102

3.8K 547 23
                                    

 
     မြူတိုက်ကျွန်းရဲ့ မနက်ညတွေက အနည်းငယ်အေးတယ် ၊ နေထွက်လာရင် နွေးလာပါပြီ ။ ယန်းရှောင်ယောင်းကို ထူပိန်းနေတဲ့ ဂွမ်းထည်ကို ချွတ်ပေးလိုက်ပြီး အဝတ်ပါးနှစ်ထည် ထပ်ပေးလိုက်ကာ ဂွမ်း‌ဂျိုင်းပြတ်လေး ထပ်ထားပေးလိုက်တယ် ၊ အခုတော့ အခင်းထူထူ ခင်းထားပေးတဲ့ မြေပေါ်မှာ ဟိုဘက်လိမ့်လိုက် ဒီဘက်လိမ့်လိုက် လုပ်နေလေတယ် ။ ကုပိကျု က ဒီမြေးလေးကို အရိုးထိအောင်ချစ်ရှာတယ်လေ မြေးလေးကိုပါကြည့်ရင် စိတ်တွေတောင် လန်းဆန်းလာတာမို့ ရွှီလိချန်းလန်းကလည်း ဝမ်းသာမဆုံးဘူး ။ ဒီအချိန်လည်း ယွဲ့ချုံက အလုပ်လုပ်စရာမရှိတဲ့ အဖေ ပြန်သွားပြန်ပြီလေ ။ ဟုန်ရှီ ၊ဟုန်ထိုက်တို့ ဂရုစိုက်မူအပြင် အဖေနဲ့ ရွှီဦးလေးတို့ကလည်း ချစ်နေကြတော့ ယွဲ့ချုံ ကလေးချီချင်ရင်တောင် ချီချိန်အလှည့်မကျဘူး ။ ဒါပေမဲ့ သူ့မှာ မကျေနပ်တာမျိုးမရှိဘူး အကယ်၍ ရှောင်ယောင်းက အဖေ့ဘေးနားမှာနေလို့ အဖေပိုပိုကျန်းမာလာရင် သူကလေးမချီရလဲ ဘာမှမဖြစ်ဘူး။

     အချိန်တွေက လျှင်မြန်စွာပဲ လေးလပိုင်းကို ရောက်ခဲ့ပြီ ၊ ယွဲ့ချုံ က ယန်းရှကို စောင့်တာ မရောက်လာသေးပဲ သူ့အတွက်အံ့ဩစေတဲ့သူတွေ ရောက်လာခဲ့တယ် __အမေနဲ့ စာပေပညာရှင်လီကျန်းချန် နဲ့ သူရဲ့ ညီအစ်ကို နှစ်ယောက်ဖြစ်တဲ့ ရှောင်ယဲ့ကျု နဲ့ ရှောင်ကျိုးကျုတို့ဖြစ်တယ်။ သူပိုအံ့ဩရတာက ရှောင်ယောင်းရဲ့ နို့တိုက်အမေ___ သူတို့ မြို့တော်မှာ ချန်ခဲ့ရတဲ့ ကျားမဖြစ်တယ်! နောက်ဆုံးတယောက်ကတော့ သိပ်မအံ့ဩပါဘူး မြူတိုက်ကျွန်းရဲ့ နောက်ထပ် အရှင်တဦးဖြစ်တဲ့ အိမ်ရှေ့စံ ရွှီလီရှောင်ချန်း ဖြစ်တယ် ။ ဒီလူတချို့ လှေပေါ်က ဆင်းတာနဲ့ ရွှီလီရှောင်ချန်းက သူ့ ရှေ့ကို ပျံကာရောက်လာပြီး သူ့ကို ဖက်ကာ ' ချုံချုံ ' ဆိုပြီးစခေါ်တော့တယ် ၊သူ ရွှီလီရှောင်ချန်းကို မနည်းရုန်းထွက်ပြီး တွန့်ဆုတ်ဆုတ်ဖြင့် သူ့ဆရာ့ရှေ့သွားကာ လေးလေးစားစားဖြင့် ခါးကိုင်းကာ 'ဆရာ' ဟု ခေါ်လိုက်တယ် ။

    လီကျန်းချန်းက ကုယျိုးရဲ့ ရုပ်ရည်ပြောင်းထားတာသိတယ် အခု ယွဲ့ချုံလို့ ခေါ်မှန်းလည်း သိတယ် ဒါပေမဲ့ သူတို့ဆုံတွေ့ချိန်မှာတော့ အံ့ဩသွားမိတယ် ။ ခဏလောက်ငိုင်သွားပြီးမှ သူက ယွဲ့ချုံကို ပုတ်လိုက်ပြီး
တခွန်းသာ ပြောလိုက်တယ်

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now