မျက်ကွယ်ကရတနာ 97

4.2K 540 10
                                    

    ယန်းရှရဲ့ သံမဏိတပ်သား သုံးရာကျော်က ယန်းရှ ရောက်ချိန်တွင် အသင့်အနေအထားဖြင့် မြင်းပေါ်မှာ ရှိနေနှင့်ပြီ ။ သူ့တပ်သားများနှင့် ဆုံချိန်တွင်  ယန်းရှက ဇက်ကြိုးကို ဆွဲပြီး တပ်သားအားလုံးကို တချက်ကြည့်လိုက်ကာ ချက်ချင်းထွက်ခွာဖို့ အမိန့်မပေးပဲ မြင်းခေါင်းကို လှည့်ပြီး သူရဲ့ ကြေးတူ နှစ်လုံးကို ယန်းမော့ နဲ့ ယန်းကျွမ့်ကို အသီးသီး ခွဲပေးပြီး မြို့တော်ဘက်ကို တုတ်တုတ်မှ မလူပ်မှ မလူပ်ပဲ မြို့တော် ဘက်ကို လှမ်းကြည့်နေတော့တယ် ။

  ကုနျန်ရဲ့ တပ်တွေ အမြန်ဆုံးလိုက်လာနိုင်ပေမဲ့လည်း   ဘယ်သူမှလည်း သူ့ကို အမြန်ပြေးရအောင်လို့ ပါးစပ်ဟပြီး မလောကြပေ ၊ ဘယ်သူမှလည်း အလောတကြီး စိတ်ပူပုံလည်း မပြကြပေ ဦးရီးတော်က ဘယ်သူ့ကို စောင့်နေလဲ သူတို့သိကြတယ်လေ ။ တကိုယ်လုံး စိုရွှဲနေတဲ့ ယန်းကျင်းနဲ့ ယန်းထျဲတို့ကတော့ အဝတ်စိုကို ချွတ်ပြီး အဝတ်ခြောက်ကို လဲလိုက်ကြတယ် ။ ပြီး သူတို့နှစ်ယောက်က ရူံကျိဝမ့် နဲ့ ယန်းသုံးယန်းတို့အပါ အကြည့်ချင်း ဖလှယ်လိုက်ကြတယ် အားလုံးက အန္တရာယ်ကင်းစွာ ထွက်လာနိုင်တာမို့ စိတ်မလူပ်ရှားဘူးဆိုတာ ညာပြောတာပါ။

   တိတ်ဆိတ်နေတဲ့ ညမှာ အလောနှင်နေတဲ့ မြင်းခွာသံက သိသာနေပါတယ် ထိုမြင်းခွာသံကို ကြားရတာနဲ့ ယန်းရှက မြင်းခွာသံကြားရာ အရပ်ကို မြင်းဒုန်းဆိုင်းနှင်ပါတော့တယ် ။ ရူံကျိဝမ့်နဲ့ ယန်းသုံးယန်းတို့ အနောက်ကနေ လိုက်ပေးလေတယ် ။ လမရှိတဲ့ ညနက်မှာ ယန်းရှ ရဲ့ မျက်လုံးတစုံက ကြယ်တွေထက်တောင် လင်းနေသေးတယ် အရှေ့ဘက်မှာ မြင်းတကောင်ကို မြင်ရတာနဲ့ သူ့ရဲ့ ထွားကျိုင်းလှတဲ့ မြင်းတင်ပါးကို ကြာပွတ်နဲ့ ဝှေ့ယှမ်းကာ တဖက်သူနှင့် ကပ်လာချိန်တွင် မြင်းဇက်ကြိုးကို ရုတ်တရက်ဆွဲလိုက်တယ် ထွားကျိုင်းလှတဲ့မြင်းပင် မရပ်သေး သူက မြင်းပေါ်က ခုန်ဆင်းပြီး တဖက်သူထံ ပြေးသွားတော့တယ်။

   တဖက်သူကလည်း မြင်းဇက်ကို အမြန်ဆုံး ဆွဲပြီး ရပ်လိုက်တယ်  ၊  လူကိုအုပ်ထားမှန်းသိသာသော ဝတ်ရုံကို ဖယ်ပြချိန်ပင် မရသေး ယန်းရှက ထိုလူ့ဘေးကို ရောက်သွားလေပြီ ။တဖက်သူကလည်း သိပ်မကျေနပ်စွာ ပြောလေတယ်

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now