extra 11 Unicode

2.3K 320 9
                                    


ဟုန်ရှီ ဟုန်ထိုက် အပိုင်း

    " ဒီနေ့က စပြီး မင်းတို့နှစ်ယောက်က ယွဲ့ချုံရဲ့ အနီးကပ်အစေခံပဲ ။ ဘာကိစ္စပဲရှိရှိ အချိန်မရွေး လာတင်ပြပါ "
 
    " ဟုတ်ကဲ့ပါ ဦးရီးတော် "

 " သူ့ရဲ့ လုံခြုံရေးကိုပါ သေချာကာကွယ်ပါ "

    " ဟုတ်ကဲ့ပါ ဦးရီးတော် "

  " ငါဦးရီးတော် မင်းတို့ကို သတ်ဖို့ အခွင့်အရေးမပေးကြနဲ့ "

 " ကျွန်တော်မျိုးတို့ ယွဲ့သခင်ကို အသက်စွန့်ကာ ကာကွယ်ပါ့မယ် စိတ်ထည့်ပြီး ပြုစုပေးပါ့မယ် "

 " ငါဦးရီးတော် မင်းတို့ လုပ်ရပ်ကို ကြည့်မယ် "

 " ဟုတ်ကဲ့ "
 
   ဟုန်ရှီဟုန်ထိုက်တို့က ညီအစ်ကို အရင်းမဟုတ်ကြဘူး နှစ်ယောက်လုံးရဲ့ အသက်က မတိမ်းမယိမ်းသာဖြစ်တယ် ။ အသက်ရှစ်နှစ်တုန်းက သူတို့နှစ်ယောက် ပြည်တန်ဆာဆောင်ကို အရောင်းခံခဲ့ရပြီး ဟုန်ရှီ ၊ ဟုန်ထိုက်လို့ နာမည်ပြောင်းခဲ့ရတာ ဖြစ်တယ် ။အစက ပြည်တန်ဆာဆောင်ထဲမှာ သင်ကြားခံရပြီးမှ သင့်တော်တဲ့အရွယ်မှသာ ဧည့်သည်တွေနဲ့ထိတွေ့ရမှာဖြစ်တယ် ဒါပေမဲ့ ထိုအချိန်တုန်းက ကျန်းလင်ရဲ့ လူချမ်းသာများကြား ငယ်ရွယ်တဲ့ကလေးတွေကို ကစားတာခေတ်စားနေခဲ့တယ် ။ ဟုန်ရှီ ဟုန်ထိုက်တို့ အရောင်းခံတုန်းက ပိန်တာမှ အရိုးပေါ် အရေတင်မို့လို့ ရုပ်ရည်ကကြည့်လို့မကောင်းနေတာမို့ ပြည်တန်ဆာဆောင်ထဲမှာ တနှစ်လောက်‌မွေးထားခဲ့တယ် ။ ဒုတိယနှစ်မှာ နှစ်‌ယောက်လုံးကို ကျန်းလင်ရဲ့ လူချမ်းသာ ရဲ့ လက်အောက်က မျက်စိကျပီုး ဝယ်ပြန်သွားခဲ့တယ် ။
 
    ဟုန်ရှီ ၊ ဟုန်ထိုက် က ပြည်တန်ဆောင်မှာ တနှစ်လောက် နေထိုင်ခဲ့တာမို့ မားမား(ပြည်တန်ဆာဆောင်ကအန်တီ) က သူ့တို့ကို မသင်ပြမလေ့ကျင့်ပေမဲ့ သူတို့က ဘာမှမသိတဲ့ ကလေးတွေတော့ မဟုတ်ကြတော့ဘူး ။ လူချမ်းသာ အိမ်ကို ရောက်ချိန်မှ သူတို့လို ကလေးတွေအများကြီး ထိုအိမ်မှာ ရှိနေတာကို သိခဲ့ရတယ် အသက် ဆယ့်သုံးနှစ်ကျော်တဲ့ ကလေးက အစ်ကိုကြီး ဖြစ်တယ် ။ ဟုန်ရှီ၊ ဟုန်ထိုက်ရဲ့ ရုပ်ရည်က မဆိုးတာမို့ မျက်စိကျခံခဲ့ရပါတယ် ။ အိမ်ထဲ ဝင်ပြီး သုံးရက်မြောက်မှာပင် နှစ်ယောက်လုံးက သခင်ရဲ့ အိပ်ခန်းထဲကို ဆင့်ခေါ်ခံခဲ့ရတယ် ။ နောက်နှစ်ရက်လောက်မှ အရုပ်ပျက်လိုမျိုးအထမ်းထုတ်ခံခဲ့ရတယ် ။ သခင်က သူတို့အပေါ် သိပ်မကျေနပ်တာမို့ ပြီးတော့ အိမ်တော်ထဲက ကလေးတွေလည်း များတာမို့ သူတို့ကို ထပ်မခေါ်တော့ဘူး ။
 
