106

5.1K 634 101
                                    


      ရူခင်းတွေလှလွန်းတဲ့တောင်ကြားတနေရာမှာ , လူတယောက် အကျင့်ပါပြီး မုတ်ဆိတ်သပ်မိလေသည်။ ထိုအချိန်မှ မုတ်ဆိတ်တုက သူ့သူဖြုတ်ချထားတာကို သတိထားလိုက်မိတယ် ။ ပြောင်နေတဲ့ မေးစေ့က သူ့ကို အသားမကျနေစေဘူး ။ ကလေးမျက်နှာ ဖြစ်နေတာမို့ အိုမအိုမသိနိုင်ပဲ အသက်အရွယ်ခန့်မှန်းရခက်တယ် ၊ သူ က ခိုးလာတဲ့ အရက်ကို သောက်နေပြီး လက်ထဲက မက်မုံသစ်သားဘူးကို ကြည့်နေတယ် ဘူးထဲမှာရှိတဲ့ ဖြူနှစ်လင်းလက်ကာ လိုင်ချီးနဲ့ တူသော သစ်သီးလေးကိုစိုက်ကြည့်နေပြီး  ဒီအရာကို ပေးထုတ်ရမလား မပေးရဘူးလား တွေဝေနေတယ် တော်တော်ကြာစဉ်းစားပြီးမှ သူ အဖုံးဖုံးလိုက်တယ် ဒီတခုနဲ့ သူ့ကို အသက်တဝက်လောက် လန့်‌ပျောက်အောင် လုပ်သွားတဲ့ ကောင်စုတ်လေးကို ဆုံးမဖို့ ဆုံးဖြတ်လိုက်တယ် ။ ခပ်ဝေးဝေးက သူ့ကိုကြည့်နေတဲ့ ‌ကျောက်ပေါက်ရာအပြည့်နဲ့ အမျိုးသားရဲ့ မျက်နှာတွေ လူပ်သွားသလိုပဲ ၊ မသေနိုင်တဲ့ဒီအဖိုးအိုက ဘယ်သူ့ကို ချောက်ချအုံးမှာလဲ ?

   မိုးကောင်းကင်မှာ ငှက်တချို့ ပျံသန်းသွားတယ် ဆောင်းဦးမှာတိုက်တဲ့ လေက ‌လူကိုပျင်းရိစေတယ် ။ ကလေးမျက်နှာနဲ့ အမျိုးသားက ပျင်းရိစွာဖြင့် ကျောက်တုံးကြီးပေါ် လှဲနေပြီး ခြေထောက်‌ချိတ်ထားကာ ပါးစပ်ထဲမှာ သံစဉ်ညည်းနေသေးတယ် ။ ရာသီဥတုမဆိုးဘူး ၊ နှစ်သစ်ကူးခါနီးမှ မြို့တော်ပြန်တော့မယ်လေ ။ ဒီနှစ်မှာတော့ ကောင်စုတ်လေးက နန်းတော်ထဲမှာရှိမှာပဲ ၊ သူ နှစ်မျောစေတဲ့ အကကို သူပြန်ကြည့်ရတော့မှာပဲ ။ အကကတာကြိုက်တဲ့ ဘုရင်က ဘုရင်မကောင်းဘူးလို့ဘယ်သူပြောတာလဲ ? သူ အမတ်ဆိုးလုပ်ပြီး ခိုးစားခိုးသောက်‌လုပ်နေတဲ့ လူတောင် အဲ့ကောင်စုတ်လေး အကမြင်ပြီး အဲ့ကောင်စုတ်လေးအပေါ် ကျေကျေနပ်နပ် လုပ်ပေးချင်တယ် ( မကြည့်ဖူးကတည်းက ကျေကျေနပ်နပ်ပဲကိုး ) ကောင်စုတ်လေးရဲ့ အက ကိုကြည့်ဖူးတဲ့ သူတိုင်း သူ့ကို နှစ်သက်သွားတဲ့သူနဲ့ မဟုတ်ရင် သူ့အတွက် စိတ်တိုင်းကျအောင် လုပ်ပေးကြသူများနဲ့ ။ အက ၊ အကကလည်း တိုင်းပြည်ကို ထိန်းနိုင်တယ် !

 "ဟူး! နှမြောစရာပဲ , အဲ့ဒီဝက်ဝံက ဘာများကောင်းလို့လဲ "
 ကလေးမျက်နှာနဲ့လူက တဝါးဝါးသန်းလိုက်ပြီး ထားလိုက်တော့ ထား‌လိုက်တော့ ၊ အဲ့ကောင်စုတ်လေး ကြိုက်တယ် ဆိုလဲ ငါလည်း ဖြစ်ညှစ် ကြိုက်ပေးရမှာပေါ့ ။ ပြီးတော့ အဲ့ဒီ ဝက်ဝံလိုယောက်ျားက ကောင်စုတ်လေးကို ချစ်စရာကောင်းတဲ့ ကလေးလေးကို မွေးစေတဲ့အတွက် လူကြီးကလူငယ်ကို ခွင့်လွှတ်ရမှာပေါ့ အဲ့ဒီဝက်ဝံက ကောင်စုတ်လေးကို နှစ်အကြာကြီးဝှက်ထားတဲ့ အပြစ်ကို ခွင့်လွှတ်ပေးရမှာပေါ့ ၊ မဟုတ်ရင် ငါ အလွယ်တကူတော့ အဲ့ဝက်ဝံ့ကိုအလျော့‌မပေးနိုင်ဘူး ။ ဒါပေ့မဲ့ ဒီတခေါက်တော့ မှင်စာလေးက သူ့နဲ့ သိုင်း သင်ကိုသင်ယူရမယ် သူ့အဖေလို မျက်လုံးဝိုင်းနဲ့ စိုက်ကြည့်တောင် လုံးဝစိတ်မပျော့စေရဘူး !
 
ဇာတ်သိမ်းပိုင်း

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now