extra 5.1

3.2K 423 11
                                    

လီဟွားကျန်း အန်းပေါင်း
ဒုတိယအပိုင်း (၂.၁)

" ဟွားကျန်း , အဖေ မင်းကို ကြီးပြင်းအောင်မွေးလာခဲ့တာ မင်း အဖေ့ကို ကျေးဇူးဆပ်သင့်ချိန်ရောက်ပြီ "

 "အဖေ ?"
 
အမြဲတမ်းတွေ့ခွင့်မရတဲ့ အဖေ ၊အစ်ကိုကြီး နဲ့ ဒုတိယအစ်ကို တို့ကိုကြည့်ပြီး ဘေးက ဝမ်းသာနေတဲ့မျက်နှာနဲ့ အမေ့ကို ကြည့်ပြီး လီဟွားကျန်း ကျောတချက်တုန်သွားလေတယ် ။
 
" အဖေ အခုတလော စီးပွားရေးမှာ ပြဿနာလေးတွေရှိလို့ အဖေနဲ့ အစ်ကိုကြီး၊ဒုတိယအစ်ကို တို့ ဆွေးနွေးပြီး မင်းကို လိအိမ်တော်ကို ပို့ဖို့ဆုံးဖြတ်လိုက်တယ် ။ ဦးရီးတော်က ငယ်ငယ်လှလှသခင်လေးတွေကို နှစ်သက်တယ် ငါတို့ လီအိမ်ထဲမှာ မင်းပဲ ကြည့်ကောင်းတာ ။ မင်းကို မွေးကြီးဖို့ကလည်း အဖေ တော်တော်ဒုက္ခများခဲ့တာလေ မင်းရဲ့ ရောဂါအတွက်ကို ငွေမနည်းဘူးကုန်ခဲ့တာ။ အိမ်ထဲက စီးပွားရေးကို မင်းမကူညီနိုင်ဘူး မင်းကျန်းမာရေးကလည်း ဂုဏ်ဒြပ်တွေရဖို့ စာမေးပွဲတွေ မဖြေနိုင်ဘူး အကယ်၍ အိမ်တော်ကို သွားပြီး ဦးရီးတော်ရဲ့ နှစ်သက်ခြင်းကို ရရင် အဖေ မင်းကို မွေးရတာ အလကား မဖြစ်တော့ဘူး "
 
လီဟွားကျန်း မျက်နှာပေါ်က သွေးတွေချက်ချင်း ဆုတ်သွားကာ တကိုယ်လုံးတုန်ပြီး အနောက်သို့ နှစ်လှမ်းဆုတ်သွားကာ

" အဖေ! သားမသွားဘူး ! "
 
" ဖြန်း! "
ပါးတချက်က ပြင်းပြင်းလေး သူမျက်နှာပေါ် ရောက်လာခဲ့တယ် တယောက်က စားပွဲနဲ့တိုက်မိတဲ့သူ့ကိုထူပြီး ကြောက်လန့်စွာ သူ့ရှေ့မှာ ကာထားပေးပြီး

" သ, သခင်ကြီး , မ, မရိုက်, ပါ, ပါနဲ့ ..."
 
" မင်း ဒီ အထစ် ဘေးမှာနေစမ်း ဒီမှာ မင်းစကားဝင်ပြောလို့ရတဲ့နေရာလား ? "

လီအိမ်က သခင်ကြီးက အန်းပေါင်းကို မျက်နှာလွှဲအောင်ရိုက်ပြန်တယ် လီဟွားကျန်းကိုလည်း လေသံခပ်ပြင်းပြင်းဖြင့်

" ဒီကိစ္စက မင်းကို ပြောပြတာ တိုင်ပင်နေတာမဟုတ်ဘူး လီအိမ်မှာ အသုံးမဝင်တဲ့သူ မမွေးဘူး မင်းနဲ့ မင်းအမေနဲ့ အသုံးမဝင်တာချင်းအတူတူပဲ ။ လိဦးရီးတော်အိမ်ကို ပို့တဲ့လူတွေက တန်းစီနေတာမှ ချန်းမြစ်ထိတောင်ရောက်နေပြီ ၊ ငါ ငွေတွေအများကြီးသုံးပြီး အဆက်အသွယ်တွေအများကြီး သုံးပြီး တနှစ်တိတိစောင့်မှ မင်းကို ဦးရီးတော်အိမ်တော်ထဲ ပို့ခွင့်ရတာ ။ မင်း သေချာနားထောင် ဦးရီးတော်အိမ်တော်ထဲ ဝင်တာနဲ့ ဦးရီးတော်ရဲ့ နှစ်သက်မူကို စဉ်းစားပြီး ရအောင်ယူပါ မဟုတ်ရင် ငါ မင်းအမေကို ပြည်တန်ဆာဆောင် ပို့ပစ်မယ် ! "
 
