103 🔥🔥🔥 ပြင်းထန်သော 🔥ပါလို့ သတိထားပေးပါ

5.3K 536 35
                                    


ယွဲ့ချုံက ကျားနို့ ကို ဘယ်လိုလုပ်တကယ်သွားညှစ်မှာလဲ ၊ သူက ခြံဝင်းထဲ သွားပြီး လေသွားရူတာပါ ။ လက်ညိုးလေးချိုးပြီး တွက်မိရင် ယန်းရှနဲ့ ခွဲခွာတာ သုံးဆယ့်တစ်ရက်ရှိခဲ့ပြီ ယန်းရှ တို့ဘက်က အခြေအနေ ဘယ်လိုရှိပြီလဲ မသိဘူး အကုန်အဆင်ပြေလောက်မှာပါ ။ သူ ခြံထဲမှာ ငိုင်နေမှန်းသိတော့ လိုက်လာခဲ့တဲ့ ဟုန်ရှီ ဟုန်ထိုက်က ယဲ့လျှံနဲ့ တင့်ကျိုကို လှမ်းဆွဲလိုက်ပြီး လေးယောက်သား တိတ်တိတ်လေး ဆုတ်ထွက်သွားတော့တယ် ။

 ယွဲ့ချုံက ယန်းရှကို သတိရနေချိန်တွင် ( သူဝန်မခံပေမဲ့လည်းပေါ့ ) , ယန်းရှရဲ့ ယာယီပိတ်စတဲထဲမှာလည်း ညတိုင်း မီးလင်းနေတယ် ။ စစ်ပွဲတောက်လျှောက် အလွန်အဆင်ပြေပြီး မြူတိုက်ကျွန်းက ရေတပ်သားတစ်သိန်းနှစ်သောင်းကြောင့် ယျိုးနိုင်ငံ ပျက်စီးဖို့ကို ပိုမြန်သွားစေတယ် ။ ကိုယ်တော်တိုင် ဝင်တိုက်တဲ့ ကုယျိုးမှာလည်း ကျားတံဆိပ်တုံးပျောက်သွားတဲ့ အခြေအနေမှာ ခုခံရတာပင် အတော်ခက်ခက်ခဲခဲ ဖြစ်တယ် ။ ကုနျန်က အတိုင်ပင်ခံ ရင့်ချွမ်းနဲ့ စစ်သူကြီး စူးမားကျွေးထံမြို့တော်ကို အသေခံစောင့်ဖို့ မိန့်မှာကြားကာ အပ်ခဲ့ပေမဲ့လည်း ကိစ္စအားလုံးက ကုနျန်တွေးထားသလို မဖြစ်လာခဲ့ဘူး ။

 သူက တစ်သိန်းသုံးသောင်းသော တပ်မကြီးနဲ့အတူ မြို့တော်က ထွက်ခွာပြီနောက် စူးမာကျွေး က မြို့တံခါးကို တင်းကြပ်စွာပိတ်ပြီး တမြို့လုံးကို အစောင့်တပ်ချလိုက်တယ် ။ စစ်သူကြီး အမိန့်ပြား ၊ ယျိုးဘုရင်ရဲ့ တံဆိပ်ထုထားသောအမိန့်စာ နဲ့ ကျားတံဆိပ်တဝက်နဲ့အတူ ကုနျန်ကို တော်လှန်ပုန်ကန်သူအဖြစ် အမည်တပ်ပြီး ယျိုးဘုရင်အတွက် ဂလဲ့စားချေမည်ဆိုကာ ကုနျန်ရဲ့ လူယုံတွေအားလုံးကို သတ်လိုက်ပြီး မြို့တော်ကို ထိန်းသိမ်းလိုက်တယ် တခုပဲ သူမကျေနပ်တာက နိုင်ငံတော်အတိုင်ပင်ခံရင့်ချွမ် ပြေးရှောင်လေပြီ ။ ဒီသတင်းကို ကြားတဲ့ ကုနျန်က ရူးသွပ်နေသလို အားလုံးကို အော်ဆဲနေရုံကလွဲ၍ တခြားနည်းလမ်းမရှိတော့ပေ ။ စူးမာကျွေးကလည်း အစကတည်းက အစီအစဉ်ရှိတာကြောင့် နောက်ကြောင်းပြန်မလှည့်နိုင် , လမ်းတောက်လျှောက်က ယန်းရှရဲ့ တပ်များရှိတာကြောင့် ကုနျန်က သူ့ရဲ့ တပ်ကို ကျယ်ရင့်ကျုံနဲ့ မပေါင်းရင် မရတော့ဘူး ပြီးမှ တော်လှန်ရေးကိစ္စကို ဖိနှိပ်ဖို့ တိုင်ပင်ကြရမှာဖြစ်တယ် ။

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now