extra 9.2 Unicode

2.1K 330 11
                                    

လီရိူး ကုန်းဆန်း အပိုင်း ၁ .၂

      " အစ်, အစ်ကိုကြီး..."

  ရူံကျိဝမ့်ရဲ့ မျက်ရည်တွေနှပ်တွေ တခဏချင်း ထွက်လာလေတော့တယ် ။ ကျိုးကုန်းဆန်းက တကိုယ်လုံးတုန်ရီစွာနဲ့ ရူံကျိဝမ် ပါးစပ်ထဲက အစ်ကိုကြီးကို ကြည့်နေတယ်၊  ထို၊ထိုလူက .... မျက်လုံးစိမ်းစိမ်းနဲ့  တကိုယ်လုံးနီးပါး အဝတ်မရှိတော့တဲ့ အံ့ဩ‌လန့်ဖြန့်‌တဲ့မျက်နှာနဲ့ လီရိူးကို တချက်ကြည့်လိုက်ပြီး ဘာတခွန်းမှမပြောပဲ ရူံကျိဝမ့်ရှေ့ သွားလိုက်ကာ လက်ထဲက ဓါးကြီးနဲ့ ခုတ်ချလိုက်ရာ ရူံကျိဝမ် ကိုယ်ပေါ်က သံကြိုးတွေ ပြတ်သွားတယ် ။
 
     " သွားမယ် "

တိုတိုပြတ်ပြတ်သာ ပြောပြီး ထိုလူ ကိုယ်ကိုလှည့်ပြီး သွားဟန်ပြင်သည်။

   " အစ်ကိုကြီး ! "
   ရူံကျိဝမ့် သူ့အစ်ကိုကြီးကို ဆွဲထားလိုက်ပြီး လီရိူးနဲ့ကျိုးကုန်းဆန်းကို လက်ညိုးထိုးပြကာ
  " သူတို့က စာတတ်ပေတတ်သမား‌ပါ ! သူတို့ စာဖတ်တတ်တယ် ! "
   သူ့ အစ်ကိုကြီးက အသုံးဝင်သူကိုပဲ လိုအပ်တယ် ။
 
    ရူံကျိဝမ့် ထက်နောက်တဆမကကို ထွားကြိုင်းသော အမျိုးသားက ကျိုးကုန်းဆန်းကို မျက်ထောင့်ကပ်ကြည့်လိုက်တယ် ရူံကျိဝမ့်က အမြန်ထပ်ပြောတယ်
  " ငါ့ကို အထဲမှာ သူတို့တွေ စောင့်ရှောက်ပေးတာ "
 
    ဓါးကြီး မြှောက်လာတယ် ၊ ကျိုးကုန်းဆန်းကိုယ်ပေါ်က သံကြိုးတွေလည်း ပြတ်သွားပြီ ။ ပြီးတော့ အစ်ကိုကြီးဆိုတဲ့ လူက သူကိုယ်တိုင်ရဲ့ အပေါ်ထပ်ကို ချွတ်ပြီး လီရိူးကိုယ်ပေါ် ပစ်ပေးလိုက်ကာ
  " သွားမယ် "

   ပြောပြီးတာနဲ့ အချုပ်ခန်းထဲက ထွက်သွားတော့တယ် ရူံကျိဝမ့်နဲ့ ကျိုးကုန်းဆန်းက ခြေထောက်တွေပျော့နေတဲ့ လီရိူးကို အမြန်ထူပေးလိုက်ပြီး အပေါ်ထပ်ကို အမြန်စွပ်ပေးလိုက်ကာ လီရိူးကိုယ်တိုင်ရဲ့ ပြဲနေပြီးဖြစ်သော ဘောင်းဘီကို စွပ်ပေးလိုက်ပြီးနှင့် ထိုအမျိုးသားနောက် ထိုးထိုးတိုက်တိုက်ဒယိမ်းဒယိုင်ဖြင့် ပြေးလိုက်ကြလေသည်။
 