    အိမ်တော်ထဲ လုံခြုံရေးကို တာဝန်ယူတဲ့ ခေါင်းဆောင်က ဒီနှစ်ယောက်ကို သိုင်းကျင့်လို့အဆင်ပြေတဲ့ အရိုးအဆစ်ဆိုပြီး လူချမ်းသာထံမှာ ဒီကလေးနှစ်ယောက်ကို အသေခံသိုင်းသမားအဖြစ် ထိန်းကျောင်းဖို့ သွားပြောတော့ လူချမ်းသာ သဘောတူတယ် ။ ထိုအချိန်ကစပြီး ဟုန်ရှီ၊ ဟုန်ထိုက်တို့က ခက်ခဲ‌ပင်ပန်းစွာ သိုင်းသင်ရတဲ့ ကာလဖြစ်ခဲ့တယ် ။ အသေခံတပ်သားသည် သာမာန်အစောင့်တပ်သားမဟုတ်ပေ ၊ တောင်းဆိုမူတွေ အလွန် တင်းကြပ်တယ် နှစ်ယောက်လုံးက သိုင်းသင်ယူချိန်ကလည်း နောက်ကျတာမို့ သူတို့ မခံနိုင်တော့တဲ့ အချိန်ကျရင် ဟုန်ရှီ၊ ဟုန်ထိုက်တို့က ဖက်ပြီး အတူတူငိုခဲ့ကြတယ် ။ ဒီလို လေးနှစ်တိတိဒုက္ခခံပြီး လိဦးရီးတော် ယန်းရှက ကျန်းလင် နယ်ဆယ်နယ်ရဲ့ ရဲ့ ဦးရီးတော် ဖြစ်လာချိန်မှာ သူတို့ကို လက်ဆောင်ပဏ္ဍာအဖြစ် ရွှေငွေရတနာလှည်းယာဉ်တွေနဲ့အတူ တခြားသော သခင်လေး သခင်မလေးတွေနဲ့အတူ လိဦးရီးတော်အိမ်တော်သို့ အပို့ခံခဲ့ရတယ် ။
 
    လူချမ်းသာ က အစေခံအမည်ခံနဲ့ ဟုန်ရှီ ၊ ဟုန်ထိုက်ကို လိဦးရီးတော်အိမ်တော်သို့ ပို့ခဲ့တာဖြစ်တယ် ။ ကျန်းလင်မြို့ထဲမှာ ထိုလူချမ်းသာသည် ဂုဏ်သတင်းကြီးရုံမက အာဏာတချို့ပါရှိတာမို့ ကျန်းလင်ရဲ့ မူးမတ်တချို့တောင် သူ့ကို မျက်နှာသာ ပေးရတယ် ။ အစကတော့ သူက ကျန်းလင်မြို့မှာ လက်ညိုးညွန်ရာ ရေဖြစ်တဲ့ သခင်ဆိုပေမဲ့ အခု ကျန်းလင်ဦးရီးတော် ဆိုတာ ရုတ်တရက်တိုးလာတော့ ဒီလူချမ်းသာက ကျန်းလင်းအရှင်သခင်အသစ်နားမှာ လိုအပ်တဲ့ ကျားစေ့တွေတော့ထည့်မှ ရမယ်လေ ။ ဟုန်ရှီ၊ ဟုန်ထိုက် ရုပ်ရည်က လိမ်လိမ်မာမာလေးမို့ အသက်လည်းမကြီးတာမို့ (ဆယ်သုံးနှစ်သာ ရှိသေးသည် ) ပြင်ဆင်လိုက်ရင် စာဖတ်ဖော်နှစ်ဦးနှင့် တူလေသည် ဘယ်သူမှ သူတို့ကို သိုင်းတတ်တယ်၊ အသေခံတပ်သားပါဖြစ်တယ်လို့ သံသယမဝင်လောက်ဘူးလေ ။
 
    ဒါပေမဲ့ ဘေးကလူတောင် သတိမလွတ်ရဲတဲ့ ယန်းရှ အတွက်ဆိုရင် ပြီးတော့ ဟို ကိစ္စဖြစ်ပြီးနောက် သူက ပို သတိထည့်ထားတယ်လေ ။ ဘယ်လိုလူပဲဖြစ်ဖြစ်အိမ်တော်ထဲဝင်လို့ရတာမျိုး မဟုတ်ဘူး ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် သူ့ရဲ့ အစေခံလုပ်ခွင့်ရတာ မဟုတ်ဘူးလေ ။ လူချမ်းသာက ယန်းရှကို အထင်သေးမိလေပြီး သူ့ရဲ့ အထင်သေးခြင်းကလည်း ယန်းရှရဲ့ ဒေါသကို ထိုးဆွမိပြီလေ ။ ယန်းရှက ဆယ်နယ်စား ဦးရီးတော်ကို ဘယ်လိုလျှောက်လှမ်းခဲ့တာလဲ ? သူ့ရဲ့ ပြတ်သားခြင်းနဲ့ လက်မတွန့်ခြင်းတို့နဲ့ဖြစ်တယ် ။ ဟုန်ရှီ ၊ဟုန်ထိုက်တို့ အိမ်တော်ဝင်ပြီး ဒုတိယရက်မှာပဲ ယန်းရှက သူတို့ရဲ့အကြောင်းကို သိလေပြီ ၊ ထို လူချမ်းသာရဲ့ သဘောကိုလည်း သိနေပြီ ။

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now