထိုသူက  မျက်နှာတခါမှမမြင်ဖူးတဲ့ သူ့အတွက်ကို ဦးရီးတော် စိတ်ဆိုးမှာသိသိရက်ကို လုပ်ပေးရှာတယ် သူဘယ်လိုများ ဒီအကြွေးကို ဆပ်ရမှာလဲ ? ဒီကျေးဇူးတရားကို ဘယ်လိုများ ဆပ်ရမှာလဲ ? အေးစက်တဲ့ ညမို့ ဘယ်သူမှ ပွဲထွက်မကြည့်ကြတော့ဘူး လီဟွားကျန်းနဲ့ အန်းပေါင်က ယွဲ့ချုံကို ထမ်းခေါ်သွားတာကြည့်ရင်း ဒီည က ပိုအေးနေသလားပဲ ။
 
   
   လီဟွားကျန်းတို့ ထူထူပူပူဖြင့် အခန်းထဲပြန်ဝင်သွားတယ် ၊ အခန်းထဲမှာ ဘယ်အချိန်က ရောက်နေမှန်း မသိတဲ့ သူစိမ်းကြောင့် လန့်သွားလေတယ် ၊ အော်တော့မဲ့အချိန် သူ့ရဲ့ ပါးစပ်က နောက်ကလူလက်နဲ့ပိတ်တာခံလိုက်ရလေပြီ လာသူက အသံနိမ့်နိမ့်ဖြင့်
   " ဟွားကျန်းသခင်လေး , ဦးရီးတော် မင်းကို တွေ့ချင်တယ် ၊ အသံမထွက်စေနဲ့ "
 
    လီဟွားကျန်း အလွန်တရာ အံ့အားသင့်သွားကာ စိုးရိမ်စွာနှင့် ခေါင်းငြိမ့်မိတယ် ၊ အန်းပေါင်ကတော့ လန့်ပြီး သူ့လက်မောင်းကို တင်းကြပ်စွာ ဆွဲလာလေတယ် ၊ ယန်းမော့ လက်လွှတ်ပြီး ကိုယ်ကိုလှည့်ကာ အတွင်းခန်းသို့ သွားလိုက်တယ် ၊လီဟွားကျန်းကလည်း အန်းပေါင်လက်ကို ဆွဲပြီး လိုက်သွားတယ် အဲ့ချိန် ထိုလူ ကုတင်အခင်းတွေကို ဖယ်လိုက်ကာ ကုတင်ပြားဖယ်လိုက်ချိန် အောက်မှာ အပေါက်ကြီး တပေါက်ကို တွေ့လိုက်တယ် !  အထူးအရေးပါတဲ့ ကိစ္စတခု ဖြစ်လာတော့မလိုပဲ ။
 
    ယန်းမော့က လီဟွားကျန်းနဲ့ အန်းပေါင်ကို ခေါ်သွားချိန် ယွဲ့ချုံ ကတော့ မတင်မကျသော စိတ်ဖြင့် တွန့်ဆုတ်တွန့်ဆုတ်နှင့် ယန်းရှရဲ့ အိပ်ခန်းထဲကို ဝင်သွားလေပြီ။ မြင်သာစွာဒေါသထွက်နေသော တဖက်သူရဲ့ ခါးပေါ် အချီခံလိုက်ရပြီး သူတံတွေးမျိုချကာ

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now