   တလမ်းလုံးမှာ ၊ အချုပ်ခန်းထဲက အချုပ်သားတွေ အားလုံးက ထို လူသန်မာကို သူ့တို့ကို ကယ်ပါ အော်ကြတယ် ။ ထိုလူကတော့ ခြေလှမ်းခပ်သွက်သွက်ဖြင့်သွားနေပြီး တချက်မှပင် ရပ်မကြည့်တော့ပေ ။ အချုပ်‌ထောင်တံခါးဝ‌ရောက်ချိန် တံခါးဝဘေးမှာ ထောင်ထားတဲ့ ဆီတဘုံးကို 'မ'ကာ အချုပ်ထောင်အတွင်းသို့လောင်းကာ မီးတုတ်ပစ်ထည့်လိုက်တယ် ။ ထိုလူက သွေးအေးအေးဖြင့် ရူံကျိဝမ့်တို့ သုံးယောက်ကိုသာ ‌အချုပ်ခန်းကနေ ခေါ်ထွက်သွားတယ် ။ သူတို့တွေ ကြောက်လန့်စွာ အော်နေသော လူများကို နောက်လှည့်ပြီး မကြည့်ရဲဘူး၊ ထိုထဲမှာ သူတို့ သိတဲ့သူတွေဇာတိခံတွေပါတယ် လီရိူးနဲ့ ကျိုးကုန်းဆန်း တို့က ကိုယ့်ကိုယ့်စိတ်မာအောင်လုပ်ပြီး ထိုလူနဲ့အတူ ထွက်ခွာလိုက်တယ် ။ ထို့အတူ သူတို့နှစ်ယောက်လည်း ကျောချမ်းမိကြတယ် အကယ်၍ ရူံကျိဝမ့်နဲ့သာ မဆုံခဲ့လျှင် သူတို့လည်း အချုပ်ထောင်ထဲက တခြားသူတွေလိုပဲမီးရိူ့ခံရမလားပဲ ။
 
   တံခါးဝက အစောင့်တပ်သား ဆယ်ယောက်ကျော် အားလုံး သေနေကြပြီ။ ကျင်းရန်မြို့ တရားရုံးတခုလုံး တိတ်ဆိတ်နေတယ် ဖန့်အိမ်ကနံပါတ်သုံးသခင်လေးကို သွားရှာတယ်  လူဆိုးထိန်းများ ပြန်မလာကြသေးဘူး ။ မျက်လုံးစိမ်းနဲ့ အမျိုးသားက သူတို့ကို တရားရုံးရဲ့ ပင်မတံခါးမကြီးကနေ ခေါ်မထွက်သွားဘူး၊ ဘယ်ကွေ့ ညာကွေ့နဲ့ သွားနေပြီး လမ်းအပိတ် တခုရောက်ချိန်တွင် နံရံပေါ်  သူအရင်ခုန်တက်သွားကာ ရူံကျိဝမ့်ကို ဆွဲတက်လိုက်တယ်၊ ပြီးမှ ကျိုးကုန်းဆန်းနဲ့ လီရိူးကိုပါ ဆွဲတက်လိုက်တယ် ။ ပြီးမှ နံရံရဲ့နောက်တဖက်ကိုအားလုံးခုန်ချလိုက်ပြီး   လမ်းသွယ်ထဲမှာ အတော်ကြာပတ်လျှောက်လိုက် ခြံဝင်းနံရံကျော်လိုက်ဖြင့် နောက်ဆုံး အိမ်တအိမ်ရဲ့ ဘေးဝင်းတံခါးတခုကနေ ထွက်လာခဲ့ကြတယ် ။
 
    တံခါးအပြင်မှာ အမိုးမပါတဲ့မြင်းလှည်း တစီးရှိပြီး ရူံကျိဝမ့်က လီရိူးနဲ့ ကျိုးကုန်းဆန်းတို့ကို ထူပြီးတက်စေလိုက်ပြီး ရူံကျိဝမ်ပါ တက်သွားတယ် ။ ပြီးနောက် လှည်းဘေးက ရင့်ကျက်ပုံရသော ကလေးနှစ်ဦးက လှည်းပေါ်ကို ပိတ်အိတ်တွေ တင်တော့တယ် ၊ ထိုပိတ်အိတ်ထဲတွင် မြက်တွေပါတယ် ၊ မြင်းချီးတွေပါတယ် ၊ သုံးယောက်သား မအောင့်နိုင်ပဲ နှာခေါင်းပိတ်မိကြတယ် သူတို့ကိုယ်ပေါ်မှာ အိတ်တွေ ပြည့်သွားမှ အစ်ကိုကြီးဆိုတဲ့သူ ပြောသံကြားတယ်

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now