extra 13 Unicode

3K 248 15
                                    


Title:《藏妖》cangyao မျက်ကွယ်ကရတနာ
Author :neleta
Translator : May Tulips

    မျက်ကွယ်ကရတနာ ဘာသာပြန်စာအုပ်လေး ပြီးဆုံးပါပြီ ပုံပြင်လေးထဲက အားလုံးနားလည်ချင်နေကြတဲ့ နေရာလေးတွေကို ပုံပြင်လေးထဲက အဓိက‌ဇတ်ဆောင်များနှင့် သတင်းထောက် neleta (နီနီ) ကချိန်းပြီး တွေ့ဆုံမေးမြန်းပေးပါမယ် ၊ သူတို့ကို ထိုနှစ်တွေက အားလုံးရှေ့မှာ မချပြခဲ့တဲ့ ကိစ္စများကို ပြောခိုင်းကြည့်ပါမယ် ။

 ပထမပိုင်း : အဓိကဇာတ်ဆောင်ကို မေးမြန်းခြင်း
   
 ၁. ယွဲ့ချုံသခင်လေး မေးပါရစေ , အာ , အခု အရှင်ကျွင်းဟုန်လို့ခေါ်ရမှာပဲ ။ အရှင်ကျွင်းဟုန် ကို မေးပါရစေ သင် ယန်းရှနဲ့ ဆုံပြီး ဘယ်လောက်အကြာမှာ အတင်းရယူခံလိုက်ရတာလဲ ?

 ပရိသတ်များ : ဝါးးးး!

 ယွဲ့ချုံရဲ့ မျက်နှာ ချက်ချင်းနီသွားပြီး ယန်းရှရဲ့ မျက်နှာကတော့ ချက်ချင်းမည်းသွားတယ်။ ယွဲ့ချုံ တုံ့တုံ့ဆိုင်းနဲ့ ပြောတယ်
   " နှစ်သစ်ကူးအဲ့တုန်းက .... အင်း , အမှန်တော့ , အဲ့လို,ပြောလို့မရဘူး , ငါ့ကိုယ့်ကို ,  ထင်တာပါ "

   ၂. အသေးစိတ်လေး ပြောပြပေးလို့ရမလား ? ဒီနေ့ရဲ့ ဖုံးကွယ်ရမဲ့ အပိုင်းတွေကို ကိုယ်တို့က အသံဖျောက်ထားပေးပါမယ်၊ သူများတွေ မကြားစေရပါဘူး ၊ အရှင်ကျွင်းဟုန် စိတ်ချစွာပွင့်ပွင့်လင်းလင်းပြောပါရှင့် ၊ ဒါကလည်း သင်နဲ့ ဘုရင်နဲ့ နားလည်မူလွဲတာတွေ ဖြေရှင်းဖို့ အခွင့်ကောင်းပဲပေါ့ ။

 ယန်းရှ မဖြေချင်ပေမဲ့လည်း နီနီက ဒီလို ပြောနေမှတော့ သူလည်း သည်းခံလိုက်တယ်လ။ ယွဲ့ချုံ ခေါင်းကို ငုံ့ပြီး စိတ်လူပ်ရှားစွာဖြင့် ယန်းရှရဲ့ လက်ညိုးထိပ်ကို ကစားနေပြီး တော်တော်ကြာမှ ပြောတယ်
   " သူက ငါ့ကို ထမ်းပြန်ပြီတာနဲ့ ငါက သူနဲ့ အတူနေနေပြီးပြီ ။ သူက သူရဲ့ကုတင်ကို ငါ့ကိုပေးလိုက်တယ် ၊ ပြီးမှ သူကိုယ့်ကို ကုတင်တခု ထပ်ဆင်လိုက်တယ် ။ ငါက အလကားစား အလကားနေရတာ အား‌နာနေလို့ ကိစ္စလေးတွေ ကူညီလုပ်ပေးချင်တာ ၊ ဒါပေမဲ့ ငါ ဘာမှမလုပ်တတ်လည်း သူက စိတ်မဆိုးတတ်ဘူး ငါ့အစား လုပ်ပေးသွားတယ် ၊ အင်း ....အကုန်လုံးနီးပါး သူလုပ်ပေးတာ "

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now