လီအိမ်က သခင်ကြီးက သူ့ကို ခပ်ပြင်းပြင်းတချက်တွန်းလိုက်တော့ လီဟွားကျန်း က စားပွဲနဲ့ခပ်ပြင်းပြင်း ထပ်တိုက်မိလေတယ် ။ ပြီးနောက် ၊ သူ့ အစ်ကိုကြီးက အသံထွက်တယ်
" သတ္တမ(၇)ညီလေး ၊ အကယ်၍ မင်း ဦးရီးတော်ရဲ့ နှစ်သက်ခြင်းကို ရရင် ဦးရီးတော် အချစ်ခံရသူဖြစ်ရင် နောက်ကျရင် အဖေက မင်းကို ဦးရီးတော်အိမ်တော်ထဲ ပို့တာကို ကျေးဇူးတင်မှာပါ။ မင်းဘာမှဖြစ်အောင်မလုပ်တတ်ပေမဲ့ ရုပ်ရည်ကတော့ မဆိုးဘူး ၊ အကယ်၍ ဦးရီးတော်နှစ်သက်မူကို ရရှိပြီး အဖေအတွက် အထောက်အပံ့ရမယ်ဆို မင်း ဦးရီးတော်အိမ်တော်က ပြန်ထွက်လာချိန်မှာ အစ်ကိုကြီးက မင်းကို ကိုယ်တိုင် လာခေါ်ကြိုပြန်မယ် ၊ သတ္တမညီလေး , အဖေနဲ့ အစ်ကိုတွေကို စိတ်ပျက်အောင် မလုပ်ပါနဲ့ "
 
" ဟုတ်တယ် , သတ္တမညီလေး အစ်ကိုတို့ရဲ့ ရုပ်ရည်တွေက မင်းကို မမှီတာရယ် အသက်ကလည်းကြီးပြီး မို့ မဟုတ်ရင် အစ်ကိုလည်း မင်းကို ဦးရီးတော်အိမ်တော်ထဲ မပို့ရက်ပါဘူး ၊ ဦးရီးတော်အိမ်တော်ထဲ ဝင်ရင် လီအိမ်အတွက် စဉ်းစားပေးရမယ် လီအိမ်မျက်နှာ မပျက်စေနဲ့ ။ အကယ်၍ ဦးရီးတော် နှစ်သက်မူကို မရပဲ ဦးရီးတော်က အိမ်တော်ကနေ မောင်းထုတ်ခဲ့ရင် အစ်ကိုတို့ မင်းကို ချစ်ရင်တောင်မှ ကူညီနိုင်စွမ်း မရှိဘူး ၊ မင်းကိုယ်မင်း သေချာစဉ်းစားပါ "
ပြောသူမှာ ဒုတိယအစ်ကို ဖြစ်တယ် ။
 
လီဟွားကျန် အငိုင်လိုက်ရပ်နေမိတယ် လီအိမ်က လူတွေ သွေးအေးတာ သိပေမဲ့ ဒီအချိန်မှာ သူ့ရဲ့ စိတ်တွေ အေးစက်သွားခဲ့တယ် ။ လိဦးရီးတော်အိမ်တော် ...ကျန်းလင်းမှာ ဦးရီးတော်ဘေးမှာ သခင်လေး သခင်မလေးတွေ မရေတွက်နိုင်အောင်များမှန်း အကုန်သိကြတယ် ၊ ဒါပေမဲ့ ဘယ်သူမှ ဦးရီးတော်နား မှ ကြာကြာမနေနိုင်ကြဘူး ၊ အိမ်တော်အပြင် အထုတ်ခံရတဲ့ သခင်လေး သခင်မလေးတွေကမှ ကံကောင်းသေးတယ် ဦးရီးတော်အိမ်တော်ထဲမှာ အိမ်တော်ထဲကစည်းကမ်းတခုခုကို ဖေါက်ဖျက်ခဲ့မိရင် အနည်းဆုံးတော့ ဒုက္ခိတ, အများဆုံးကတော့ အသက်ပါပါနိုင်တယ်လေ ။
 
မျှော်လင့်ချက်မဲ့စွာ ပြုံးမိပြီး လီဟွားကျန်း အက်ရှသောအသံတိုးဖြင့်

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now